Friday, February 20, 2015

ဧရာဝတီသပိတ်စစ်ကြောင်း ရပ်နားထားသော်လည်း သပိတ်စခန်းများဖွင့်ကာ ဆက်လက် သပိတ်မှောက်မည်

ပုသိမ်၊ ဖေဖော်ဝါရီ ၁၈

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ပေးရန်အတွက် သပိတ်မှောက်နေသည့် ဧရာဝတီသပိတ် စစ် ကြောင်းကို ရပ်နားလိုက်ပြီဖြစ် သော်လည်း ယင်းဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းအား လွှတ်တော်၌ အတည်မပြုမချင်း သပိတ်စခန်းများဖွင့်၍ ဆက်လက် သပိတ်မှောက် သွားမည်ဖြစ်ကြောင်း ဧရာဝတီ သပိတ်စစ်ကြောင်း ခေါင်း ဆောင် တစ်ဦးဖြစ်သူ ကိုအောင်အောင် ကျော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဧရာဝတီသပိတ်စစ်ကြောင်း အနေဖြင့် ရန်ကုန်သို့ချီတက်ရာမှ ကျောင်းသား များ တောင်းဆိုထား သည့် အချက် ၁၁ ချက်ကို ဥပဒေကြမ်းရေး ဆွဲ၍ ပြင်ဆင်နေသည့်အတွက် သပိတ်စစ်ကြောင်း စတင်ထွက်ခွာရာ ပုသိမ်မြို့ သို့ ပြန်လှည့် သွားပြီးနောက် ယခုကဲ့သို့ သပိတ်စခန်းဖွင့်၍ ဆက်လက် သပိတ်မှောက်ရန် စီစဉ်လိုက်ခြင်းဖြစ် သည်။…

““ကျွန်တော်တို့ ဧရာဝတီ သပိတ်စစ်ကြောင်းကို ခေတ္တရပ် နားထားပါတယ်။ ဒါပေမဲ့ သပိတ်ကတော့ ဆက် မှောက် ထားဦးမှာပါ။ မအူပင်မှာ သပိတ်စခန်း (၁)ခု၊ ပုသိမ် မှာ သပိတ်စခန်း(၁)ခုနဲ့ သက်ဆိုင်ရာတက္ကသိုလ် တွေမှာ သပိတ်စခန်းတွေဖွင့်လှစ်ပြီး ကျောင်းသားသမဂ္ဂ အလံလွှင့်ထူ သပိတ်မှောက် ထားဦးမှာပါ။ အမျိုးသား ပညာရေး ဥပဒေမူကြမ်း အတည်မပြုမီအထိပေါ့။ အတည်ပြုပြီးမှ သပိတ်လှန်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဥပဒေမူ ကြမ်းကို အတည်ပြုဖို့အတွက် လွှတ်တော်ကလည်း တစ်လထက်ပို မကြာသင့်ပါဘူး။ ဒီ့ထက်ပိုကြာသွားရင် တော့ ကျွန်တော်တို့သပိတ်စစ်ကြောင်းက ဒီ့ထက် ပိုမိုပြင်းထန်တဲ့ လှုပ်ရှားမှုမျိုး ပြုလုပ်သပိတ်မှောက် သွားမှာ ပါ””ဟု သပိတ်စစ်ကြောင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်အောင်ကျော် က ပြောသည်။

ယင်းသို့ သပိတ်စခန်းဖွင့်၍ ဆက်လက်သပိတ်မှောက်ရန် အများ သဘောတူညီချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ သပိတ်မှောက် ကျောင်းသား များအနေဖြင့် သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကျောင်းသားများတောင်းဆို ထားသည့် အချက် ၁၁ ချက်နှင့် သပိတ်မှောက်ရခြင်း အကြောင်း၊ ကျောင်းသား သမဂ္ဂဖြစ် တည် ပုံနှင့်သမိုင်းကြောင်း၊ ကျောင်းသားသမဂ္ဂတည်ရှိခြင်းနှင့် အကျိုးကျေးဇူးစသည့် အကြောင်းအရာ များကို ရှင်း လင်းပြောကြားကြ မည် ဖြစ်သည်။

““ဒီဥပဒေကို ပြီးဆုံးချိန်အထိ စောင့်မယ်။ သို့သော်လည်း ဒီကြားထဲမှာပဲ လက်မခံနိုင်စရာအကြောင်း တစ်စုံ တစ်ရာ ဖြစ်တယ်ဆိုရင်တော့ သပိတ်တွေ ပြန်စမှာ ဖြစ်ပါတယ်””ဟု ဧရာဝတီသပိတ်စစ်ကြောင်း ၏ ပြောရေးဆို ခွင့်ရှိသူ ကိုဝေယံအောင်က ပြောသည်။

ဧရာဝတီသပိတ်စစ်ကြောင်း သည်ဇန်န၀ါရီ(၃၀)၊(၃၁)ရက်များ တွင်ပုသိမ်မြို့တွင်းနှင့် တက္ကသိုလ်များသို့ ချီ တက်ဟောပြော သပိတ်မှောက်ခဲ့ကြပြီး ဇန်န၀ါရီလ(၁)ရက် နေ့တွင် ကျင်းပသည့် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ အပေါ်တွင် ကျေနပ်မှု မရှိသဖြင့် ဇန်န၀ါရီလ(၃)ရက်နေ့ တွင် ပုသိမ်မြို့မှ စတင်ထွက်ခွာလာ ရာကန်ကြီးထောင့်၊ ဒါးက၊ ကျောင်း ကုန်း၊ ပန်းတနော်၊ ညောင်တုန်းမြို့ များမှတစ်ဆင့်လမ်းလျှောက်ချီတက် သပိတ်မှောက်ကြကာ ဇန်န၀ါရီ လ(၇)ရက်နေ့တွင် မအူပင်မြို့သို့ ရောက် ရှိခဲ့သည်။ မအူပင်မြို့တွင်းနှင့် တက္ကသိုလ်များသို့ လှည့်လည် ဟောပြောခဲ့ပြီး ဇန်န၀ါရီလ(၉)ရက် နေ့တွင် ကျင်းပသည့် ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပွဲကို စောင့်ကြည့်ကာ မအူပင်မြို့မှတစ်ဆင့် ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး မြို့များသို့ ဆက်လက်ချီတက်ခဲ့ကာ ပုသိမ်မြို့သို့ ဖေဖေ၀ါရီလ(၁၈) ရက်နေ့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိခဲ့သည်။

ဧရာဝတီ သပိတ်စစ်ကြောင်းချီတက်ရာလမ်းတစ်လျှောက် ကြိုဆို အားပေးထောက်ခံသူများများ ပြားခဲ့ပြီး တိုင်း ဒေသကြီးအစိုးရ အဖွဲ့ကလည်း တိုင်းဒေသကြီး အတွင်းလှည့်လည်ခွင့်ပေးခဲ့ကာ အလှူငွေများ လှူဒါန်း သွားခဲ့သည်။ ချီတက်ရာ လမ်းတစ်လျှောက်တွင် ကြီးမားသော ပိတ်ပင်တားဆီးမှုများ မကြုံတွေ့ရသော်လည်း ဧရာဝတီတိုင်းဒေသကြီး နယ်စပ်မြို့ဖြစ်သော ဒေးဒရဲမြို့နှင့် ရန်ကုန်တိုင်း ဒေသကြီးနယ်စပ်မြို့ ဖြစ်သော ကွမ်းခြံကုန်းမြို့ကြားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခုမှ တစ်ခရိုင်လျှင် ရဲအင်အား(၅၀)ခန့်နှင့် ရန်ကုန်တိုင်းအတွင်းမ၀င် ရောက်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။

ရဲရင့်ထွန်း (ပုသိမ်)၊ ဇော်နိုင်ဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment