ကချင်၊ ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ်အတွင်းရှိ ထောင်ချီနေသော ဘိန်းခင်းများကို လူထုအစီအစဉ်နှင့် ဖျက်ဆီးမှုကို ဖေဖော်ဝါရီ (၁၃) ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း လူထုအခြေပြု မူးယစ်ဆေးဝါးတိုက် ဖျက်ရေး ကော်မတီမှ ဦးအင်ခွန်တန်ဂွန်း က မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။
ကချင်ပြည်နယ်ရှိ တလုံ၊ တ၀မ်ချောင်း၏ အထက်ဘက်နှင့် အောက်ဘက်တွင်ရှိ သည့် ထောင်ချီနေသော ဘိန်း ခင်းများကို လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီနှင့် ပြည်သူလူထုတို့က ဖျက် ဆီးနေခြင်း ဖြစ်သည်။
လူထုကိုပညာပေးမှုပြုလုပ်ပြီးမှ ယင်းသို့ဖျက်ဆီးနိုင်ခြင်းဖြစ်ကြောင်းကို ဦးအင်ခွန်တန်ဂွန်းက ““၂၀၁၄ မှာတော့ လူထုကို ပညာပေးတဲ့အပိုင်းကို လုပ်ခဲ့တယ်။ ၂၀၁၅ မှာမှ လက်တွေ့စဖျက်တာပါ””ဟု မြန်မာ သံတော်ဆင့် သို့ ပြောသည်။…
ဘိန်းခင်းဖျက်ဆီးရာတွင် အနှောင့်အယှက် အဟန့်အတား အချို့ရှိခဲ့ကြောင်းကို ဦးအင်ခွန်တန်ဂွန်း က““တနိုင်း မှာ အစည်းအဝေးလုပ်ပြီးတဲ့ အချိန်မှာ တနိုင်းဒစကဘက်က ပစ်စာတွေလုပ်တယ်။ နောက်ပြီး စက်လှေတွေ၊ ကုန်တွေ၊ ဆန်၊ ဆီ၊ ဆား တွေပိတ်ဆို့တာတွေ ရှိလာတယ်။ ပစ်စာထဲမှာ KIA ကချင်အဖွဲ့မူးယစ်ဆေးဝါးတိုက် ဖျက်ရေး ဗန်းပြပြီး လူအင်အားစုဆောင်း တာတွေ၊ နောက်ပြီး အခွန်ကောက်တာတွေ အဲ့လိုမျိုးအဖျက် လုပ်ငန်း တွေကို လုပ်ဆောင်နေပါတယ်။ အဲဒါကြောင့် အထူးသဖြင့် မှော်ဒေသတွေမှာ ဒီလိုမျိုးဖြစ်နေတဲ့အတွက် ကြောင့် သူတို့စစ်တပ်ရဲ့ လှုပ်ရှားမှုသည် စစ်ဆင်ရေးတွေလုပ်ဆောင်မှာ ဖြစ်တယ်။ မမျှော်လင့်ဘဲနဲ့ ပြည်သူ လူထုရဲ့ဆုံးရှုံးမှုတွေ မဖြစ်စေဖို့ အားလုံးထွက်လာရန် အဲ့လိုမျိုး တွေပါတယ်””ဟု ပြောကြားသည်။
ဘိန်းခင်းဖျက်ဆီးမှုများတွင် အစိုးရ ရော၊ ကေအိုင်အေ၏အကူအညီပါရယူခြင်း မရှိဘဲ လူထုအစီအစဉ် သက် သက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း တနိုင်းဒေသခံ လူထုမူးယစ် တိုက်ဖျက်ရေးကော်မတီနှင့် ဘိန်းခင်းများ ဖျက် ဆီးရေးတာဝန် ယူထားသူ ဦးနော်တောင်က ပြောသည်။
ပြည်တွင်းစစ်ဘေးဒဏ်ကို ခံစားနေရသည့် ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ရောင်းဝယ်သူ များကြောင့် အချုပ်ခန်းများပြည့်နှက်နေကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ၂၀၁၄ အောက်တိုဘာလ အတွင်း ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှုများကို ယခုနှစ်ပိုင်အတွင်း တင်းတင်း ကျပ်ကျပ် ဖမ်းဆီးမှုကြောင့် အချုပ်ခန်း များပြည့်နှက် လာရခြင်းဖြစ်ပြီး တစ်နေ့လျှင် ၇ဦးမှ ၁၅ ဦးနှုန်းအထိ ဖမ်းဆီးနေရကြောင်း ၎င်းက ဆိုသည်။
အချုပ်ခန်းများတွင် အချုပ်သားများ ထပ်မံထည့်သွင်းရန်ပင် အခက်အခဲ ရှိနေသဖြင့် ဖားကန့်ဒေသတွင် အချုပ် ခန်းများကို တိုးချဲ့တည်ဆောက်ရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။
ယုဖြူဟန်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment