Wednesday, February 18, 2015

မြန်မာ့ အကောက်ခွန်နှုန်းကို အာဆီယံစည်းဝါးညီစနစ် အခြေခံ၍ ပြင်ဆင်ရန် အကောက်ခွန်ဌာန စီစဉ်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ အကောက်ခွန်နှုန်းကို အာဆီယံဒေသတွင်း အကောက်ခွန်အမည် စနစ်ပေါ် အခြေခံကာ ပြင်ဆင်ရန် မြန်မာ့ အကောက်ခွန် ဦးစီးဌာနက ဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Continer-1
အေးရှားဝေါလ် ဆိပ်ကမ်းအတွင်း သွင်းကုန်များကို အခွန်စည်းကြပ်ရန် စစ်ဆေးနေသည်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) မြန်မာနိုင်ငံတွင် အာဆီယံဒေသတွင်း ကုန်စည်အမျိုးအမည်နှင့် အကောက်ခွန်နှုန်း တစ်ပြေးညီဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။



အကောက်ခွန်နှုန်းထား ပြင်ဆင်ဆောင်ရွက်ရေးအတွက် ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သော ငါးကြိမ်မြောက် အာဆီယံဒေသတွင်း ကုန်စည်အမျိုးအမည်နှင့် အကောက်ခွန်နှုန်း တစ်ပြေးညီ သတ်မှတ်ရေးဆိုင်ရာ အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ထိုသို့ပြင်ဆင်ခြင်းကို ၂ဝ၁၂- ၁၇ အထိ ကျင်းပခဲ့သော အာဆီယံဒေသတွင်း ကုန်စည်အမျိုး အမည်နှင့် အကောက်ခွန်နှုန်း တစ်ပြေးညီ သတ်မှတ်ရေးဆိုင်ရာ အစည်းအဝေးများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံးက ပြန်လည်သုံးသပ်ပြင် ဆင်သုံးသပ်ချက်အပေါ် အခြေခံကာ ပြင်ဆင်သွားမည်ဟု ဖော် ပြထားသည်။ ပြင်ဆင်ရာတွင်လည်း မြန်မာ့ အကောက်ခွန်နှုန်း ၂ဝ၁၇ အဖြစ် ကျင့်သုံးဆောင်ရွက်သွားမည် ဟု အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ထို့အတူ အာဆီယံဒေသတွင်းနိုင်ငံများသည် ကုန်ပစ္စည်းတစ်မျိုးကို ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်ရာတွင် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ တစ်သန်းရှိပါက အကောက်ခွန်နှုန်းလိုင်းသစ်တစ်ခုအဖြစ် ထည့်သွင်းအ ဆိုပြုရန် အဆိုပါ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အကောက်ခွန်အဖွဲ့သည် အခွန်နှုန်းထားများကို စည်းဝါးညီစနစ် HS (Har-monized System) ဖြစ် ရန် လေးနှစ်တစ်ကြိမ် သုံးသပ်ပြင်ဆင်ခြင်းဖြစ်သည်။ ထိုကဲ့သို့ပြင် ဆင်မှုနှင့်အတူ အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် အာဆီယံစည်းဝါးညီ အကောက်ခွန် နှုန်းအမည်ပေးစနစ်f (ASEAN Harmonized Tariff Nomenclature) ကို ပြန်လည်သုံးသပ် ပြင်ဆင်လေ့ရှိရာ မြန်မာနိုင်ငံသည်လည်း လိုက်ပါလုပ်ဆောင်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်က ပြောသည်။

ယင်းစနစ်သည် ကုန်ပစ္စည်းများကို ကဏ္ဍအလိုက် စုစည်းဖော်ပြသည့်စနစ်ဖြစ်ကာ သွင်းကုန်များကို အခွန်စည်းကြပ်ရန် အကောက်ခွန်ဆိုင်ရာ လိုအပ်ချက်များ၊ စာရင်းအင်းဆိုင်ရာ လိုအပ်ချက်များ၊ ကုန်ထုတ်လုပ် သူများနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဆောင်ရွက်သည့် စနစ်ဖြစ် သည်ဟုလည်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေး အသိုက်အဝန်း AEC တွင် ၂ဝ၁၈ ခုနှစ်၌ စတင် ပါဝင်ရမည် ဖြစ်သည်။ ယင်းအချိန်မှ စတင်ကာ ကုန်သွယ်မှုပြုလုပ်မည့် ကုန်ပစ္စည်းများ၏ အခွန်နှုန်းထားနှင့် ကုန်စည်အမည်များကို အာဆီယံဒေသတွင်း နိုင်ငံများနှင့် တစ်ပြေးညီ ဆောင်ရွက်ပေးရေးအတွက်ကိုလည်း ယင်းနေ့က ကျင်းပခဲ့သော အစည်းအဝေးတွင် ထည့်သွင်းညှိနှိုင်းခဲ့သည်ဟု ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment