၂၀၁၄ခုနှစ်၊ နိုဝင်ဘာ (၂၇) ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် သမ္မတဦးသိန်းစိန် ကိုယ်တိုင် တင် လှုပူဇော်ခဲ့သည့် စစ်ကိုင်းမြို့၊ သောတာပန် ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်ဘုရားစိန် ဖူးတော်မှာ မြေခ ခဲ့ရ သောကြောင့် ၎င်းကိုယ်တိုင် စိန်ဖူးတော်အသစ် ပြန်လည်တင်လှူပူဇော် မည့်ပွဲကို ဖေဖော်ဝါရီ (၂၂)ရက်တွင် ပြုလုပ် ကျင်းပသွားမည် ဖြစ်သည်။
““စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်တို့ကို ၁၉ရက်နေ့၊ မနက်မှာ ကား ၃-၄ စီးလောက်နဲ့ ဒီဘုရား က ဘုရား ဂေါပကအဖွဲ့နဲ့ မန္တလေးကနေပင့်မယ်၊ ပြီးရင် အောင်မြေမင်္ဂလာဓမ္မာရုံထဲမှာ အပူဇော်ခံမယ်၊ ၂၂
ရက် နေ့ကျ ရင်တော့ ဓမ္မဒူတ အရှင်ဆေကိန္ဒအိမ်ရှေ့က မြစ်ထဲမှာရှိတဲ့ ကရ၀ိက်ဖောင်တော်ပေါ် ကိုပင့်မယ်၊ သမ္မတကြီးက ကုန်း လမ်းကနေလာပြီးရင် ကရ၀ိက်ပေါ်တက်မယ်၊ ကရ၀ိက်က ရေလမ်းအတိုင်းဘုရား အရှေ့မြစ်ဆိပ်မှာ ရပ်မယ်၊ အဲဒီကနေမှ တစ်ဆင့် ဘုရားကုန်းတော်ပေါ်ပင့်ပြီး စိန်ဖူး တော်အပါအ၀င်ငှက်မြတ်နားတော် တို့ကို တင်လှူမှာပါ””ဟု စစ်ကိုင်း တောင်ရိုး၊ မဟာသမုတိ ကျောင်းတိုက်မှ ဆရာတော်ဥူးပဏ္ဍိတက မြန်မာသံတော် ဆင့်သို့ မိန့်သည်။…
အဆိုပါလေးကျွန်းမာရ်အောင် ဘုရား စေတီတော်မှာစစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သောတာပန် ရပ်ကွက်တွင် တည်ရှိပြီး ဘုရားစိန်ဖူးတော်မှာ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ အတွင်းကလှုပ်ခတ်ခဲ့သော ငလျင် ဒဏ်ကြောင့် စိန်ဖူး တော်ပြိုကျပျက် စီးသွားခဲ့ရာ ၂၀၁၃ခုနှစ်၊ သြဂုတ် (၁၈)ရက်နေ့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် အဆင့် အနေဖြင့် ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပြန်လည် တင်လှူ ပူဇော်ထားခဲ့သည်။ သို့ရာ တွင် ၂၀၁၄ခုနှစ်၊ နိုဝင်ဘာ(၂၇)ရက်၊ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့အရှေ့ မြောက်ဘက်၊ ၄မိုင်အကွာကို ဗဟို ပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အဆိုပါ ဘုရားစိန်ဖူးတော်မှာ ဒုတိ ယအကြိမ်မြောက်မြေသို့ခခဲ့ရသည့် အပြင် စစ်ကိုင်းမြို့ရှိအခြားသော စေတီများ၊ ဘုရားများရှိ စိန်ဖူးတော်များ၊ ငှက်မြတ်နားတော်တို့မှာလည်း အလားတူ မြေခ ခဲ့ရသည်။
အဆိုပါ လေးကျွန်းမာရ်အောင် ဘုရားစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တို့ကို ဖေဖော်ဝါရီ (၂၂)ရက်၊ နံနက် ပိုင်းအချိန်တွင် ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင် ဆေကိန္ဒ အမှူးပြု၍ သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့်အတူ နိုင်ငံတော် အဆင့်အနေဖြင့် ဒုတိယအကြိမ် မြောက် ထပ်မံ တင် လှူမည်ဖြစ်သည်။ ယင်းလေးကျွန်းမာရ်အောင် ဘုရားစိန်ဖူးတော်နှင့်ငှက်မြတ်နားတော် တင်လှူပူဇော်မည့် ပွဲတော် မတိုင်မီ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးကလည်း ဖေဖော်ဝါရီ(၁၇)ရက်တွင်လေးကျွန်းမာရ်အောင် ဘုရားသို့ ရောက်ရှိလာပြီး သမ္မတကြီးလမ်းကြောင်းနှင့် ပတ်သက်၍ လိုအပ်သည့် ကိစ္စရပ်များ ဆောင်ရွက်ထားနိုင်စေရန်အတွက် ဘုရားဂေါပက အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများကို တွေ့ဆုံ သွားခဲ့ကြောင်း ဘုရားဂေါပက အဖွဲ့ဝင်တစ်ဦးကဆိုသည်။
ယင်း လေးကျွန်းမာရ်အောင် မြတ်စွာဘုရားကြီးကို ကောဇာသက္ကရာဇ် (၁၀၇၆)ခုနှစ်တွင် နန်း တက်သော အင်းဝဘုရင် မှန်နန်းရှင် သီရိပရ၀ဓမ္မရာဇာ ဓိပတိ ဘွဲ့အမည်ခံ တနင်္ဂနွေ မင်းတရားကြီးက ကောဇာ သက္က ရာဇ်(၁၀၈၆) ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး စေတီတော်၏ဉာဏ်တော်အမြင့်မှာ (၁၂၂)ပေ ရှိပြီး လိုဏ်ဂူအတွင်းရှိ ကျောက်ဆင်းတု ရုပ်ပွားတော်မှာ ဥာဏ်တော်(၁၂)တောင်၊ ပလ္လင်တော်(၃)တောင်နှင့် ဘီလူး(၉၉)ကောင်၊ မဟာရံတံတိုင်း (၃)ထပ်တို့ဖြင့် တည်ထားကိုးကွယ် ထားခြင်း ဖြစ်သည်။
အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


No comments:
Post a Comment