စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန်္တီး ခရိုင်၊ ခန်္တီးမြို့နယ်၊ ကျားကိုက် ကျေးရွာတွင် ကုန်စုံဆိုင်တစ်ဆိုင် အား သေနတ် များ ကိုယ်စီကိုင် ဆောင်ထားသည့် လူငယ်၆ဦးက ငွေကျပ်သိန်း (၁၅၀) တောင်းခံခဲ့သော ဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီ (၁၆)ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ(၁၆)ရက်နေ့၊ ည (၈)နာရီဝန်းကျင်အချိန်၌ ခန်္တီးမြို့နယ်၊ ကျားကိုက်ကျေးရွာရှိတိမ်လွှာ မိုးကုန်စုံဆိုင် အတွင်းသို့ အစိမ်း ရောင်ဘောင်းဘီ ရှည်များ ၀တ်ဆင်ထားသည့်
လူငယ်(၆)ဦးမှာ သေနတ်များ ကိုယ်စီကိုင် ဆောင် လျက်ဆိုင်အတွင်း ၀င်ရောက်လာပြီးဆိုင် ပိုင်ရှင်ထံမှ ငွေကျပ်သိန်း (၁၅၀) တောင်းခံခဲ့ ရာမပေးနိုင်သဖြင့် ငွေသားအချို့နှင့် လက်ဝတ်ရတနာများ ယူဆောင်သွားခဲ့သည်။…
““ကျွန်တော်တို့ အမှုဖွင့်ပြီး အရေးယူထားပါတယ်။ ဘယ်အဖွဲ့ အစည်းက ဆိုတာကတော့ လက်ရှိ မှာ အတိ အကျပြောလို့မရ သေးပါ ဘူး။ ငွေသားကတော့ ၁၉ သိန်း၊ ရွှေက၄ကျပ်သားပါ သွားပါတယ်။ တခြားပါသွားတာ တော့ မရှိပါဘူး။ တရားလိုဖြစ်တဲ့ ဦးဝင်းဦးပြောပြ ချက်အရ လူကတော့ ၆ ယောက်ပါ။ သူက အရပ်သားဖြစ်တဲ့ အတွက် ကြောင့် ကိုင်ဆောင်တဲ့ လက်နက်တွေက အတိုလို့ ပြောပါတယ်၊ ပစ္စတိုလို့ ယူဆရပါတယ်”” ဟု ခန်္တီး မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဦးက မြန်မာသံတော်ဆင့် သို့ ပြောဆို သည်။
ခန်္တီးမြို့နယ်၊ကျားကိုက်ကျေးရွာတွင် အလားတူလက်နက်များ ကိုင်ဆောင်ကြလျက် ငွေကြေး တောင်းခံမှုဖြစ်ရပ် မျိုးကို ၂၀၁၃ ခုနှစ်က တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးပြီး ကျေးရွာနေပြည်သူများ၏ ၀ိုင်းဝန်း ဖမ်းဆီးခဲ့မှုကြောင့် ပါဝင်သူ ၆ ဦး အနက် ၃ဦးကို လက်ရဖမ်းဆီးမိခဲ့ ပြီးသက်ဆိုင်ရာသို ပို့ဆောင်ပေးခဲ့ ရဖူးသည်။
ယခုနှစ်နှစ်ဆန်းပိုင်းတွင်လည်း နန်စီပွန်ကျေးရွာ၌ လက်နက် ကိုင်ငွေကြေးတောင်းခံခဲ့မှုများ ဖြစ်ပွား ခဲ့ဖူးကြောင်း ဒေသခံများက ယခု ကဲ့သို့ ပြောပြသည်။
““၂၀၁၅မှာဆိုရင် ပထမဦးဆုံး အကြိမ်ဖြစ်တာပေါ့၊ ပြီးခဲ့တဲ့ နှစ် တွေမှာလည်း ဖြစ်ခဲ့တာတွေ ရှိ တယ်။ ၂၀၁၂ ဧပြီလမှာ တိုင်းဒေ သကြီးအစိုးရနဲ့ နာဂငြိမ်းချမ်းရေး ဆိုရှယ်လစ်ကောင်စီ (NSCNP) အဖွဲ့တို့ တိုင်းဒေသကြီး အဆင့် အနေနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ် ဆိုထားတာရှိတယ်။ အဲဒီလိုငြိမ်း ချမ်းရေးယူပြီး နောက် ပိုင်းမှာကျွန် တော်တို့ ခန်္တီးမြို့မှာမကြာခဏ ဆိုသလို ဆက်ကြေးတွေကောက်တာ ခံရတယ်။ ၂၀၁၃ ခုနှစ်မှာဆိုရင် ၁၄ကြိမ် လောက် ဖြစ်တယ်။ ၂၀၁၄ ခုနှစ်ဆိုရင် ၁၇ ကြိမ်လောက်ဖြစ်တယ်။ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဆိုရင် ဒါနဲ့ ဆိုရင် ၄ ကြိမ်ရှိပြီ။ အရင် ၃ကြိမ်တုန်းက အသက်အန္တရာယ် ခြိမ်းခြောက်ခံရလို့ မတိုင်ဖြစ်ဘူး။ အခုအကြိမ်တော့ တိုင်လိုက်တယ်၊ စခန်းကလည်း အမှုဖွင့်ပေးတယ်””ဟု ခန်္တီးမြို့ဒေသခံ တစ်ဦး ဖြစ်သူ ကိုအောင်ဆန်းမြင့် ကမြန်မာသံတော်ဆင့်သို့ ပြောဆိုသည်။
အဆိုပါ လက်နက်ကိုင်ငွေ ကြေးတောင်းခံခဲ့မှုနှင့် ပတ်သက်၍ ခန်္တီးမြို့မရဲစခန်းက အမှုကြီးအမှတ် စဉ် ၄။၂၀၁၅ (ပ)၁၄။၂၀၁၅၊ ပြစ်မှု ဆိုင်ရာပုဒ်မ(၃၉၅)အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment