Tuesday, February 17, 2015

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အွန်လိုင်းသတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ သတင်းအချက်အလက် အမှန်များသာ ပြည်သူထံ စီးဆင်းရေးအတွက် NLD Central Online Media Team အမည်ရှိ အွန်လိုင်းသတင်းအချက်အလက် ထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

NLD--Head-Quarter
(ဓာတ်ပုံ - အီးပီအေ)



ထိုအဖွဲ့ကို အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး NLD မှ ထုတ်ပြန်လိုသော သတင်းအချက်အလက်များကို ပါတီ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်နှင့် ဖေ့ဘွတ်များမှ ထုတ်ပြန်သွားမည်ဟု အဖွဲ့ဝင် ကိုနေဘုန်းလတ်က ပြောသည်။ ထိုအဖွဲ့တွင် ဦးသိန်းဦး၊ ဦးအေးကြူ (ခ) မုံရွာအောင်ရှင်၊ ဦးကျော်သီဟ၊ ဒေါ်ကြည်ဖြူသျှင်၊ ဦးနေဘုန်း လတ်တို့ ပါဝင်သည်။

''အကြောင်းအရာ တစ်ခုခုဖြစ်ပြီဆိုရင် ပါတီထုတ်ပြန်ချက် မဟုတ်ဘဲ အွန်လိုင်းမှာ ပျံ့နေတာတွေရှိတယ်။ ဒါမျိုးတွေ မဖြစ်ရအောင် ဒီအဖွဲ့က သတင်းအချက်အလက် စီးဆင်းမှု မှန်ကန်မြန်ဆန်အောင် အဓိက တာဝန်ဖြစ်တယ်'' ဟု ဆိုသည်။

ယခင်ကလည်းNLD နာမည်ဖြင့် ကြေညာချက်အတုများ၊ သတင်းထုတ်ပြန်ချက် အတုများ အွန်လိုင်း၊ လူမှုကွန်ရက် စာမျက်နှာများတွင် ထွက်ပေါ်ခဲ့ဖူးသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မကြာသေးခင်က ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment