Wednesday, February 18, 2015

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်းပြီ

နေပြည်တော် (မဇ္ဈိမ)။ ။ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် လေးပွင့်ဆိုင်အစည်းအဝေး သဘောတူချက်အရ ထပ်မံပြင်ဆင်
ရေးဆွဲထားသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စု
လွှတ်တော်သို့ ဖေဖော်ဝါရီ ၁၇ ရက်က တင်သွင်းခဲ့သည်။

Naypyitaw-Parliament
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)



ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေး ၁၃ ရက်မြောက်အပြီးတွင် ဇမ္ဗူသီရိဆောင်၌ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ ရာ ပညာရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များနှင့် ပြည်ထောင်စုလွှတ်တော် ပညာရေးမြှင့်တင်မှု ပူးပေါင်းကော်မတီ၊ ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကတို့ တက်ရောက်ခဲ့ကြပြီး ပြင်ဆင်သည့် ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

''ဒီဥပဒေကြမ်းဖြစ်လာတဲ့ အကြောင်းတွေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ လေးပွင့် ဆိုင်ဆွေးနွေးခဲ့ပြီး နောက်နေ့ မှာ အသေးစိတ် ညှိနှိုင်းရေးဆွဲထားတွေကို ပညာရေးဝန်ကြီးက လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးကို ပြန်ရှင်းပြ ပါတယ်။ ဒီနေ့ တက်ရောက်လာသူတွေက ပါဝင်ဆွေးနွေးတာမျိုးတော့ မရှိပါဘူး''ဟု အစည်းအဝေးတက် သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ယင်းဥပဒေကြမ်းကို မည်သည့်နေ့တွင် မည်သည့်လွှတ်တော်၌ စတင်ဆွေးနွေးမည်ဆိုသည် ကိုမသိရသေးဘဲ ယခုအပတ်အတွင်း ကြေညာဖွယ်ရှိသည်။

ထိုဥပဒေတွင် ကျောင်းသားတို့၏ တောင်းဆိုချက် ၁၁ ချက်ကို အစိုးရဘက်က မူအားဖြင့် သဘောတူခဲ့သဖြင့် ပြင်ဆင်ရာတွင်ပါဝင်ရန် သေချာသော်လည်း လွှတ်တော်အတွင်း အတည်ပြုနိုင်ရေး အသေးစိတ်ဆွေး နွေးကြသည့်အခါ လေးပွင့်ဆိုင် အစည်းအဝေးတွင် မပါဝင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံ ဆွေးနွေးမှု အလုံအလောက် ရနိုင်ခြေရှိ မရှိဆိုသည်မှာ မသေချာဘဲ ယာယီရပ်နားထားမည့် သပိတ်စစ်ကြောင်းများကလည်း လွှတ်တော်၏ အတည်ပြုချက်ကို စောင့်ကြည့်ပြီးမှ သပိတ်လှန်ရေး မလှန်ရေးကို ဆုံးဖြတ်သွားမည်ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment