ရန်ကုန်(မဇ္ဈိမ)။ ။မြဝတီ မှကော့ကရိတ်သို့ သွားရောက်မည့် ခရီးသည် တင်ယာဉ်များနှင့် ကုန်တင် ယာဉ်များကိုရှေ့တန်း အမှတ်(၄) စစ်ဆေးရေး ကွပ်ကဲ မှုဌာနချုပ်က ပိတ်ဆို့တား ဆီးစစ်ဆေးခဲ့ရာ တရားမဝင် ကုန်ကူးသည့် ယာဉ် ၆၄ စီး စိစစ်တွေ့ ရှိခဲ့သည်ဟု တရားမဝင် ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေးဗ ဟိုကော်မတီ ကဖေဖော်ဝါရီ ၁၃ ရက်က သတင်း ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၈ရက်ညနေပိုင်းကအဆိုပါ အစိုးရတပ် သည်မြဝတီ မှကော့ကရိတ်သို့ သွားရောက်မည့် ယာဉ်အားလုံး ကိုစစ်ဆေး မှုပြုလုပ်ခဲ့ပြီး စစ်ဆေး သည့်နေ ရာသို့ ဝင်ရောက်မှုမရှိဘဲ လမ်းဘေးတွင်
ရပ်ထားသော ယာဉ်များကို စိစစ်ရာ ဂျူတီ/လိုင်စင်မပါဘဲ ကုန်ပစ္စည်း တင်ဆောင်လာသော ယာဉ်များဖြစ် သဖြင့်မြဝ တီကုန် သွယ်ရေးဇုန် OSS မိုဘိုင်း အဖွဲ့သို့ အကြောင်းကြား ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဖေဖော်ဝါရီ ၉ရက် နံနက်ပိုင်းတွင် ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်ခြင်းမရှိ ဘဲရှောင်ကွင်း လမ်းမှ ထွက်ခွာလာသည့် ဟိုင်းလပ် ယာဉ်နှစ်စီး ၊ခြောက် ဘီးယာဉ် ၄၉ စီး၊ ၁ဝ ဘီးယာဉ် တစ်စီး၊ ၁၂ ဘီးယာဉ် ၁၂ စီး စုစုပေါင်း ၆၄ စီးကို မိုဘိုင်း အဖွဲ့နှင့် အစိုးရတပ်တို့က ပိတ်ဆို့ တားဆီးနိုင် ခဲ့ခြင်းဖြစ်သည်။
ထိုယာဉ်များ ကိုမြဝတီ ကုန်သွယ်ရေးဇုန် သို့ခေါ်ယူပြီး OSS အဖွဲ့ဝင်ဌာနများ၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန် ကြားမှူး ဦးစီးဌာနနှင့် အမှတ်(၄) စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်မှ တပ်ကိုယ် စားလှယ် များပါဝင်သည့် အဖွဲ့ များနှင့် ဖွင့်ဖောက် စစ်ဆေး ခဲ့ရာ စားသောက်ကုန်၊ အရက်၊ ဘီယာ ၊ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ အိမ်သုံး ပစ္စည်းများ၊ ယာဉ်ယန္တရားနှင့် လုပ်ငန်းသုံး ပစ္စည်းများကို စစ်ဆေးတွေ့ ရှိခဲ့ပြီး တန်ဖိုးပမာဏ ကို စိစစ်နေ ဆဲဖြစ်သည်။
မြဝတီ နယ်စပ်အနီး ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိ စပ်နေသောဒေသ တစ်လျှောက်တွင် တရားမ ဝင်ကုန် ပစ္စည်း တင်သွင်း မှုလမ်းကြောင်း ၂၂ ခုခန့် ရှိနေပြီး စစ်ဆေးရေး ဂိတ်များမှ မဖြတ် ဘဲရှောင် ကွင်းလမ်းများမှ ကုန်ကူးနေခြင်းကြောင့် ရသင့်ရ ထိုက်သော အခွန်အကောက်များ ဆုံးရှုံးနေ ရသည်ဟု တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီက သတင်း ထုတ်ပြန် ထားသည်။
မြဝတီနှင့် မူဆယ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း များသည် တရားမဝင် ကုန်သွယ်မှု အများဆုံးဖြစ်ပေါ် ရာနေရာ များဖြစ်ပြီး လက်ရှိအချိန်၌ တိုးမြှင့်ဖမ်း ဆီးမှုများပြုလုပ်နေရာ တစ်ဖက်တွင် လည်းရှောင်ကွင်းလမ်း များအသုံးမပြုဘဲ တရားဝင်ကုန်သွယ် မှုပြုလုပ်ရန် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက တိုက်တွန်း ထားသည်။
Credit - Mizzima News
No comments:
Post a Comment