Thursday, February 19, 2015

လောက်ကိုင်တွင် စစ်သည်များ၏ မိသားစုကို ရုပ်ရှင်အစည်းအရုံးက သွားရောက်လှူဒါန်းမည်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက လောက်ကိုင် တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် စစ်သားများ၊ ကျဆုံးသွားသော စစ်သားများ၏ မိသားစုဝင်များနှင့် စစ်ဘေးရှောင်ပြည်သူများကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် လှူဒါန်း ငွေများသွားရောက် လှူဒါန်းမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

ယင်းကဲ့သို့ သွားရောက်လှူဒါန်းရာတွင် မန္တလေးတိုင်းဒေသကြီး၊
ပြင်ဦးလွင်ရှိ စစ်ဆေးရုံတွင် ဒဏ်ရာရရှိခဲ့သည့် စစ်သားများ၊

ကျဆုံးသွားသော စစ်သားများ၏ မိသားစုဝင်များ၊ စစ်ဘေးရှောင်
ပြည်သူများကို သွားရောက်လှူဒါန်းမည် ဖြစ်သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေပြီး လောက်ကိုင်
တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ စစ်သည်တွေရဲ့ မိသားစုဝင်တွေနဲ့
စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းငွေတွေ လှူဒါန်းနိုင်အောင်လို့
အနုပညာရှင်တွေဆီက ကောက်ခံနေပါတယ်။ နုပညာရှင်
တွေကလည်း သူတို့တတ်နိုင်တဲ့ ဘက်ကနေ သူတို့တတ်နိုင်သလောက်
ပါဝင်လှူဒါန်းကြပါတယ်။

''အခုအဲဒီ လှူဒါန်းငွေတွေကို စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဒဏ်ရာရရှိလို့
ဆေးကုသနေတဲ့ စစ်သည်တွေ၊ ကျဆုံးစစ်သည်တွေရဲ့ မိသားစု
ဝင်တွေကို ကိုယ်တိုင်ကိုယ်ကျ အနုပညာရှင်တွေက သွားရောက်
လှူဒါန်းသွားမှာပါ'' ဟု ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

''ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ တိုင်းပြည်အတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တွေကို ဂုဏ်ပြုချင်တာပါ။ ပြီးတော့ စစ်ပွဲတွေကြားက ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေ ကိုလည်း ထောက်ပံ့ကူညီချင်လို့ သွားရောက်လှူဒါန်းဖို့ စီစဉ်ဖြစ်တာပါ'' ဟု ၎င်းက ထပ်မံပြောသည်။

ယင်းကဲ့သို့ သွားရောက်လှူဒါန်းရာတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ၊ အနုပညာရှင်များ၊ ကိုလူချောအဖွဲ့ဝင်များနှင့် စာနယ်ဇင်း မီဒီယာအသီးသီးမှ သတင်းထောက်များကိုယ်တိုင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်သို့ သွားရောက်အားပေးစကားများ ပြောကြားကာ လှူဒါန်းသွားမည်ဖြစ်သည်။


Credit - Mizzima News

pye
ရုပ်ရှင်အစည်းအရုံးတွင် ပြေတီဦးမှ အလှူငွေ လှူဒါန်းနေစဉ်။

No comments:

Post a Comment