ကချင်ပြည်နယ်မှာ စစ်တပ်တစ်ခု တပ်စွဲထားစဉ် |
ဖားကန့်ကနေ မိုးကောင်းကိုလာတဲ့ စစ်ယာဉ်တန်းဟာ မနေ့က တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးချစ်ဦးက ပြောပါတယ်။
"ဖားကန့်ကနေ ကာမိုင်းကိုသွားတဲ့တပ်မတော် ယာဉ်လိုင်းကို KIA အဖွဲ့ကအဝေးကနေ လက်နက် ကြီးနဲ့ပစ်တယ်၊ အဲ့လိုပစ်ခတ်နေတဲ့အချိန်မှာပဲ မိုးကောင်းဖက်ကနေ ဖားကန့် ကိုလူနှစ်ယောက် ဆိုင်ကယ်စီးပြီးတော့လာတယ်၊ အဲ့လိုစီးလာတဲ့အချိန်မှာပဲ ဟိုဖက်က ပစ်လိုက်တဲ့လက်နက်က ဆိုင်ကယ်ကို ထိမှန်တယ်၊ တစ်ယောက်သေဆုံး တယ်၊တစ်ယောက်ကအပြင်းအထန်ဒဏ်ရာရတယ် "
မိုးကောင်း-ဖားကန့်လမ်းပေါ် နန့်ဟိုင်ကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာတွေမှာ မနေ့က မိုင်းပေါက်ကွဲမှုတွေ ရှိခဲ့တယ် လို့ သိရပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ တို့ အကြား ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
Credit - RFA Burmese
No comments:
Post a Comment