တပ်မတော်သားများနှင့် စစ်လက်နက်ပစ္စည်းများ ပါဝင်ပြီး နေပြည်တော် ၌ ပြုလုပ်မည့် ထိုစစ်ရေးပြပွဲမျိုးကို ၂၁ ရာစုတွင် အာဏာရှင်ဆန်သည့် အစိုးရ များကသာ စက်စက်မက်မက်
လုပ်နေဆဲ ဖြစ်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။ ယခင် ဆိုဗီယက် ပြည်ထောင်စုနှင့် အမေရိကန်တို့ စစ်အေးတိုက်ပွဲ ဖြစ် ပွားနေချိန်တွင် ဆိုဗီယက်၊ အရှေ့ဂျာမနီ၊ ပိုလန်၊ တရုတ်နှင့် မြောက်ကိုရီးယား စသည့် ကွန်မြူနစ်နိုင်ငံများတွင် ချိန့်ချိန့်သဲ ကျင်းပလေ့ ရှိသည်ဟု ဝေဖန်သူများက ဆိုသည်။
၂၀၁၅ ဗိုလ်ရှုခံအခမ်းအနားအတွက် ငွေကျပ် သန်းပေါင်း ၁၀၂၇ ခန့် ကုန်ကျမည် ဟု အစိုးရဘဏ္ဍာရေး ဆပ်ကော်မတီမှ အရာရှိတစ်ဦးက အတည်ပြု ပြောကြား ခဲ့သည်။ ထိုမျှငွေကြေးပမာဏ အသုံးပြုခြင်းအပေါ် မေးခွန်းထုတ်လျက်ရှိသည်။
ဗိုလ်ရှုခံပွဲအား အမျိုးသားစည်းလုံးညီညွတ်ရေး အတွက် ပြုလုပ်ခြင်းဖြစ် သည် ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သော်လည်း အစိုးရနှင့် တိုင်းရင်းသား တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု အထိမခံဖြစ်နေချိန်တွင် ကြီးကျယ်သည့် စစ်ရေးပြပွဲ ပြုလုပ်ခြင်းက မှားယွင်းသည့် အချက်ပြမှု တစ်ခု ဖြစ်သွားစေနိုင်သည်ဟု ဝေဖန်မှုများလည်းရှိသည်။
နိုင်ငံ၏ ပညာရေး၊ ကျန်းမားရေး နှင့် လူမူဖူလုံရေး တို့တွင် အထောက်အပံ့ များစွာ လိုအပ်နေချိန်တွင် ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် စစ်ရေးပြ ပွဲပြု လုပ်သည့် ဆုံးဖြတ်ချက်ကိုလည်း ပြည်သူအများက မေးခွန်းထုတ်လျက်ရှိသည်။
"ဗိုလ်ချု ပ်ကတော့ လွတ်လပ်ရေး မရခင်ကတည်းက မိန့်ခွန်းတွေ မှာ မြန်မာတွေ ဆီလျော့သုံးဖို့ ၊ ချွေတာဖို့ချည်း ဆူပူကြိမ်းမောင်းခဲ့တာဗျ ၊ အခု ကတော့ ထမင်းရည်ချောင်းစီးပဲ၊ ကျနော်လည်း လူနည်းတဲ့နေ့ ထမင်းရည် ပဲ သောက်နေရပါတယ်" ဟု ဒေါပုံဆိပ်ကမ်းတွင် ဆိုက်ကားနင်းနေသည့် ဦးမြင့်ဦး က အရွှန်းဖောက် ပြောခဲ့သည်။
တိုင်းရင်းသား လွတ်တော်ကိုယ်စားလှယ်တစ်ဦးက ဗိုလ်ရှု့ခံ သဘင်မှာ အင်အားပြ ဆင်ယင်ထားတဲ့ ဒုံးကျည်တွေ အမြောက်တွေ လက်နက်ကြီးတွေ တင့်ကားကြီးတွေ တိုက်လေယာဉ်တွေ စတဲ့ တိုင်းပြည်ရဲ့ ကာကွယ်ရေး အင်အား ဟာ ပြည်တွင်းရှိ တိုင်းရင်းသား လက်နှက်ကိုင်တွေနဲ့ အပစ်ရပ်ရေး တည်မြဲ လာချိန်၊ လက်နက်ကို သုံးဖို့ မလိုအပ်တော့ရင် ဒီအင်အားတွေဟာ ကျူးကျော် လာသူတွေကို ခုခံတိုက်ခိုက်ဖို့ရာ မြန်မာနိုင်ငံသားအားလုံး အတူတူ ပိုင်ဆိုင် တယ် ဆိုတဲ့ အဓိပ္ပါယ်ကို ခံစားမိအောင် မဖေါ်ကျူးနိုင်ရင် ဗိုလ်ရှုခံ အခန်းအနားဟာ အင်အားပြ ခြောက်လှန့်တာလို့ အမြင်မှား သွားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကမူ ဗိုလ်ရှုခံပွဲမှာ ညီညွတ်ခြင်း၏ သတင်း စကားဖြစ်ကြောင်း ၊ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပြည်သူလူထု လက်တွဲပြီး နိုင်ငံ ကို ညီညီညွတ်ညွတ် တည်ဆောက်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြုလုပ် ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့သည်။
NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကလည်း နိုင်ငံစီးပွားရေး မကောင်းချိန် တွင် ငွေကုန်ကြေးကျများစွာခံ၍ ဗိုလ်ရှုခံပွဲပြုလုပ်ခြင်း အတွက် မေးခွန်းများစွာ ရှိနေသည်ဟု ဆိုသည်။ ၂၀၁၄ နှစ်လယ်ပိုင်းက အမျိုးသား လွတ်တော် တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ဦးလှဆွေက နိုင်ငံတော် သမ္မတကို တပ်မတော်က အလေးပြု ရန် ရှိ-မရှိ ဆိုသည် မေးခွန်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်ကိုယ်စားလှယ်များက သမ္မတက အလေးပြုခံမည်ဆိုပါက အလေးပြု မည်ဟု အဆိုပါ မေးခွန်းအား ပြန်လည်ဖြေကြားရာမှ ဗိုလ်ရှုခံကျင်းပ ရန် ကော်မတီကို ဒုသမ္မတ (ဗိုလ်ချုပ်ကြီး) ဦးဥာဏ်ထွန်း အား ဦးစီးရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ဗိုလ်ရှုခံ အဆောက်အအုံကို ဆောက်လုပ်ရာတွင် လွတ်တော်အား ဘတ်ဂျက်တောင်းခံခြင်း မရှိပဲ ဆောက်လုပ်ရေးလုပ်ငန်းကို ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းပိုင် ဆောက်လုပ်ရေး ကုမ္ပဏီအား ဆောက် လုပ်စေ ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ လွတ်တော်သို့ နောက်တိုး ဘတ်ဂျက်တင်ရာ ကျပ်သန်းပေါင်း ၆၀၀၀ ကျော် တောင်းခံခဲ့သဖြင့် လွတ်တော် ကိုယ်စားလှယ်များ က ကျယ်ကျယ်လောင်လောင် ဝေဖန်ခဲ့သည်။ အဆိုပါလုပ်ငန်းအား အစိုးရ တင်ဒါ မခေါ်ယူခဲ့ခြင်းအား ဝေဖန်ခဲ့ကြသည်။
The Ladies News Journal












No comments:
Post a Comment