ရန်ကုန်၊ ဇန်နဝါရီ ၂ -ရိုဟင်ဂျာများ ကိုမြန်မာနိုင်ငံသားအဖြစ် အပြည့်အဝပေးရန် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ တိုက်တွန်းချက်သည် မြန်မာနိုင်ငံတွင်း တည်ငြိမ်မှုကို ပျက်ပြား စေရန်လှုံ့ဆော်ရာ ရောက်သောကြောင့် မ.ဘ.သ(ဗဟို) ဩဝါဒခံဖွဲ့စည်းထားသော မြန်မာနိုင်ငံဝံသာနုရက္ခိတအဖွဲ့ အနေဖြင့် ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်သွားမည်ဟုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဓမ္မစက္ကဦးမောင်မောင်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။
''ကုလသမဂ္ဂက သူ့လုပ်ငန်းမဟုတ်တာကို ဝင်လုပ်တဲ့အတွက်ရော၊ သူတို့ရဲ့ တိုက်တွန်းချက်ဟာ မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေနဲ့ မကိုက်ညီသလို လက်ရှိ နိုင်ငံတွင်းတည်ငြိမ် မှုကိုလည်း ပျက်ပြားစေနိုင်တဲ့အတွက် ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချတာ ပါ''ဟုဓမ္မစက္ကဦးမောင်မောင်က ပြောသည်။
ရိုဟင်ဂျာမူဆလင်များကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အဝပေးရန်နှင့် နိုင်ငံတွင်းလွတ်လပ်စွာ သွား လာခွင့်ပြုရန်အတွက် ဒီဇင်ဘာ၂၉ ရက်က ကျင်းပခဲ့သောကုလသမဂ္ဂ အထွေ ထွေညီလာခံအပြီးတွင် တိုက်တွန်းခဲ့ခြင်းဖြစ် သည်။
ယင်းတိုက်တွန်းချက်နှင့် ပတ်သက်၍ အမျိုးဘာသာသာသနာ ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဆရာတော်များမှလည်း သဘောထား ထုတ်သင့်မထုတ်သင့် ဆွေးနွေးတိုင်ပင်လျက်ရှိသည်။
မ.ဘ.သ(ဗဟို)ဥက္ကဋ္ဌ ဆရာ တော် ဘဒ္ဒန္တတိလောကာဘိဝံသက ''ဆရာတော် တို့အနေနဲ့ အမျိုးသား ရေးကို ဦးတည်ပြီးလုပ်ဆောင်တာဆိုတော့ ဒါကလဲ အမျိုးသားရေးနဲ့ ဆိုင်တာဆိုတော့ထုတ်သင့်ရင် ထုတ်သွားရမှာပေါ့။ ရိုဟင်ဂျာ ဆိုတာ နိုင်ငံတော်ကလဲ လက်ခံထားတာမဟုတ်သလို သမိုင်းစဉ်ဆက်မှာ ခိုင်လုံတာလဲ ဘာမှမရှိခဲ့တဲ့အတွက် ဒီလို တစ်ဖက်သတ် ဖိအားပေးတိုက်တွန်း ချက်မျိုးကတော့ မဖြစ်သင့်ဘူး။ ဥပဒေအရ နိုင်ငံသား လျှောက်ထားခွင့်ရှိတာပဲ။ ဥပဒေအတိုင်းသွားတာ အကောင်းဆုံးလမ်းစဉ်ပဲ။ အခုလို ကုလသမဂ္ဂက တိုက် တွန်းလိုက်တာ မဖြစ်သင့်တဲ့ ဆုံးဖြတ်ချက်မျိုးလို့ ယူဆတယ်။ တစ်ဖက်နိုင်ငံ ရဲ့ ဥပဒေကို ကျော်လွန်ပြီးဖိအားပေးတိုက်တွန်း တာမျိုးမလုပ်သင့်ဘူး''ဟု မိန့်ကြား သည်။
ကုလသမဂ္ဂအထွေထွေညီလာခံက တိုက်တွန်းတောင်းဆိုချက်တွင် ရိုဟင်ဂျာများအား ပညာရေး၊ကျန်းမာရေး ဝန်ဆောင်မှုများတွင် သာတူ ညီမျှမှုရရှိစေရန်၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ ဖော်ထုတ်ရန် အတွက်လည်း တောင်းဆိုထားသည်။
ယင်းသို့တိုက်တွန်းတောင်းဆိုချက်များကို မြန်မာနိုင်ငံအရေးစောင့်ကြည့်လေ့ လာသူများ၊ လွှတ်တော် ကိုယ်စားလှယ်များကလည်း ပြင်းထန်စွာဝေဖန် ကန့်ကွက်ထားကြကြောင်း သိရသည်။
အမျိုးဘာသာ၊ သာသနာထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ဩဝါဒခံဖွဲ့ စည်းထားသော ဝံသာနု ရက္ခိတအဖွဲ့သည် အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ဖွဲ့စည်းပြီး နှစ်ဝက်ခန့်အကြာတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဖွဲ့စည်း သွားမည်ဖြစ်သည်။
SYMZ
#Democracytoday
No comments:
Post a Comment