Saturday, January 3, 2015

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဗိုလ်ချုပ် ပရင်ဒါဂတ် ကာနယ်စလေဒင်နဲ့ ကင်းဝန်မင်းကြီး သင်ခန်းစာ

– ဇာနည်စိုးထွဋ်

တော်မ၀င်နန်းမထိုက်တွေ ဆွေစဉ်မျိုးဆက် အရှိန်မပျက် ကြီးပွားချမ်းသာ စိန်ရွှေပတ်္တမြား ဇယ်တောက်တမ်း တောင်မဟုတ်ဘဲ ဘိလပ်မြေဖျော်စက် အထဲ ကျောက်စရစ်တွေသွန်ချသလို ကြဲပက်နိုင်စေဖို့အရေး ပုဒ်မ ၄၃၆ ဆိုတာကို တမင်ရည်ရွယ်ထည့်သွင်းရေးဆွဲထားပြီး နဂါး၊ ဂဠုန်၊ ကုမ္ဘဏ၊ ဘီလူးအပေါင်းနဲ့ သိုက်နန်းစောင့် တင်းပုတ်ထမ်းဆောင့်ကြောင့်ထိုင်တွေ ပါမကျန် စောင့်ကြပ်ကာကွယ်စေဆိုပြီး အမိန့်တော်ပြန် သစ္စာရေတိုက် ကျွေး ထားခဲ့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ကစပြီး တောင်သူကြီးမင်း နန်းတက်ပြီးနောက် ၂၆ နှစ်အကြာ တိုင်း နိုင်ငံအ၀န်း ဆင်းရဲ ပင်ပန်း၊ ဘေးဒုက္ခပေါင်းစုံနဲ့ လူမွေးလူတောင် မပြောင်ရုံတင်မက လူရောင်တောင် မထွက်တော့။ တစ်ချိန်က အရှေ့တောင် အာရှမှာစက်မှု၊ စီးပွား၊ ပညာအရာရာ နံပါတ်တစ်ဗိုလ်စွဲခဲ့ တဲ့ ပြည် ထောင်စုမြန်မာနိုင်ငံ (Union of Burma) ဟာ တစ်ကိုယ်လုံး ၀ဲစွဲနေပြီး အစာရေစာ ၀လင်စွာမစားရ၊ နံရိုးအ ပြိုင်းပြိုင်းနဲ့ လူမမာလိုဖြစ်လာပြီး တိုင်းသူပြည်သားများ မြန်မာနိုင်ငံသား အားလုံး သံစည်ပိုင်းထဲမှာ ဖိသိပ်ထား တဲ့ Tuna Fish ငါးတွေလို လှောင် ကျပ်မွန်းသိပ်စွာ အသက်မရှူနိုင်ဖြစ်သမျှ အကြောင်းကံပဲပေါ့ဆိုပြီး ဒူးနဲ့မျက် ရည်သုတ်ပြီး နေခဲ့ကြရပါတယ်။

၁၉၈၈ ခုနှစ်ကစပြီး မျိုးချစ်စိတ်နဲ့နိုင်ငံ ချစ်စိတ်ပြင်းပြထက်သန်ပြီး Fierce anger is better than despair (ပြင်းထန်ပေါက်ကွဲ အသက်စွန့် ဒေါသ အမျက်သည် မျှော်လင့်ချက် ဆိတ်သုဉ်းခြင်းထက်မြတ် ၏)၊ သေ မထူး နေမထူး ချောင်ပိတ်မိခံနေရတဲ့ ယုန်သူငယ် ကျားငစဉ်းလဲကို ပြန်လည် တိုက်ခိုက်တဲ့ Coward Rabbit bewnes fierce tiger ရှစ်လေးလုံး ဒီမိုကရေစီရရှိရေး အမျိုးသားလှုပ်ရှားမှုကြီးပေါ်ပေါက်လာကာ နတ်လူဗြဟ္မာ အားလုံး လိုလားထောက်ခံကြသောကြောင့် တောင်သူကြီးမင်းနေရာမှာ စလေခွေးမင်းက နေရာဝင် ယူပြီး ဇာခန်းဆီး နောက်ကွယ်က ပလ္လင်ပေါ်မှာပဲ စံမြန်းနေစေလိုက်ပါတော့တယ်။…

၁၉၉၂ ခုနှစ်ကစပြီး အသွင်ပြောင်း နရသီဟပတေ့က Nepotism ဆိုတဲ့ ငါ့အတွက်၊ ငါ့မိန်းမအတွက်၊ ငါ့သား သမီးအတွက်၊ ငါ့ဆွေမျိုးအတွက်၊ ငါ့တပည့် တွေအတွက်ဆိုတဲ့ မျိုးချစ်မျိုးစောင့် စိတ်ဓာတ်နဲ့အုပ်ချုပ် လိုက်တာ မြန်မာနိုင်ငံသားတွေ ဆီပူဒယ်အိုးထဲကနေ မီးပုံထဲရောက် သွားကြပါတော့တယ်။ ၂၀၀၄ ခုနှစ်မှာ ဘိုင်ဆတ်၊ မောင်ပိန်၊ ရနောင် မောင်မောင်တုတ်တို့ကို ဖြုတ်ထုတ်သတ်ပြီးသကာလ ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲတုန်း ကမှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ခဲ့ တာကို တိုင်းရင်းသား ၁၃၅မျိုးကိုခုတုံး လုပ်ပြီး ညောင်နှစ် ပင်ရွာနောက် ဆောင်ထဲမှာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာဖို့ထိ ရည်ရွယ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို 7 Steps Road Map ဆိုပြီး ကမန်းကတန်း ထုတ်ပြန်ကြေညာ ရေးဆွဲစေလိုက်ကာ ၂၀၀၈ ခုနှစ် နာဂစ်မျက်ရည် ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုတာကြီးကို မေဂျာဘာနေနဲ့ ကာနယ်ဆိုင်းမ် တို့ကြီးကြပ်တဲ့ ပြည်သူ့ ဆန္ဒခံယူပွဲနဲ့အတည် ပြုလိုက် ပါတော့တယ်။

အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအစား ၁၅ နှစ်ကြာ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညို၊ တိတ်္ထိ၊ ဟူးရားတွေက မင်းသားကြီးမောင်အို အမိန့်နဲ့ ရေးဆွဲကြရာမှာ စစ်ရေးအမြင်၊ စီးပွားရေး အမြင်၊ တော်မ၀င်နန်း မထိုက် Robber Baron တွေ ဆွေစဉ်မျိုးဆက် အရှိန်မပျက်ကြီးပွားချမ်းသာ စိန်ရွှေပတ္တမြား ဇယ်တောက်တမ်း တောင်မဟုတ်ဘဲ ဘိလပ်မြေ ဖျော်စက်အထဲ ကျောက်စရစ်တွေသွန်ချသလို ကြဲပက်နိုင်စေဖို့ အရေး ပုဒ်မ ၄၃၆ ဆိုတာကို တမင်ရည်ရွယ် ထည့်သွင်းရေးဆွဲထားပြီး နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ဘီလူး အပေါင်းနဲ့ သိုက်နန်းစောင့် တင်းပုတ်ထမ်း ဆောင့်ကြောင့် ထိုင်တွေပါမကျန် စောင့်ကြပ်ကာကွယ်စေဆိုပြီး အမိန့်တော်ပြန် သစ္စာရေ တိုက် ကျွေးထားခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်အထိ နီးရာဓားကြောင့် ပြည်သူ့ဆန္ဒမဲကို အနုကြမ်းစီး ဓားပြတိုက်ပြီး နန်းတွင်း ရဲမက်တွေရဲ့ အစောင့်အ ကြပ်တွေနဲ့ ခြံရံကာ မိဘပြည်သူ၊ တိုင်းသူ ပြည်သားအများတို့ခင်ဗျားဆိုပြီး ကားလိပ် ရှေ့ထွက် လာတဲ့ ကင်းဝန်မင်းဘိုးဘိုးနဲ့အတူ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူတို့ရဲ့ လို လားချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုတဲ့ နာယကကြီး ရှင်ဖြူမရှင် မိဖုရား နန်းမတော်မယ်နု သမီး တို့ရဲ့ အပြုံးမျက်နှာကို ယုံကြည်ပြီး ဘာအသံမှ မထွက်ခဲ့ကြ ပေမယ့် ၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ကြားဖြတ်ရွေး ကောက် ပွဲမှာတော့ ပြည်သူတွေဟာ လူနုံ၊ လူအ၊ လူကြောက်တွေ မဟုတ်ဘူးဆိုတာ သင်ခန်းစာ ပေးလိုက် နိုင်ခဲ့ကြပါတယ်။ ကြာကြာဝါးမှခါးမှန်းသိလာကြတဲ့ တိုင်းသူ ပြည်သား အများတို့ဟာ နိုင်ငံရဲ့ရှေ့ရေးနဲ့ ပြည်သူ လူထုရဲ့ ရှေ့ကံကြမ္မာ လမ်းမှန်ပေါ်ရောက်ပြီး ဒေသတွင်းနိုင်ငံကြားမှာ လူမ လေး၊ ခွေးမခန့်အဆင့်က လွတ် မြောက်ကာ နိုင်ငံကို ကယ်တင်ပေးမယ့် ခေါင်းဆောင် ကောင်း တစ်ဦး ပေါ်ထွက်လာရေးအတွက် အတားအဆီး ဖြစ်နေတဲ့ ၄၃၆ ကို ပြင် ဆင်ဖို့စပြီး ဗျို့ဟစ်လာကြပါတယ်။ ၄၃၆ ပြင်ဆင်ရေးဟောပြောမှု လူထုတွေ့ဆုံပွဲ တွေ မှာ သိန်းချီထောက်ခံအားပေးခဲ့ကြသလို ပေထက်အက္ခရာ တင် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်မှု သန်း ဂဏန်းနဲ့ ပြည်သူ့ အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူတို့ရဲ့ လိုလားချက်ကို ထင်ထင်ရှားရှား ဖော်ထုတ်ပြ သလာကြပါ တယ်။ အဲဒီမှာပဲ ကင်းဝန်ဘိုးဘိုးနဲ့ ခေတ်သစ်မောင်သာဖြိုးတွေ မျက်ကလူးဆန်ပျာ အပြေးအလွှားကြားဝင်လာ ကြပါတော့တယ်။

၁၈၈၅ ခုနှစ် ကုန်ခါနီး ဆောင်းရာသီရဲ့ လေအေးတွေနဲ့အတူ ဗြိတိသျှ စစ်သင်္ဘောကြီးတွေ အထက်မြန်မာပြည် ကို သိမ်းပိုက်ဖို့ မင်းနေပြည်တော် မန္တလေးထိ ချီတက်သိမ်းယူပြီး မင်းနှစ်ပါးကို ကြက်၊ ငှက်ဖမ်းသလို ဖမ်းဆီး ခေါ်ဆောင်သွားဖို့ ချီတက်လာနေချိန်မှာ ဗြိတိသျှ နယ်ချဲ့တွေ နဲ့ ညှိနှိုင်းဆွေးနွေး၊ တူတာတွေတွဲလုပ်၊ မတူတာ တွေ တိုင်ပင်ပြီး စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုကာ အင်္ဂလိပ်တွေကို ရန်ကုန်အသာ တကြည်ပြန်သွားဖို့ ဆွဲ ဆောင်စည်းရုံးနိုင်လိမ့်မယ်လို့ ကင်းဝန်အုပ်စုက စိတ်ကူးယဉ်နေဆဲပါ။ အဲဒီစိတ်ကူးယဉ် အိပ်မက်ကို အခြေခံပြီး ရှေ့တန်းမှာ ခံစစ် ပြင်နေဆဲ မြန်မာ မျိုးချစ် စစ်သည်တွေကို တောင်မှ ရူးသွပ်စွာ အင်္ဂလိပ်ကို ခုခံလျှင် သူပုန် ဆိုပြီး အမိန့်ပြန်တမ်းထုတ်ခဲ့ပါတယ်။ ဂျင်နရယ်ပရင်ဒါဂတ်၊ ကာနယ် စလေဒင်နဲ့ ဗြိတိသျှ စစ်သားဂေါ်ရာ တပ် သားတွေကို ပါမကျန် လက်စားမချေ၊ အာဃာတမထား၊ အမျိုးသားရင်ကြားစေ့ရေး ဆိုင်းဘုတ်ကိုင်ကာ ပန်းကုံး ဆက် ထမင်းဖိတ်ကျွေးဖို့တောင် ကြိုးစားနေပါတယ်။

အင်္ဂလိပ်စစ်တပ်ကို စိတ်ကျေနပ် ငြိုငြင်မှုမရှိအောင် ပျူငှာ ဆီးကြိုလုပ်ကျွေးပြီး သကာလ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ယှဉ်တူမျှတ ဆက်ဆံရေးစာချုပ်ချုပ်ဆိုပြီး အင်္ဂလိပ်ကို ပြန်သွားစေကာ မန္တလေးရွှေနန်းတော်နဲ့ အထက် မြန်မာ နယ်ပယ်ကို ဆက်လက်မင်းလုပ် စိုးစံနန်းရံဖို့ စိတ်ကူး တွေယဉ်နေကြဆဲ။ အဲဒီအထဲ ဘနဖူးသိုက်တူး၊ အဖေ့မသာဖြစ်ပါစေ၊ ငွေမပါရင် လုံးဝမလာနဲ့ဆိုတဲ့ သုဘရာဇာ လို အင်္ဂလိပ်မျှော်လွှတ်တော် စာရေးကြီး မောင်သာဖြိုးလို Please do not forget Maung Thar Phyo သံကုန် ဟစ်ပြီး စစ်တပ် ၂၅ ရာခိုင်နှုန်းကို လုံးဝ မပြစ်မှားဖို့၊ အချိန်စောသေးလို့ အရှည်ကို မျှော်တွေးပြီး နောက်ဆုံး ပွင့် တော်မူမည့် အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးရင် မြန်မာ့နိုင်ငံရေး ထဲကနေ စစ်တပ်က အပြီး စွန့်ခွာသွား လိမ့်မည် ဖြစ်ကြောင်း အချော့တော်တွေ ပေါ်လာသလို နိုင်ငံရေးကနေ တစ်ဖက်ကိုတစ်ဖက် ဖယ်ထုတ်ဖို့ ကြိုး စားရင် မအောင်မြင်နိုင်ဘူးဆိုတာကို မြန်မာ့ အတိုက်အခံခေါင်းဆောင်နဲ့ ပါတီတွေက ကောင်းကောင်း သဘော ပေါက် သင်ခန်းစာယူဖို့ ပွဲစားလုပ်လာတဲ့ ဘွန်ဘွိုင်ဆင်မျိုး ဆက်တွေကိုလည်း ခါတော်မီထွက်ပေါ်လာ တာ တွေ့နေရပါပြီ။

မြန်မာနိုင်ငံအရေး၊ မြန်မာနိုင်ငံနဲ့ပြည် သူတို့ရဲ့ရှေ့ရေးကံကြမ်္မာအတွက် အသက်တမျှ အရေးကြီးလှတဲ့ ၄၃၆ ပြင်ဆင်ရေး လိုကိစ်္စမျိုးမှာ ဂျင်နရယ် ပရင်ဒါဂတ်၊ ကာ နယ်စလေဒင်၊ ရန်ကုန်ဝန့်ရှင်တော် အင်္ဂလိပ် ဗျူရိုကရက် နယ်ချဲ့အတ္တလွန် ဘီလူး သဘက်ကြီး ဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင် တို့ကို ထမင်းဖိတ်ကျွေးပြီး အိပ်မက်ဆုံရာ တေးသံသာတွေနဲ့ ဖျော်ဖြေပြီး ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ဖို့ စိတ်ကူး ထဲမှာ ပျော်ရွှင်ကြည်နူး ပီတိ တွေဖြစ်နေတဲ့ ကင်းဝန်အဖွဲ့သားတွေကို အရေးကြီးဆုံး စကားတစ်ခွန်းပါးချင် တာကတော့ သန်း ၅၀ ကျော် မြန်မာပြည်သူတွေရဲ့ ဘ၀ ကံကြမ္မာကို လောင်းကြေးတင်ပြီး The Last show Hard ဆိုပြီး ပုံအောကစားပစ်ဖို့ ရည်ရွယ်နေတယ်ဆိုရင် ပြည်သူ့ဆန္ဒ၊ ပြည်သူ့ အသံ၊ ပြည်သူတို့ရဲ့ လိုလားချက်ကို အသိအမှတ်ပြု၊ လေးစား အားကိုးတဲ့အနေ နဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ပြုလုပ်ဖို့ နန်းတော်ထဲကို ဖိနပ်စီး ၀င်လာပြီး ရသမျှ နန်းတွင်းရတနာ တွေကို ကျုံးယူနေတဲ့ အင်္ဂလိပ်နဲ့ ဂေါ်ရာ စစ်သားတွေရဲ့အကြီးအမှူး ဗိုလ် ချုပ်ပရင် ဒါဂတ်နဲ့ ဗိုလ်မှူးကြီး စလေဒင်တို့ကို စိန် ခေါ်လိုက်ပါလား။ တစ်ချိန်တည်းမှာ အရိုး အရင်း၊ အကြွင်း အကျန်မျှော်၊ ခေတ်သစ် မောင်သာဖြိုးတွေကိုလည်း ပြည်သူက ဒဏ်ခတ်ကြမှာ မလွဲဧကန်ပါပဲဆိုတာ ယုံ ကြည် လိုက်ကြစမ်းပါ။

 မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment