ရန်ကုန်၊ ဇန်နဝါရီ ၁- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ၂၀၁၅ခုနှစ်ကို စည်းရုံးရေးနှစ်အဖြစ် သတ်မှတ်ထားခြင်းသည် ရွေးကောက်ပွဲအောင် နိုင်ရေးတစ်ခုတည်းအတွက် သတ်မှတ်ထားခြင်းမဟုတ်ကြောင်း ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
''စည်းရုံးရေးဆင်းတယ်ဆိုတာက election campaign ကို ပြောတာ မဟုတ်ပါ ဘူး။ စည်းရုံးရေးနှစ်ဆိုတာ ပြည်သူလူထုကို စည်းရုံးတာကို ပြောတာပါ။ အန်တီတို့ စည်းရုံးရေး ဆိုတာကို
ဘယ်လိုနားလည်လဲဆိုတော့ ပြည်သူလူထုနဲ့ အန်တီတို့ဟာ တူညီတဲ့ပန်းတိုင်တွေအတွက် တူညီတဲ့ ပူးပေါင်းဆောင် ရွက်မှုတွေနဲ့ ချီ တက်သွားနိုင်ဖို့ ဒါကို စည်းရုံးရေးလို့ အန်တီတို့က နား လည်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် လုပ်တယ် ဆိုတာလဲ စည်းရုံးရေးပဲ။ ရွေးကောက်ပွဲနိုင် အောင်လုပ်တာတစ်ခုတည်း မဟုတ် ပါဘူး။ ဒါ အင်မတန်မှကျဉ်းမြောင်း တဲ့အမြင်ပါ။ စည်းရုံးရေးဆိုတာဘာ လဲဆိုတာ အတိုချုပ်ပြောလို့ရှိရင် တော့ ဒီမိုကရေစီအမြစ်တွယ်ရေးအတွက် ပြည်သူတွေ အားလုံး ဝိုင်းဝန်း ပါဝင်မှု။ ဒါဟာ အန်တီတို့ အဓိက စည်းရုံးလိုတဲ့ လမ်းစဉ်ဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒီဇင်ဘာ ၃ဝရက်က အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအား ဝင် ရောက်ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည် ကို ရွေးကောက်ပွဲကျင်းပမည့်ရက် တိတိကျကျသတ်မှတ်ပြီးမှသာ ဆုံး ဖြတ်မည်ဖြစ်ပြီး ယခုအချိန်သည် စောနေသေးသည့်အတွက် မပြော နိုင်သေးကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ပြည် တွင်းပြည်ပမီဒီယာများနှင့် တွေ့ ဆုံကာ လက်ပံတောင်းအရေး၊ ရွေးကောက် ပွဲနှင့် ပတ်သက်သည်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ တရားဥပဒေစိုးမိုးရေး၊ ခြောက် ပွင့်ဆိုင်၊ ထိုင်းနိုင်ငံ ခိုတောင်ကျွန်းအရေး၊ မျိုးစောင့်ဥ ပဒေကြမ်းများ၊ သမ္မတ ဦးသိန်းစိန် လက်ထက် ပြုပြင်ပြောင်းလဲမှုများ စသည့်မေးမြန်းမှု များကို ပြန်လည်ဖြေကြားခဲ့သည်။
SYMZ
#Democracytoday
No comments:
Post a Comment