Wednesday, December 31, 2014

၂၀၁၅နှစ်ဆန်းပိုင်းတွင်မြန်မာနိုင်ငံအနှံ့ အချိန်အခါမဲ့ မိုးရွာနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀-၂၀၁၅ ခုနှစ်ဇန်နဝါရီလအစပိုင်းတွင် မြန်မာ နိုင်ငံ၏ တိုင်းနှင့်ပြည်နယ်အချို့တွင် အချိန်အခါမဲ့မိုးရွာသွန်းနိုင်ကြောင်း မိုလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြား လိုက်သည်။

ယင်းကဲ့သို့မိုးရွာသွန်းရခြင်း မှာ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်း တွင်ဖြစ်ပေါ်နေသော လေ ဖိအားနည်းရပ်ဝန်းမှာ လာမည့် ဇန်နဝါရီ ၁ရက်တွင် ဆိုင်ကလုန်းမုန် တိုင်းအဖြစ် ရောက်ရှိလာနိုင်ပြီး အရှေ့ဘက်သို့ရွေ့လျား နိုင်ကြောင်း သိရသည်။

''၃ဝရက်နေ့လောက်ကနေ ၂ ရက်နေ့လောက်ထိ မိုးရွာနိုင်တယ်။ ဒါကလဲ မုန်တိုင်းရဲ့အရှိန်ကြောင့်ရွာ တာပါ။ တိုက်ရိုက်ကြီးဝင်ရောက် နိုင်တာတော့မဟုတ်ပါဘူး''ဟု ဒေါက် တာထွန်းလွင်က ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန် ကြောင့် အချိန်အခါမဲ့မိုးရွာ သွန်းနိုင် သော တိုင်းနှင့်ပြည်နယ်များမှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင် ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး တိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ် ကိုင်းတိုင်းအောက် ပိုင်း၊ မန္တလေး တိုင်းမြောက်ပိုင်းတို့တွင် ရွာသွန်း နိုင် ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အထူးသ တိပြုသင့်ကြောင်း သိရသည်။

ကမ်းရိုးတန်းဒေသများတွင် လည်း မုန်တိုင်းအရှိန်ကြောင့် လေ တိုက်နှုန်း များ ပြင်းထန်နိုင်သဖြင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းစက်လှေ များ သတိထား သွားလာသင့်ကြောင်း၊ မြန်မာနိုင်ငံ၏မိုးဦးကာလနှင့်မိုးလွန် ကာလတွင် မုန်တိုင်းဖြစ်ပေါ်မှုများ ပြားပြီး၊ ၂၀၀၈ခုနှစ်မှစတင် ကာမိုး လွန်ကာ လဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်း မုန်တိုင်းသုံးလုံး မှ၊ လေးလုံးအထိဖြစ် ပေါ်လေ့ရှိကာ ယခုမုန်တိုင်းဖြစ်ပေါ် ခဲ့ပါက မိုးလွန် ကာလတွင် မုန်တိုင်း သုံးလုံးရှိသွားမည်ဖြစ်ကြောင်း သိရ သည်။

MMA
‪#‎Democracytoday‬

No comments:

Post a Comment