စစ်ကိုင်း၊ ဒီဇင်ဘာ ၂၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖြိုခွင်းခံရမှုတွင် သေဆုံးခဲ့ရသည့် မိုးကြိုးပြင်ရွာသူ ဒေါ် ခင်ဝင်း သေဆုံး မှုတွင် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးမှာ တာဝန်အရှိဆုံးသော်လည်း တာဝန်ယူဖြေရှင်း ပေးခြင်း မရှိသည့်အတွက် ၎င်းအား ဖြုတ် ချပေးရန်အတွက် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် တစ် ကိုယ်တော် ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်မည့် ကိုသန်းထိုက်ဦးက ဒီဇင်ဘာ ၂၈ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
ဒီဇင်ဘာ(၂၂)ရက်နေ့တွင် လက်ပံတောင်းဒေသ၌ ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်နှိမ်နင်းခဲ့မှုကြောင့် ဒေသခံ ရွာသူ ရွာသားများ ဒဏ်ရာ အများအပြားရရှိခဲ့သည့်အပြင် ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံး ခဲ့သည့် ကိစ္စအပေါ် တိုင်းအစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ်က ယခုအချိန် အထိ တစ်စုံတစ်ရာ ဖြေရှင်းပေး ခြင်း မရှိသေးပေ။…
““တိုင်းဒေသကြီးအစိုးရဟာ ပြည်ထောင်စုအစိုးရကို တာဝန်ခံရတာဖြစ်တဲ့ အတွက်ကြောင့် အဓိကသူ့မှာ တာဝန်ရှိတယ်။ လက်ပံတောင်းမှာ ဒေါ်ခင်ဝင်း မသေဆုံးခင်ကတည်းက ပဋိပက္ခဖြစ်နေတာပါ။ ဒီဇင်ဘာ(၁၃) ရက် နေ့မှာပစ်ခတ်မှုတွေရှိခဲ့လို့ လက်တို့၊ ပေါင်တို့မှာ ဒဏ်ရာရသွား တာ တွေရှိတယ်၊ အဲဒီကတည်းက စစ်ကိုင်း တိုင်းဝန်ကြီးချုပ်အနေနဲ့ အဲဒီဒေသကို သွားရောက်ပြီးတော့ ပြည်သူလူထုနဲ့ ညှိနှိုင်းသင့်တယ်၊ ဘာဖြစ်လို့ လဲဆို တော့ သူဟာ ၂၀၁၀ရွေးကောက်ပွဲမှာ ပြည်သူလူထုကပေးတဲ့မဲတွေနဲ့ တက်လာတဲ့အတွက်ကြောင့် သူ့ကိုယ်သူ ပြည်သူ့ရဲ့ ၀န်ကြီးချုပ်တစ်ယောက်လို့ ယူဆတယ်ဆိုရင် ပြည်သူလူထုထဲကို သွားရမယ်။ ပြည်သူလူထုရဲ့ အခက် အခဲတွေကို နားထောင်ရမယ်။ အဲဒီလိုမလုပ်ဘဲနဲ့ မျက်နှာလွှဲခဲပစ်လုပ်လိုက်တဲ့ အတွက်ကြောင့် ဒေါ်ခင် ၀င်းသေ ဆုံးသွားရတာပဲ၊ ဒါ့ကြောင့်သူ့ကို ဖြုတ်ချပေး ဖို့တောင်းဆိုရတာ”” ဟု ကိုသန်းထိုက်ဦးက မြန်မာ သံ တော်ဆင့်သို့ ပြောသည်။
အဆိုပါ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ပွဲကို မူလက ဇန်န၀ါရီ (၄)ရက်နေ့တွင် ပြုလုပ်ရန် သက်ဆိုင်ရာသို့ စာတင်ထားသော်လည်း မြို့နယ်ထွေအုပ်၊ အုပ်ချုပ် ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအ၀င် ဖြေလျော့ရေး အဖွဲ့ဝင်များက ကိုသန်းထိုက်ဦးတင်ပြထားသည့် ခေါင်းစဉ်နှင့်ကြွေးကြော် သံများ၊ ဗီနိုင်းစာသားများအနက်မှ အချို့ ကို ပြင်ဆင်ပေးရန်နှင့် ဇန်န၀ါရီ (၄) ရက်နေ့တွင် နိုင်ငံတော် သမ္မတအနေနှင့် ဗိုလ်ရှု့ခံသဘင်ရှိနေသော ကြောင့် ဆန္ဒထုတ်ဖော်မည့်ရက်ကို နောက်ဆုတ်ပေးရန် မေတ္တာရပ်ခံမှုတို့ကြောင့် ဇန်န၀ါရီ(၅)ရက်နေ့သို့ ပြောင်း လဲ ပေးခဲ့ရဖြစ်သည်။
ဆန္ဒဖော်ထုတ်မှုကို စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ဘ၀အလင်းဆေးခန်းရှေ့မှ စတင်မည်ဖြစ် ပြီး စစ်ကိုင်း မြို့၊ မြို့မဈေးကြီးအရှေ့ တွင် ““တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသောအစိုးရ အလိုမရှိခေါင်းစဉ်”” ဖြင့် ဟောပြော ပွဲပြုလုပ်သွားမည်ဖြစ်သည်။
““၂၀၀၈ အခြေခံဥပဒေထဲမှာ နိုင်ငံတော်က နိုင်ငံသားတွေရဲ့ အသက်နဲ့ ပတ်သက်ပြီးတော့ ဥပဒေအရ (တည် ဆဲဥပဒေနှင့် အညီမှတစ်ပါး) မဟုတ်ရင် အသက်ကိုလည်းကောင်း၊ လွတ်လပ်စွာ နေထိုင်မှုကို လည်းကောင်း တာ ၀န်ယူရမယ်ဆိုတဲ့ ပုဒ်မတစ်ခုပါတယ်။ အခုဖွဲ့ စည်းပုံအခြေခံ ဥပဒေအရပြောမယ်ဆိုရင် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က ကိုယ့်တိုင်းထဲမှာရှိတဲ့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မကာကွယ်နိုင်ဘူး။ ဒါဟာ ၀န်ကြီးချုပ် တာဝန်ကို ပေါ့လျော့သလို ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်းချိုး ဖောက်ရာရောက်တယ်”” ဟု တစ် ကိုယ်တော် ဆန္ဒထုတ်ဖော်မည့် ကိုသန်းထိုက်ဦးက မြန်မာသံတော် ဆင့်သို့ ပြောသည်။
အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment