အစိုးရနှင့် တိုင်းရင်းသားတပ်ဖွဲ့များကြား ပဋိပက္ခများ အရှိန်မြင့်လာချိန်တွင် ဖုန်ကြားရှင်က ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ကွန်မြူနစ်ပါတီ အာဘော်ဖြစ်သော ပြည်သူ့နေ့စဉ်သတင်းစာဖြင့် အင်တာဗျူးပြုလုပ်ခဲ့သည်။
အဆိုပါ အင်တာဗျူးတွင် အသက် ၈၄ နှစ်ရှိ ဖုန်ကြားရှင် က ၄င်း၏ အမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော်သည် ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း အစိုးရစစ်တပ်နှင့် ယှဉ်ဆိုင် တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအား ဒီဇင်ဘာ ၂၁ မှ ၂၃ ထိ ပြုလုပ်ရန် စီစဉ် ထားသော်လည်း အစိုးရတပ်က ကချင်တပ်ဖွဲ့စခန်းအား တိုက်ခိုက်ခြင်းနှင့် တပ်များတိုးချဲ့ချထားခြင်းတို့ကြောင့် တိုင်းရင်းသားတပ်ဖွဲ့များမှာ တိုက်ပွဲဝင်ရန် ဖိအားပေးခံရသကဲ့သို့ ဖြစ်နေသည်ဟု ဖုန်ကြားရှင်ကဆိုသည်။
ဒီဇင်ဘာ ၉ မှ ၁၃ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ တွင် အစိုးရ စစ်သား တစ်ရာခန့်ကျဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။ စီစဉ်ထား သည့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ အစိုးရတပ်နှင့် တိုင်းရင်းသား တပ်ဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်ဘဲ ပြုလုပ်ခဲ့သည်။
မန်ဒရင်းဘာသာအား ယူနန်လေယူလေသိမ်းနှင့် ပြောကြားသည့် ဖုန်ကြားရှင် က “ကိုးကန့်ဒေသ ကို ပြန်ရတဲ့အထိ မြန်မာအစိုးရကို တိုက်ခိုက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
၂၀၀၉ ပဋိပက္ခတွင် ကိုးကန့်ဒေသအား ထိန်းချုပ်နိုင်ရေး နအဖအစိုးရ လိုလားသည့် ပြိုင်ဘက်အား ရှုံးနိမ့်ခဲ့သည့် ဖုန်ကြားရှင်သည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟုဆိုသည်။ နောက်တစ်နှစ်တွင် အပြင်းအထန် နာမကျန်းဖြစ်ခဲ့ပြီး လမ်းပင်မလျှောက်နိုင်ခဲ့ဟုဆိုသည်။ ထိုစဉ်က သေဆုံး မသွားခြင်းမှာ ဘုရားသခင်က သူ့အတွက် အစီအစဉ် ရှိနေသေး ၍ ဖြစ်သည်ဟု ဖုန်ကြားရှင်က ပြောကြားခဲ့သည်။
ဖုန်ကြားရှင်သည် ၂၀၁၂ တွင် ကချင်တပ်ဖွဲ့ဌာနချုပ်သို့ လာရောက်ခဲ့ပြီး ဒေသ ခံခေါင်းဆောင်များ ကို အံ့အားသင့်စေခဲ့သည်။
ထိုသို့ ပြန်လာမှုမှာ ကိုးကန့်တပ်ဖွဲ့ ပြန်လည်ပေါ်ပေါက်လာခြင်း၏ အစဖြစ်သည် ဟု ဖုန်ကြားရှင်က Global Times သို့ ဖြေကြားခဲ့သည်။
Ref - Global Times
The Ladies News Journal

No comments:
Post a Comment