Wednesday, December 31, 2014

တက္ကသိုလ်များတွင် ကျောင်းသားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပေးခြင်းသည် လက်ရှိကျောင်းသားသမဂ္ဂများကို ဖျက်သိမ်းစေလိုခြင်းကြောင့် မဟုတ်ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃၀- တက္ကသိုလ် များတွင် ကျောင်းသားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပေးခြင်းသည် လက် ရှိ ကျောင်းသားသမဂ္ဂများကို ဖျက်သိမ်းစေ လိုခြင်းကြောင့် မဟုတ်ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကထုတ်ဖော်ပြောကြားလိုက်သည်။

''ဒီလိုကျောင်းသားအဖွဲ့အစည်းတွေကို ဖွဲ့စည်းခိုင်းခြင်းဟာ နောင် လာမယ့် လွတ်လပ်တဲ့တက္ကသိုလ်တွေမှာ အခုလိုကျောင်းသားသမဂ္ဂတွေဖွဲ့စည်းမယ် ဆိုရင် ဘယ်အစီအစဉ်မျိုးတွေနဲ့ လုပ်ရတယ်ဆိုတာကို စနစ်တကျဆောင် ရွက်တတ်ဖို့ အခုကတည်းက လေ့ကျင့်ပေးနေတာပါ။ပြသနာဖြစ်အောင် ဖွဲ့စည်းစေတာ မျိုးမဟုတ်ပါဘူး။ ဒီအပေါ်မှာ ကျောင်းသားတွေကန့်ကွက်တာ

လက်မခံတာ တွေရှိနေပေမယ့် ဒီမိုကရေစီနည်းလမ်းအရ ကန့်ကွက်ပိုင်ခွင့် ရှိပါတယ်။သူတို့ကန့်ကွက်တဲ့အပေါ်မှာတော့ ဘာမှပြောစရာမရှိပါဘူး''ဟု ယင်း အရာရှိက ပြောသည်။

ယင်းကဲ့သို့ပြောကြားရခြင်းမှာ မကြာခင်တွင် စတင်ဖွဲ့စည်းတော့ မည့် ကျောင်းသားအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းမှာ ကျောင်းသား၊ ကျောင်း သူများ၏သဘောဆန္ဒအရ ဖွဲ့စည်းခြင်းမျိုးမဟုတ်ဘဲ တက္ကသိုလ်ပါမောက္ခချုပ်များ ထိန်းချုပ်မှုပါဝင်နေသည်ဟု ဆိုကာ လက်ရှိဖွဲ့စည်းထားသည့် တက္ကသိုလ်ကျောင်း သားသမဂ္ဂ ၁၉ခု တို့စုပေါင်းကာ ထုတ်ပြန်လိုက်သည့် သဘောထားကြေညာချက် အပေါ် အဆိုပါအရာရှိက တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒီမိုကရေစီစံနှုန်းအတိုင်း တက္ကသိုလ်တိုင်းမှာ အဖွဲ့ဖွဲ့ခွင့်ပေးတာ ပါ။အဲ့ဒီအဖွဲ့တွေ ဖွဲ့စည်းမယ်ဆိုရင် ဖွဲ့စည်းမယ့်သူတွေက သူတို့ဘာသာသူတို့ လွတ်လပ်စွာ ခေါင်းဆောင်ရွေး ချယ်တင်မြှောက်တာတို့၊ အဖွဲ့ဝင်အဖြစ် ပါဝင်အောင် ဆောင်ရွက်တာတို့ကို လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်။ သူတို့ကို တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါ ဘူး''ဟု ယင်းက ပြောသည်။

လက်ရှိကျောင်းသားသမဂ္ဂက တက္ကသိုလ်များတွင် တက္ကသိုလ်အာဏာပိုင်များ က ကျောင်းသားအဖွဲ့အ စည်းများကို ဒီမိုကရေစီနည်းလမ်းတကျမဟုတ်ဘဲ တစ်ဖက်သတ်ဖွဲ့စည်း ခြင်း၊ ကျောင်းသားများကိုအသိမပေးခြင်းတို့ကြောင့် ဖွဲ့စည်းမည့်ကျောင်း သားအဖွဲ့အသစ်များကို လက်မခံကြောင်း ဒီဇင် ဘာ၂၉ရက်က မြန်မာ နိုင်ငံ ဂျာနယ်လစ်ကွန်ရက်တွင် ပြု လုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ မှ ဒေးဗစ်နော်ဒိန်းက ''ဖွဲ့ စည်းတော့မယ့် ကျောင်းသားအသင်းအဖွဲ့တွေဖွဲ့ စည်းမှုတွေကို ကျွန်တော် တို့သမဂ္ဂတွေအနေနဲ့ လက်မခံဘူး။ ကျွန်တော် တို့ကျောင်းသားသမဂ္ဂတွေ ကိုလဲ ဖျက်သိမ်းမှာမဟုတ်ဘူး''ဟု ပြောသည်။

ဒီဇင်ဘာ ၃ဝရက်တွင် ဒဂုံတက္က သိုလ်၌ ကျောင်းသားအသင်းအဖွဲ့ များကိုစတင်ဖွဲ့စည်းပြီး ကျောင်းသားခေါင်းဆောင်များကို ရွေးချယ်သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံပညာရေးကျွမ်းကျင်သူ ဒေါက်တာစိုးဝင်းဦးက ''ဒီလိုဖွဲ့စည်းခိုင်းလိုက် တာဟာ တက်ကြွ လူငယ်ခြင်းတိုက်ပေးလိုက်တာလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အမိုးအကာ တစ်ခုတည်းအောက်မှာနေကြရတဲ့ ကျောင်းသားလူငယ်တွေဟာ ညှိနှိုင်း ပြီး အဖြေရှာတာမျိုးတွေတော့ လုပ် သင့်တယ်။ ဆရာသမဂ္ဂတွေကလဲ ကြားကနေ ဒိုင်လိုသဘောမျိုးနဲ့ ညှိ နှိုင်းပေးစေချင်တယ်။ တစ်ဖက်နိုင်ရ မယ်။ တစ်ဖက်က ရှုံးရမယ်ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူး။ ကျောင်းသားသမဂ္ဂဆို တာက ကျောင်းသားအရေး ပဲဆောင်ရွက်နေလို့မရပါဘူး။ ကျောင်းသားသမဂ္ဂ ဆိုတာ နိုင်ငံရေးလေ့ကျင့်ကွင်းပဲ''ဟုပြောသည်။

လက်ရှိဖွဲ့စည်းထားသော ကျောင်းသားသမဂ္ဂများနှင့် တက္ကသိုလ်တာဝန်ရှိသူ များက ဖွဲ့စည်းသည့် ကျောင်းသား၊ ကျောင်းသူအဖွဲ့အစည်းများသည် သမဂ္ဂများ ဖွဲ့စည်းခွင့် ပြုသည်ဆိုသည့် ဥပဒေနှင့် နည်းဥပဒေတရားဝင်မထွက်ရှိသေး၍ တရားဝင်အဖွဲ့များမဟုတ်ကြောင်း သိရသည်။

OKH, ATK
#Democracytoday


 
 


No comments:

Post a Comment