Thursday, January 1, 2015

ဘင်္ဂါလီများ ၁၉၈၂ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်လျှောက်လွှာများ ယနေ့စတင်လက်ခံ

 ရန်ကုန်၊ ဒီဇင်ဘာ ၃၁-ရခိုင်ပြည် နယ် တစ်ပြည်နယ်လုံးတွင် နေထိုင်နေသူ ဘင်္ဂါလီများအား ၁၉၈၂ မြန် မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ခြင်း ခံယူလိုကြောင်း လျှောက်ထားသည့် လျှောက်လွှာများကို ယနေ့ (ဇန်နဝါရီ ၁ရက်)စတင် လက်ခံမည်ဖြစ်ကြောင်း သိရသည်။

''ဒီနေ့ကစပြီး တစ်ပြည်နယ်လုံး မှာရှိတဲ့ ဘင်္ဂါလီတွေက နိုင်ငံသားပြုခွင့် ရသူအဖြစ် အစစ်ဆေးခံလိုကြောင်း လျှောက်ထားတဲ့ လျှောက်လွှာတွေကို လက်ခံမယ်။ အဲဒီအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ ကိုယ်စားလှယ်တွေ ကို ပြောထားပြီး ဖြစ်တယ်''
ဟု ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောသည်။

ယင်းကဲ့သို့ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ခြင်းကို အထောက်အကူပြု သင်တန်းတစ်ခုကိုလည်း ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်က နေပြည်တော်တွင် သင်တန်းပေးပြီးဖြစ်သည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် တွင် ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ခြင်းကို ၂၀၁၄ခုနှစ် ဇွန်လအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် တစ်ပြည်နယ်လုံးမှ ဘင်္ဂါလီများ ကို နိုင်ငံသားစိစစ်ရန် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ညွှန်ကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေပုံမြို့နယ်တွင် ပြည်နယ်အ ဆင့် စိစစ်ပြီးသော ဘင်္ဂါလီလူဦးရေ ၃၀ဝထဲမှ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေနှင့်ညီသော နိုင်ငံသား ၄၀၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ဦး နှင့် နိုင်ငံသားပြုခွင့်လျှောက်ထားသူ မိဘနှစ်ပါး လျှောက်လွှာတွင်ပါဝင် သူ အသက် ၁၈နှစ်ပြည့်ပြီးသူ သားသမီး ၃၈၃ဦးတို့ကို နိုင်ငံဗဟိုလူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ခွင့်ပြုပေးထားသည်။

လက်ရှိ မြေပုံတွင်ပြုလုပ်နေဆဲဖြစ်သော နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကိုလည်း ယာယီရပ်ဆိုင်းထား ပြီး အခြားမြို့နယ်များတွင် နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းစတင်မှသာ တစ်ချိန်တည်းလုပ်ဆောင်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ညွှန်ကြားထားကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် လူဦးရေ သုံး သန်းနီးပါးရှိသည့်အနက် တစ်သန်းကျော်မှာ ဘင်္ဂါလီများဖြစ်ကြောင်း ပြည် နယ်အစိုးရ၏ ဇွန်လအတွင်း ထုတ်ပြန်ချက်အရ သိရသည်။


NTDW
‪#‎Democracytoday‬

No comments:

Post a Comment