Wednesday, December 31, 2014

လစာတိုးမြင့်၍ ကုန်ဈေးနှုန်းကြီးပြီး ပြည်သူများကို ထိခိုက်မှု ရှိနိုင်

မန္တလေး (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ လူဦးရေ၏ ၉၈ ရာခိုင်နှုန်း မှာ နိုင်ငံဝန်ထမ်း မဟုတ်သောသူများ ဖြစ်သောကြောင့် နိုင်ငံဝန်ထမ်းများအတွက် လစာ တိုးမြင့်ပေးလိုက်လျှင် ကုန်ဈေးနှုန်း ကြီးမြင့်လာမည်ဖြစ်ရာ ထိခိုက်မှုများရှိလာ နိုင်သဖြင့် အသေးစိတ်လေ့လာမှုများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း က ပြောသည်။

သမ္မတရုံးဝန်ကြီးနှင့် သက်ဆိုင်ရာဌာန အသီးသီးတို့မှ ဝန်ကြီးများမှ လုပ်ခလစာတိုးမြင့်သတ်မှတ်ခြင်း ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေးခန်းမတွင် တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံဝန်ထမ်းတွေ လစာတိုးပေးလိုက် တဲ့အခါမှာ ကျွန်တော်တို့ သိနေကြတဲ့အတိုင်းပဲ အခြေခံကုန် ဈေးနှုန်းတွေဟာ မြင့်တက်ခဲ့ တာကို တွေ့ရပါတယ်။ နိုင်ငံဝန်ထမ်းဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၂ရာခိုင် နှုန်းပဲ ရှိပါတယ်။ ပြည်သူလူထုကို အလုပ်အကျွေးပြုစုနေတဲ့ သူတွေလည်းဖြစ်တဲ့ အတွက်လည်း သတိကြီးစွာနဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီအတွက် အသေးစိတ်တွက်ချက် ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

လစာတိုးမြှင့်ခြင်းကို နိုင်ငံတော်က စေတနာရှိတိုင်း တိုးမြှင့်ခြင်း ပြုလုပ်၍ မရနိုင်ဘဲ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော ကုန်ဈေးနှုန်း တိုးမြင့်လာခြင်း၊ ငွေဖောင်းပွမှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းလာနိုင်ခြင်း၊ အလုပ်လက်မဲ့ ပြဿနာများ ပေါ်ပေါက် လာနိုင်ခြင်း၊ နိုင်ငံတော်ဘတ်ဂျက် လိုငွေပြမှုများ ဖြစ်လာနိုင်ခြင်းနှင့် ငွေကြေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့်တို့ ဖြစ်ပေါ်လာနိုင် သဖြင့် ချင့်ချိန်ဆောင် ရွက်နေရသည်ဟု ဆိုသည်။

ထို့အတွက် နိုင်ငံဝန်ထမ်းများ လစာတိုးမြင့်ပေးရေးပိုင်းထက် အခြားသော လိုအပ်ချက်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများကို တိုးမြင့်ဆောင် ရွက်ပေးခြင်း၊ ၀န်ထမ်းများ အငြိမ်းစားရယူပြီး လျှင် ကိုယ်ပိုင်အိမ်ရာများဖြင့် နေထိုင်နိုင်ရန်၊ ကျန်းမာရေးပိုင်း ဆိုင်ရာများ ကုသနိုင်မည့် ငွေကြေးရရှိ စေရန်၊ မိသားစုဝင်များကို ပညာရေးဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်နိုင်ရန် တစ်ဦးချင်း ဝင်ငွေစုဆောင်းမှုစနစ် လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment