Tuesday, December 30, 2014

လက်ပံတောင်းတောင်ပဋိပက္ခဖြစ်ပွားရခြင်း၏ အဓိကတရားခံသည် နောက်ကွယ်မှ နိုင်ငံရေးလုပ်စားသူလူလည်များကြောင့်ဟုMYN အဖွဲ့မှ မုံရွာမြို့ပေါ်တွင် လက်ကမ်းစာရွက်များဖြန့်ဝေ

မုံရွာ၊ ဒီဇင်ဘာ ၂၉ -လက်ပံတောင်း တောင်တွင် ဖြစ်ပွားနေသောကိစ္စ များနှင့်ပတ်သက်၍ အဓိက တရားခံ မှာနောက်ကွယ် မှ မြှောက် ထိုး ပင့် ကော်လုပ်နေသည့် နိုင်ငံရေးလုပ် စားသူလူလည်တွေကြောင့် ဖြစ်သည် ဟု ရေးသားထားသော လက်ကမ်း စာရွက်များကို ဒီဇင်ဘာ ၂၇ ရက် နှင့် ၂၈ ရက်များတွင် ညအချိန်၌ မုံရွာမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင် များ၊ စားသောက်ဆိုင်များတွင် MYN အဖွဲ့မှ လိုက်လံဖြန့်ဝေနေကြောင်း ဒေသခံများထံမှ သိရသည်။

'' ပထမရက် က ဖြန့်တာက တော့ MYN ကဖြစ်တယ်လို့ ကျွန် တော်သိရတယ်၊ နောက်ရက်နေ့ည ဖြန့်တာကတော့ အချင်းချင်းသွေး ကွဲစေနိုင်လို့ လုပ်ငန်းကော်မတီ မသိဘဲ အဲဒီလိုမလုပ်သင့်ဘူး၊ နောက် ပြီး MYN အဖွဲ့နာမည်သုံးပြီး တခြား အဖွဲ့က ဖြန့်ဝေ တာလဲ ဖြစ်နိုင် တယ်''ဟု မုံရွာမြို့မှ နိုင်ငံရေးတက် ကြွလှုပ်ရှားသူ ကိုရာဇာက ဒီဇင် ဘာ ၂၉ ရက်တွင် ပြောသည်။

MYN အဖွဲ့မှာ မုံရွာလူငယ်များ ကွန်ရက်ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့ သည် UG (မြေအောက်အဖွဲ့အစည်း)အဖွဲ့ပုံစံ လှုပ်ရှားလေ့ရှိပြီး ဒီဇင်ဘာ ၂၉ရက် ညပိုင်း တွင် လက်ပံတောင်း တောင်ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အ ဖွဲ့တရားဝင် ထုတ်ပြန် ကြေညာချက် တစ်ခုထုတ်ရန်ရှိကြောင်း ယင်းတို့ နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၈ ရက်ညပိုင်းက ဖြန့်ဝေသောစာရွက်ပေါ်တွင် ကိုယ့် မြေကိုယ့် ယာကိုခင်တွယ်တဲ့ လက်ပံ တောင်းဒေသခံ တောင်သူမ ကြီး ဒေါ်ခင်ဝင်း သေ ဆုံးခြင်းအား ဝမ်း နည်းကြောင်း၊ ဒေါ်ခင်ဝင်းမှ မဟုတ် တစ်နေ့သေမယ့် လူတွေချည်းပဲဖြစ် ကြောင်း၊ အဓိက တရားခံကနောက် ကွယ်မှ မြှောက်ထိုး ပင့်ကော်လုပ်နေ ပြီး နိုင်ငံရေးလုပ်စားသူ လူလည်တွေ သာဖြစ်ကြောင်း ရေး သားထားသည်။

လက်ပံတောင်းတောင်ဒေသရှိလိပ်ခွံတောင်အနီးတွင် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့နှင့် ဒေသခံများ ပဋိပက္ခတွင် ဦးခေါင်းသေနတ်ကျည်ဆန်ထိမှန်သေ ဆုံးခဲ့သည့် မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်းသေဆုံးမှုအား စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း သိရသည်။

KTS
‪#‎Democracytoday‬

No comments:

Post a Comment