ရန်ကုန်၊ ဇန်န၀ါရီ ၁
၂၀၁၅ ရွေးကောက်ပွဲကာလကို လာမည့် အောက်တိုဘာလကုန် နိုဝင်ဘာလ ဆန်းတွင် ကျင်းပသွား မည်ဖြစ် ကြောင်း ပြည်ထောင်စုရွေး ကောက် ပွဲ ကော်မရှင်က ကြေညာထားသော်လည်း မဲဆွယ်စည်းရုံး ခွင့်ကာလမှာ ရက်ပေါင်း၃၀သာ သတ်မှတ် ထားသေးကြောင်း ပြည်ထောင်စုရွေး ကောက် ပွဲကော်မရှင်မှ လက်ထောက်ညွှန် ကြားရေးမှူး (နိုင်ငံရေးပါတီ) ဦးလှမောင်ချိုက ဇန်န၀ါရီလ ၁ရက်တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။
မဲဆွယ်ခွင့်ကာလကို ရက်ပေါင်း ၆၀အထိ တိုးမြှင့်ပေးသွားမည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံခဲ့စဉ် မကြာခဏဆိုသလို ထုတ် ဖော်ပြောဆိုလေ့ရှိသော်လည်း ယခုအချိန် အထိ တရား ၀င်ပြောင်းလဲ သတ်မှတ်ထား ခြင်း မရှိသေးပေ။…
““အရင်တုန်းကထုတ်ပြန်ထားတဲ့ ညွှန် ကြားချက်၁/၂၀၁၄အတိုင်း ရက်ပေါင်း၃၀ ပဲ ရှိပါသေးတယ်။ ရက်ပေါင်း ၆၀ ဆိုတာ က ပြင်ဆင်ပေးမယ်လို့ပြောတာ ပါ။ လော လောဆယ် ကျွန်တော်တို့ကလည်း ရွေး ကောက်ပွဲမရှိ သေးတော့ ဘာမှ action မရှိ သေးတာပါ။ အပိုင်ပြောလို့ရတာ တစ်ခုက ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ မတိုင် ခင်ရက်ပေါင်း ၉၀ကြိုပြီးကြေညာသွားပါမယ်”” ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ လက်ထောက် ညွှန် ကြားရေးမှူး (နိုင်ငံရေးပါတီ) ဦးလှမောင်ချို က မြန်မာသံတော်ဆင့်သို့ ပြောသည်။ ၂၀၁၅ ခုနှစ်တွင် ပြုလုပ် မည့် အထွေထွေရွေးကောက်ပွဲကို၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းတွင် ပြု လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်၌ ““၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ကို ပြည် ထောင် စုရွေး ကောက်ပွဲကော်မရှင် က ပြုစုလျက်ရှိသည်””၊ ““မဲစာရင်းတွင် မိမိအမည်မပါလျှင်ပုံစံ (၃) ဖြင့် တောင်းခံပါ။ အချက်အလက် များမှား နေလျှင် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုပါ။ မဲပေးပိုင် ခွင့်မရှိ သူများ ပါလျှင် ပုံစံ(၄)ဖြင့် ကန့်ကွက်ပါ””ဟူ၍ ပါရှိ သည်။ ထို့ပြင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အခြားမြို့နယ်ဒေသသို့ ပြောင်းရွှေ့ရသည့် အခါအိမ်ထောင်စုစာရင်း(၆၆/၆) မပြောင်းရသေးပါက ၎င်း၏ မဲပေးပိုင်ခွင့်နေရာမှာ ယခင်နေထိုင်ခဲ့သည့် နေရာတွင် သာ ဖြစ်မည် ဖြစ်ကြောင်း လည်း ကော်မရှင်က ထုတ်ပြန်ထားသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ကန့်သတ်ချက်များအနေဖြင့် ယခုအချိန် အထိသီးသန့် ထုတ်ပြန် ရန် အတွက် သီးခြားအစီအစဉ် မရှိသေးဘဲ ယခင်ကညွှန်ကြားချက် ထုတ်ထားသည့်အတိုင်းသာ ကျင့်သုံးသွား မည်ဖြစ်ကြောင်လည်း ဦးလှမောင်ချိုက ပြောသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment