Tuesday, December 30, 2014

လိပ်ကျွန်းလူသတ်မှုကို မြန်မာများမကျူးလွန်ကြောင်း သက်သေအခိုင်အမာ ရရှိထားပြီဟု အထူးစုံစမ်းရေးအဖွဲ့ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၉- လိပ်ကျွန်း လူသတ်မှုတွင် မြန်မာများမကျူး လွန်ကြောင်း ကို သက်သေအခိုင်အ မာရရှိထားပြီးဖြစ်သည်ဟု လိပ်ကျွန်း လူသတ်မှု အထူးစုံ စမ်းရေး အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဇင် ဘာ ၂၉ ရက်တွင် ဒီမို ကရေစီတူဒေး သို့ ပြောသည်။

ထိုင်းနိုင်ငံလိပ်ကျွန်းတွင် ဗြိတိန် နိုင်ငံသား ခရီးသွားစုံတွဲနှစ်ဦး အ သတ်ခံရ သည့် အမှုကြောင့် လူ သတ်မှု တရားခံအဖြစ် သံသယရှိသူ မြန်မာရွှေ့ပြောင်း အလုပ် သမားနှစ် ဦးကို ဖမ်းဆီးထားသည့်အမှု၌ မြန်
မာနိုင်ငံသားများ အဆိုပါအမှု ကို မကျူးလွန်ကြောင်း ထိုင်းနိုင်ငံ ကော့စမွေ ခရိုင်တရားရုံးသို့ လူ သက်သေ ၃၁ ဦးတင်ပြထားပြီး ဖြစ်ကာ လက်ရှိတွင်လည်း ခိုင်မာ သည့် သက်သေ အထောက်အထား များ ထပ်မံတင်ပြရန်ရှိကြောင်းလည်း ဦးအောင်မျိုးသန့် က ပြောသည်။

''ဒီအမှုကို မြန်မာနှစ်ဦးမကျူး လွန်ဘူးဆိုတဲ့ သက်သေတွေရထား ပြီးပါပြီ။ ဘယ်လိုသက်သေမျိုး ဖြစ် မလဲ၊ ပစ္စည်းသက်သေဖြစ်မလား၊ လူ သက်သေဖြစ် မလား ဆိုတာကတော့ တရားခွင်မှာ သုံးရမယ့် သက်သေကို တန်ဖိုးထားရ မှာ ဖြစ်တဲ့အတွက် တ ရားခွင်မတင်မီ ပြော လို့မရပါဘူး''ဟု ရှေ့နေ ဦးအောင်မျိုးသန့် က ပြော သည်။

ဒီဇင်ဘာ ၂၆ ရက်ရုံးချိန်းတွင် လည်းသက်သေများကို စစ်ဆေးရာတွင် လက်ရှိကော့စမွေခရိုင်တရားရုံးမှာ မစစ်ဆေးဘဲ ဘန်ကောက် တရားရုံး တွင် စစ်ဆေးပေးရန် တရားရုံးတွင် တောင်းဆိုခဲ့ပြီး ထိုသို့တောင်းဆို ခြင်းမှာ သက်သေများသည် အ ကြောက်တရား များရှိနေပြီး သက် သေထွက်ဆိုရန် ငြင်းဆန်မှုများနှင့် ၎င်းတို့၏ လုံခြုံရေးစိုးရိမ်ရသည့် အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း၊ အမှန်တရား ပေါ်ပေါက်စေရန် လည်း ဖြစ်ကြောင်း၊ ထိုသို့တင်ပြမှု ထားကို တရားရုံးမှလဲလိုအပ်ပါက (Video Conference) ပြုလုပ်ကာ စစ်ပေးမည်ဟုလည်း ပြောကြား ထားကြောင်း ဦးအောင်မျိုးသန့်က ဆက်ပြောသည်။

ထိုင်းရှေ့နေများကောင်စီမှ ဥက္ကဋ္ဌ သည်လည်း မြန်မာနှစ်ဦး ပြစ်မှု မကျူးလွန် သည် ကို ယင်း အနေဖြင့် ယုံကြည်ကြောင်း၊ လက် ရှိရရှိထားသည့် သက်သေ များ ကို အကြောက်တရားများ မရှိစေရန် ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ လာ ရောက် ၍ အားပေးစကားဆိုသွား ရန်လည်း ရှိကြောင်းကို ပြည်ပမီဒီယာ အင်တာဗျူးများတွင် ဖြေကြားထား ခဲ့သည်။

အဆိုပါအမှုအတွက် ထိုင်းအစိုး ရရှေ့နေဘက်မှ လက်ရှိတွင် အမှု အတွက် လူသက်သေ ၆၅ ဦးနှင့် ပစ္စည်းသက်သေများ အပါအဝင်စုစု ပေါင်း သက်သေ ၁၄ဝကိုတရား ရုံးသို့ တင်ပြထားပြီး ထိုင်းအစိုးရရှေ့ နေများဘက်မှတင်ပြသည့် လူသက် သေများကို ၂၀၁၅ ခုနှစ်ဇူလိုင်နှင့် ဩဂုတ်တို့တွင် စစ်ဆေးသွား မည် ဖြစ် ကာ၊ မြန်မာဘက်မှ တင်ပြထား သည့် လူသက်သေများကို ၂၀၁၅ စက်တင် ဘာ ၁၊ ၂၊ ၂၂၊ ၂၄ ရက် များတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း လည်း သံရုံးအထူးစုံစမ်းရေးအဖွဲ့မှ သိရသည်။

မြန်မာနှစ်ဦးဘက်တွင်လည်း သက်သေများ ပိုမိုရရှိ ရန်အတွက် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင် ပြည်နယ်တို့တွင် သက်သေများ ရှာဖွေ သွားမည်ဖြစ်ပြီး ထိုသို့သက်သေများ ရှာဖွေရာတွင်လည်း သက်ဆိုင်ရာ တိုင်းဒေ သကြီးနှင့် ပြည် နယ် အစိုး ရအဖွဲ့များမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက် ကူညီပေးရန် ဒီဇင်ဘာ ၂၃ ရက်တွင် နေပြည်တော်၌သမ္မတ ရုံးမှတာဝန်ရှိသူ များနှင့် တွေ့ဆုံ စဉ် မြန်မာ သံရုံးအထူးစုံစမ်းရေး အဖွဲ့မှ တောင်းဆိုထားသည်။

ZCH
‪#‎Democracytoday‬

No comments:

Post a Comment