Monday, December 29, 2014

လက်ပံတောင်းအရေး ဆန္ဒပြသူတွေ အစိုးရ ဖြုတ်ချရေး ကြွေးကြော်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ဝန်းကျင်ဟာ ရန်ကုန်မြို့တော် မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့သို့ လမ်းလျှောက်ချီတက် ဆန္ဒပြနေကြပါတယ်။

မြို့တော်ခန်းမရှေ့ကနေ ဒီနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ် ဝန်းကျင်းက စတင်ထွက်ခွာခဲ့တာ ဖြစ်တယ်လို့ အဲဒီနေရာကို သွားရောက် သတင်းယူနေတဲ့ The Voice သတင်းထောက်က သတင်းပေးပို့ပါတယ်။


ဆန္ဒပြသူတွေဟာ လူသတ်အစိုးရ ဖြုတ်ချရေး၊ ဝမ်ပေါင်ထွက်သွား၊ ကျွန်ခံအစိုးရ ဖြုတ်ချရေး ဆိုတဲ့ ကြွေးကြော်ချက်တွေကို ကြွေးကြော်ပြီး ဆန္ဒပြနေကြတာလို့ သူက ဆက်လက် သတင်းပေးပို့ပါတယ်။

Credit -  The Voice Weekly

 
 

No comments:

Post a Comment