Tuesday, December 30, 2014

ရှားပါးလာသော မြန်မာ့ရိုးရာမုန့်များ ( ဆောင်းပါး )

|| သတင်းဆောင်းပါး - စိုင်းဟန် ||

ဗိုလ်ချူပ်ဈေး ရွှေဘုံသာလမ်းထိပ် ပလက်ဖောင်းပေါ်တွင် မုန့်မျိုးစုံ ရောင်းချသူများဖြင့် စည်ကားလျက်ရှိသည်။ ယင်းတို့ထဲတွင် မြန်မာသရေစာမုန့်အစုံရောင်းချသည့် မြောက်ဥက္ကလာပမှလာရောက်ရောင်းချသည့် ဒေါ်မာလာသည် ဝယ်သူမလာခင်အချိန်တွင် လုံးလက်စမုန့်လုံးလေးများအတွင်းသို့ ထန်းလျက်အပိုင်းလေးများအား အစာသွတ်ကာ လုံးဝန်းအောင်ပြုလုပ်လျက်ရှိသည်။

သူမကတော့ ယခုနောက်ပိုင်း ရန်ကုန်မြို့တွင် ရှားပါးလာသည့် မြန်မာမုန့်သည်များထဲမှ တစ်ဦးဖြစ်ပါသည်။
ထိုနေရာတွင် လာရောက်ရောင်း ချသူအများစုမှာ လှိုင်သာယာ၊ မြောက် ဥက္ကလာပ၊ ဒလ အစရှိသည့် အခြေ ခံလူတန်းစားအများစုတည်ရှိရာ မြို့ များမှ လာရောက်ရောင်းချသူများ ဖြစ်သည်။


ယခင်ကရပ်ကွက်ထဲလှည့်ရောင်း သောမြန်မာမုန့်သည်များလည်း ရှားပါးလာသလို ဈေးထဲတွင်လည်း မုန့် သည်များကိုမတွေ့ရတော့ဟု မြန်မာ့ မုန့်ကြိုက်သူများက ဆိုကြသည်။ “အရင်က ဈေးထဲမှာ မုန့်ကျွဲသဲ ရှိ တယ်။ အခုမရှိတော့ဘူး”ဟု စမ်းချောင်းမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသမီးကြီးက ညည်းညူသည်။

ထို့အတူ ကောက်ညှင်းပေါင်းသည်များကိုလည်း မတွေ့ရတော့ ကြောင်း သူမက ဆက်ပြောပြသည်။ မြန်မာမုန့်များရှားပါးလာသော်လည်း အိမ်နီးချင်းနိုင်ငံများက ထုတ်လုပ်သည့်အသင့်စားမုန့်များကတော့ နေ ရာအနှံ့တွင်တွေ့လာရမည်ဖြစ်သည်။

မြန်မာမုန့်များပြုလုပ်ရာတွင် မုန့် ပြုလုပ်ပုံနည်းများမှာ ခက်ခဲခြင်း၊ မုန့် ရရှိပြီးပါက ရောင်းချရာတွင်လည်း မတူညီသည့် ထုပ်ပိုးမူများဖြင့်ထုပ်ပိုး ပေးရခြင်းများရှိသည့်အတွက် ယခု ကဲ့သို့ ရောင်းချသူနည်းပါးခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ထို့ပြင် ဈေးသည်အများစုမှာ ကိုယ်တိုင်ပြုလုပ်ရာတွင် ခက်ခဲခြင်းကြောင့် မြန်မာမုန့်ရောင်းချသည့်ဒိုင်များမှတစ်ဆင့် ဝယ်ယူရောင်းချခြင်းများရှိကြောင်း မုန့်ရောင်းချများက ပြောသည်။

သို့ရာတွင် ဒေါ်မာလာက “ရပ်ကွက်ထဲလှည့်ရောင်းတဲ့ဈေးသည် အချို့က ယူရောင်းတာတွေရှိတယ် လိုသိရတယ်။ ကျွန်မကတော့ မုန့်ကို သူများဆီကယူမရောင်းဘူး။ မနက် ခင်းအစောကြီးထပြီး ကိုယ်တိုင်လုပ် ပြီးရောင်းဖြစ်တယ်။ စားသုံးသူတွေ ကို သန့်ရှင်းမှုနဲ့သပ်သပ်ရပ်ရပ်ရောင်း ချနိုင်ဖို့ ကိုယ်တိုင်လုပ်ရောင်းတာဖြစ် တယ်”ဟု ယင်းမုန့်ရောင်းချရသည့် အကြောင်းအရင်းကိုပြောသည်။

ယခုအခါတွင် မြန်မာသရေစာ မုန့်များအား ယခင်ကဲ့သို့ တစ်စု တည်းရောင်းချခြင်းမဟုတ်ဘဲ မိမိတတ်နိုင်ပြီး စားသုံးသူအများဆုံးစား သုံးစသည့် မုန့်များကိုသာ တပိုင်တနိုင် ပြုလုပ်ရောင်းချကြခြင်းများကို မြင် တွေ့ရပြီး ယင်းနှင့်အတူ အခြားအ သီးအနှံ စသည့် စားသောက်ကုန်အချို့နှင့် ယှဉ်တွဲရောင်းချခြင်းများ ကြောင်းသိရသည်။

လှည်းတန်းဈေးတွင် မြန်မာမုန့် ရောင်းချသည့် ဈေးသည်တစ်ဦးက “မုန့်ကတော့ရောင်းလာတာကြာပြီ၊ ဒါပေမဲ့ ဒီသရေစာမုန်တမျိုးတည်း ရောင်းလို့ လူသိပ်မစားတော့ အခြား လူအစားများတဲ့ လက်သုပ်စုံတို့ ဆိုင် နဲ့တွဲပြီးဖွင့်ထားတယ်။ လာဝယ်စား တာတော၊ လူလတ်ပိုင်းများတယ်။ အလှူတွေဘာတွေရှိရင်တော့ အော် ဒါမှာတာမျိုးတွေက အများဆုံးဖြစ်တယ်”ဟု ပြောသည်။

ရန်ကုန်တွင် မြန်မာသရေစာမုန့်များကို အရွယ်မရွေး အစားများပြီး ရောင်းချရာတွင် ကလေးအများအ ကြိုက်ရောင်းချသူအများစုမှာ ရွှေရင် အေး၊ မုန့်လက်ဆောင်း၊ ရွှေကြည်၊ ဆနွင်းမကင်း စသည့် အချိုကဲသည့် မုန်များကို ရောင်းချလေ့ရှိပြီး ရောင်း ချရာတွင်လည်း ရောင်းကုန်သည် အထိ ရောင်းရခြင်းများရှိကြောင်း သိရသည်။

မြေနီကုန်းရှိ အလယ်တန်းကျောင်း ရှေ့တွင် ရွှေရင်အေးရောင်းချသည် ကိုဌေးအောင်က “ကျွန်တော်ကတော့ မြန်မာမုန့်ပဲရောင်းတယ်။ ဘာလို့ဆို သန့်ရှင်းလတ်ဆတ်တယ်။ ထုံချိုင်း တို့လိုအကင်မျိုးတွေလည်း ကျောင်း ဝန်းကျင်မှာရောင်းတာမတွေ့ရဘူး။ ကျွန်တော်ရောင်းတဲ့ကျောင်းက ကလေးတွေလည်း သိပ်စားတာမတွေ့ရဘူး။ ကျောင်းသားတွေ ဒါကိုမစား ရင် အကောင်းဆုံးပေါ့၊ ကင်ဆာတို့ ဘာတို့ဖြစ်တတ်တယ်ဆိုတာဂျာနယ် တွေစာစောင်သတင်းစာတွေမှာဖတ် ရပါတယ်”ဟုပြောသည်။

ရန်ကုန်မြို့ရှိနေထိုင်သူများမှာ စားသောက်ရလွယ်ကူခြင်း ဈေးနှုန်း သက်သာခြင်းများကြောင့်သော် လည်းကောင်း အစားအများဆုံး သ ရေစာမုန့်များမှာ ဆီကြော်မုန့်များ အ များစုဖြစ်ပြီး ယင်းနှင့်ပတ်သက်သည့် ဘေးထွက်ဆိုးကျိုးများရှိသည်ကို သိသော်လည်း အရသာကြောင့်သော် လည်းကောင်း၊ ရောင်းချမှုအများဆုံး ရှိသည့်အတွက်သော်လည်းကောင်း ယင်ကဲ့သို့ ဆီကြော်မုန့်များကိုသာ အစားများကြောင်း ကျန်းမာရေးသတင်းများမှ သိရသည်။

မြန်မာသရေစာမုန့်များကို ယခုအခါတွင် ဈေးဝယ်စင်တာမျာတွင် အစားသောက်ကောင်တာတစ်ခုလို ဖွင့်လှစ်ရောင်းချခြင်းများ တွေရှိရပြီး စားသုံးသူများက ယင်းကဲ့သို့ စင်တာများတွင် ရောင်းချရာတွင် သန့် ရှင်းလတ်ဆတ်မှု စိတ်ဝင်စားဖွယ် ခင်းကျင်းရောင်းချနိုင်မှုများကြောင့် ဝယ်ယူစားသုံးမှုများလာကြောင်း ဈေးဝယ်သူအချို့ပြောပြချက်အရ သိရသည်။

ဈေးဝယ်စင်တာတစ်ခုမှ ရောင်းချသည့် အရောင်းဝန်ထမ်းတစ်ဦးက “မြန်မာသရေစာမုန့်တွေကို လာဝယ်စားသူတွေများပါတယ်။ မုန့်တွေကိုလည်း စားသုံးချင်စဖွယ်ဖြစ်အောင် ပြုလုပ်ရောင်းချပါတယ်။ သန့်ရှင်းလတ်ဆတ်မှုကို အဓိကထားပါတယ်”ဟု ပြောသည်။

ကြည့်မြင်တိုင် ငါးဈေးတွင်လုပ်ကိုင်သည့် ကိုစည်သူက “အရင်တုန်း ကတော့ မုန့်သည်တွေအများစု ရပ်ကွက်ထဲလှည့်လည်ရောင်းချတာ တွေရှိတယ်။ အခုနောက်ပိုင်း လိုက် ရောင်းတဲ့သူနည်းလာတယ်။ ရာသီဥတုပဲပူလာလို့လား စားသုံးတဲ့သူ နည်းလာလို့လားမသိဘူး။ လှော်ကားက နေလာလာရောင်းတဲ့ အဒေါ်ကြီးတစ် ယောက်ဆို အခုလာမရောင်းတာ သုံးပတ်လောက်ရှိပြီ”ဟု ပြောသည်။

နယ်မြို့များတွင် ယင်းကဲ့သို့ မုန့်များအား ဈေးတွင်သာ ရောင်းချ ခြင်းရှိပြီး အများစုကို မိမိအိမ်တွင် သာ ကိုယ်တိုင်ပြုလုပ်စားသုံးခြင်း များရှိကာ မုန့်လုပ်နည်များကို လက်ဆင့်ကမ်းသင်ကြားပေးခြင်းများရှိ ကြောင်း ဖြူးမြို့နယ်မှ ကိုလင်းထွန်း ကပြောသည်။

ကိုလင်းထွန်းက“မုန့်တွေကိုဈေး မှာသွားဝယ်ဖို့က ဈေးနဲ့အိမ်က အဝေးကြီး။ တစ်ခါတလေပစ္စည်းထွက် ဝယ်ရင်း လမ်းကြုံလို့စားတာများတယ်။ မနက်စာအဖြစ် အမေအမြဲ လုပ်ပေးတဲ့ မြန်မာမုန့်တစ်မျိုးမျိုး တော့စားရတယ်။ ဒါကလည်းအဘွားက အမေကိုသင်ပေးထားတာကြောင့် အမေလည်း လုပ်ကျွေးနိုင်တာဖြစ်တယ်။

အဖေကတော့ စားတယ်။ ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်ထိုင်ချင်တော့ သိပ်မစားဖြစ်ဘူး”ဟု ပြောသည်။ မည်သို့ပင်ဆိုစေကာမှု ကျောင်းပိတ်ရက်များ နေ့လယ်ခင်း နေရောက်အောက်တွင်မမောမပန်း မိမိဝမ်းရေးအတွက်“သာကူမုန့်၊ ငှက် ပျောသီးမုန့်၊ ထန်းသီးမုန့်၊ ကောက်လှိုင်းကြည်မုန့်၊ပြာရေထုတ်၊စလူမုန့်၊ မုန်လိပ်ပြာ၊ မုန့်ကျွဲသဲ၊ခေါပြင်”ဆိုကာ လှည့်လည်ရောင်းချလေ့ရှိသောဈေး သည်များသည့်လည်းတစ်စတစ်စ လျော့နည်းလာခြင်းများ ရှိကြောင်း ကလေးမိဘများကပြောသည်။

ယင်းတို့နေရာတွင် ရေခဲမုန့်၊ ရေခဲချောင်းများနှင့် အသင့်စားမုန့် ထုပ်များ အစားထိုးဝင်ရောက်လာ ခြင်းများရှိပြီး ကလေးမိဘအချို့မှာ ကျန်းမာရေး စိုးရိမ်လာကြသည်ဟု ဆိုကြသည်။

သို့သော်လည်း မြန်မာ့ရိုးရာ သရေစာမုန့်များကို ကလေးများအား ဝယ်ကျွေးမည်ဆိုပါက ဈေးနှုန်းကြီး မြင့်ခြင်း၊ ကိုယ်တိုင်မလုပ်နိုင်ခြင်းနှင့် ရောင်းချသည့်ဈေးသည်မှာရှားသည့် အတွက် ဝယ်ယူရလွယ်ကူသည့် အသင့်စားမုန့်များကိုသာ အစားထိုး ကျွေးနေရကြောင်း ဆိုသည်။

အင်းစိန်မြို့နေ ဒေါ်ဇင်မာက “ကလေးတွေကိုမြန်မာသရေစာမုန့် ကျွေးချင်ပေမယ့် ဒီမုန့်တွေက ဈေး ဝယ်စင်တာမှာ သွားဝယ်ရမှာဖြစ် တယ်။ နောက် ကိုယ်တိုင်လည်းမလုပ် တတ်ဘူး။ အနီးနားမှာလည်း လာရောင်းတာမတွေရဘူး။ ကိုယ်ဝယ် ကျွေးလုပ်ကျွေးတော့လည်း ကလေး တွေကမကြိုက်ကျဘူး။ အဲ့ဒီအတွက် ကလေးတွေလည်း ကြိုက်တဲ့ဈေးမှာ ရောင်းတာများတဲ့ ကိုရီးယားအကင် လိုဟာတွေ ဝယ်ကျွေးတာများတယ်။ တခါတလေ အလှူပွဲတွေရှိမှပဲ ရွှေ ကြည်တို့ကျောက်ကျောတို့လိုမျိုးမုန့် တွေပဲလုပ်ဖြစ်တယ်”ဟု ပြောသည်။

ယင်းကဲ့သို့ စားသုံးသူများ အစားမများသော်လည်း လက်ရှိရောင်း ချလျက်ရှိသည့် မြန်မာ့ရိုးရာ သရေစာမုန့်ရောင်းချသူအများစုမှာ မိဘ မျိုးရိုးစဉ်ဆက်ရောင်းချလာသည့်အတွက် အမွေဆက်ခံရောင်ချခြင်းများရှိပြီး ယင်းကဲ့သို့ မုန့်ရောင်းချသူများ အဆင်ပြေရန်အတွက် ကူညီ ထောက်ပံ့ရေးအစီအစဉ်များ ပြုလုပ်ရန်လိုအပ်ကြောင်း စားသုံးသူ ပြည် သူအချို့ကပြောသည်။

ဒေါ်မာလာက “ဒီမုန့်ကို ကျွန်မအမေလက်ထပ်ကတည်းက ရောင်းချလာတာ။ အခု ကျွန်မကိုယ်တိုင်ကလည်း ဝါသနာပါပြီး မိသားစုစားဝတ် နေရေးအတွက် အထောက်အကူပြုတာဖြစ်တဲ့အတွက် ဒီမြန်မာ့ရိုးရာသရေစာမုန့်တွေကို ဆက်ရောင်းသွားမှာ”ဟုပြောသည်

The Ladies News Journal

 
 

No comments:

Post a Comment