လာမည့် ပညာသင်နှစ်မှစတင်ကာ အခြေခံ ပညာအတန်းအားလုံးကို အခမဲ့ပညာ ရေးစနစ်အဖြစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ပညာရေးစနစ်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် ၂ဝ၁၂ခုနှစ်တွင် အခမဲ့မူလတန်းပညာရေးကို စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂ဝ၁၄- ၂ဝ၁၅ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေးစနစ်အကောင် အထည်ဖော်ကာ လာမည့် ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ်တွင် အခမဲ့
အထက်တန်းပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်သဖြင့် လာမည့်နှစ်မှ စတင်ကာ အခြေခံ ပညာကျောင်း များတွင် သင်ကြားနေသည့် ပညာ ရပ်များအားလုံးကို အခမဲ့သင်ကြား ပေးသွားမည်ဟု အမှတ်(၁)အခြေခံ ပညာဦးစီးဌာနမှ သိရသည်။
''လာမယ့်နှစ်မှာ အကောင်အ ထည်ဖော်မှာဖြစ်ပါတယ်။ အခြေခံ ပညာမှာ ဒီလိုအကောင်အထည်ဖော် ခြင်းဟာ ကျောင်းသား၊ ကျောင်းသူ တွေ၊ ကျောင်းသားမိဘတွေအတွက် တစ်ဖက်တစ်လမ်းက အထောက်အ ကူရစေဖို့အတွက် ယခုလိုအကောင် အထည်ဖော်ဆောင်ရွက်ရတာဖြစ်ပါ တယ်''ဟု အမှတ်(၁)အခြေခံပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးစိုးဝင်းက ပြောသည်။
ယခုပညာသင်နှစ်၌ အထက် တန်းတွင် ကျောင်းလခအဖြစ် နဝမ တန်းအတွက်ကျပ် ၉ဝဝ၊ ဒသမတန်း အတွက်ကျပ် ၁ဝဝဝကောက်ယူပြီး၊ (အားကစားကြေး၊ စာရွက်စာတမ်း ကြေး၊ စာကြည့်တိုက်) - ဗှူကြေး တို့အတွက်ကျပ် ၁ဝဝဝ၊ ပုံနှိပ်စာအုပ် ကြေးအတွက်ကျပ် ၃၆ဝဝကျော်ခန့် ကောက်ယူခဲ့သဖြင့် ယခုအစီအစဉ် ကို စတင်အကောင်အထည်ဖော်မည့် လာမည့်နှစ်တွင် ယင်းကဲ့သို့ပေး ဆောင်ရခြင်းများ ကင်းလွတ်ခွင့်ရ ရှိလာမည်ဖြစ်သည်ဟု သိရသည်။
''မူလတန်းမှာ လာမယ့်နှစ်အ တွက် ပုံနှိပ်၊ ဗလာစာအုပ်၊ ငွေ ၁ဝဝဝ အပြင် ကျောင်းဝတ်စုံတွေကိုပါတိုး မြှင့်ပေးအပ်မှာပါ။ အလယ်တန်းလဲ ဒီနှစ်မှာအခမဲ့ လုပ်သလိုမျိုးဖြစ်ဖို့ များပါတယ်။ အထက်တန်းအခမဲ့ ဖြစ်ဖို့အတွက် ဒီနှစ်ပေးရတာတွေ ပေး စရာမလိုတော့ဘဲ ပုံနှိပ်တွေ အခမဲ့ရရှိ ဖို့များပါတယ်''ဟု အမှတ်(၃)အခြေ ခံပညာဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူးတစ်ဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာနမှအ ခြေခံပညာရေးကဏ္ဍတွင်အခမဲ့ပြု လုပ်ခြင်းကို ဘဏ္ဍာနှစ်အလိုက်တိုး ချဲ့ဆောင်ရွက်နိုင်ရန်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ATK
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yangon Media Group ----------──────-|

No comments:
Post a Comment