ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ရဲ့ ၄ နှစ်တာ လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စား
လှယ်တွေတင်သွင်းတဲ့ ဥပဒေကြမ်းတွေကို အတည်ပြုပြဌာန်းခဲ့တာ မရှိခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီနေ့
ပြောပါတယ်။
ရန်ကုန်မြို့ ဖိုးစိန်လမ်းက Green Hill ဟိုတယ်မှာ ကျင်းပတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၄ နှစ် တာသက်တမ်းကာလအတွင်း လွှတ်တော် အတွေ့အကြုံရှင်းလင်းဆွေးနွေးပွဲမှာ ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အခုလိုပြောခဲ့တာဖြစ်ပါတယ်။
"တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အသီးသီးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့သည် ဥပဒေကြမ်းတွေကို ကိုယ်တိုင်တင်သွင်းခဲ့တာတွေရှိပါတယ်၊ သို့သော်လည်းပဲ အစိုးရအဖွဲ့ဘက်ကနေ လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ဥပဒေကြမ်းတွေအပေါ်မှာ လိုလိုလားလားနဲ့ကြိုဆိုပြီးတော့ ဥပဒေအဖြစ်ပြဌါန်းခဲ့ဖူးတာမျိုးတွေ လုံးဝမရှိခဲ့ဘူး၊ ဥပဒေပြုရေးအခန်းကဏ္ဍမှာ အင်မတန်အားနည်းတာကို တွေ့ရတာပေါ့"
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေကို ၄ နှစ်တာကာလအတွင်း ၇၆ ရက်သာ ကျင်းပနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကို ဒါန-ရှေ့ဆောင် မြန်မာက ဦးစီးကျင်းပတာဖြစ်ပြီး
ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ဥက္ကဌတွေ တက်ရောက်ခဲ့ကြပါတယ်။
Credit - RFA Burmese
No comments:
Post a Comment