Thursday, January 1, 2015

လွှတ်တော်များမှ အစိုးရ၏လုပ်ဆောင်မှုများကို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် လွှတ်တော်အစည်းအဝေးများ ပိုမိုကျင်းပရန်လိုအပ်ဟု ဒေါက်တာညိုညိုသင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃၁-လွှတ်တော် များအနေဖြင့် အစိုးရ၏လုပ်ဆောင် မှုများကို စောင့်ကြည့်ထိန်းကျောင်း နိုင်ရေး လွှတ်တော် အစည်းအဝေး များကို ယခုထက် ပိုမိုကျင်းပနိုင်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက ပြောဆိုသည်။

၂၀၁၁ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေး ကို ၁၁ရက်၊ ၂၀၁၂ခုနှစ်တွင် ၁၄ရက်၊ ၂၀၁၃ခုနှစ်တွင် ၂၃ရက်၊ ၂၀၁၄ခုနှစ် တွင် ၂၅ရက်သာ အစည်းအဝေးများ ကျင်းပနိုင်ခဲ့ရာ တိုင်းဒေသကြီး လွှတ် တော်အနေဖြင့် အစိုးရကိုရက်ပေါင်း ခုနစ်ဆယ်ကျော်သာ စောင့်ကြည့်ထိန်း ကျောင်းနိုင်ခဲ့ကြောင်း ယင်းကဆို သည်။

''ဒီမိုကရေစီလမ်းကြောင်း ကို ကာလကြာရှည်စွာရှိခဲ့တဲ့ အထွေထွေ အုပ်ချုပ်ရေးကို ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်တောင်မှ ရက်ပေါင်း ခုနစ်ဆယ်ကျော်ပဲ လုပ်နိုင်တယ်ဆို ရင် တခြားတိုင်းဒေသကြီးနဲ့ ပြည် နယ်လွှတ်တော်တွေ ဘယ်လို check and balance လုပ်ကြပါသလဲ''ဟု ယင်းက မေးခွန်းထုတ်သည်။

လွှတ်တော်များ၏ လုပ်ဆောင်ချက်များထဲတွင် အစိုးရလုပ်ဆောင် ချက်များ ကို စောင့်ကြည့်ထိန်းကျောင်း ခြင်းသည် အဓိကဖြစ်ရာ အစိုးရ ကို စောင့်ကြည့် ထိန်းကျောင်းခြင်းအား ဖြင့် ပြည်သူလူထု၏ လက်တွေ့ကျ သည့် ပြုပြင်ပြောင်း လဲမှုများကို အ မြန်ဆုံးမြင်နိုင် မည်ဖြစ်ကြောင်း ပြော ကြားသည်။

အစိုးရနှင့် လွှတ်တော်ဆိုသည် မှာ အပြန်အလှန်ထိန်းကျောင်းရန် လိုအပ်ကြောင်း၊ အစိုးရကို စောင့်ကြည့် ထိန်းကျောင်းရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ကတိက ဝတ်ကော်မတီ၊ ဘဏ္ဍာရေးပိုင်းဆိုင် ရာကိုစိစစ်ရန် ကော်မတီတို့ဖွဲ့စည်း ရန် လိုအပ်ကြောင်း တင်ပြခဲ့သော် လည်း ဖွဲ့စည်းခွင့်မရခဲ့ကြောင်း ရန် ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်က တင်ပြဆွေး နွေးခဲ့သည်။

''ဒီနေ့ကျွန်မတို့နိုင်ငံရဲ့ ပြောင်း လဲမှုတွေမှာ ထိပ်ပိုင်းမှာတော့ ပြောင်း လဲမှုတွေရှိနေတာ မှန်ပါတယ်။ သို့ သော် အဲဒီပြောင်းလဲမှုတွေကို အခြေ ခံကျတဲ့ ပြည်သူတွေက ဒီနေ့ထိ မခံ စားရပါဘူး။ ဒါဘာကြောင့်လဲ သုံး သပ်တဲ့အခါ တိုင်းဒေသကြီးနဲ့ လွှတ် တော်တွေ ကောင်းကောင်း အလုပ် မလုပ်ခြင်းပါဘဲ'' ဟု ဒေါက်တာညိုညို သင်းက ဆိုသည်။

ယင်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အလုပ်မ လုပ်နိုင်ခြင်းကို အဖြေရှာမည်ဆိုပါ က ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တိုင်းဒေ သကြီးနှင့် ပြည် နယ်လွှတ်တော်များကို တစ်နှစ်တစ် ကြိမ် ကျင်းပရမည်၊ တစ်ကြိမ် ကျင်းပ နိုင်သည်ဟုဖော်ပြထားရာ လွှတ်တော် အစည်းအဝေးများကို တစ်နှစ် တစ် ကြိမ် ကျင်းပနိုင်လျှင် တာဝန်ကျေပြီ ဟု မှတ်ယူတတ်ကြကြောင်း ယင်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်တွင် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ရန် မလိုအပ်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ပြန်လည် တင်ပြခဲ့သည်။

NTDW
‪#‎Democracytoday‬

No comments:

Post a Comment