Thursday, January 1, 2015

လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေတိုးမြှင့်ခြင်းကို နောင်လွှတ်တော် သက်တမ်းမှ တိုးမြှင့်ခံစားခွင့်ပေးသင့်ကြောင်း လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်း ပြောကြား

 ရန်ကုန်၊ ဒီဇင်ဘာ ၃၁- ပြည် ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ် စားလှယ်များ၏ ချီးမြှင့်ငွေတိုးမြှင့်သည့် ဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်း ကုန်ဈေးနှုန်းတက်လာသည့်အတွက် ယခုလွှတ်တော်သက်တမ်းတွင် မတိုးမြှင့်ပေးသင့်ဘဲ နောင်လာမည့် လွှတ်တော်သက်တမ်းမှသာ ဥပဒေ အတိုင်းခံစားခွင့်ပေးသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်းကပြောကြားလိုက်သည်။

အဆိုပါ ဥပဒေကိုပြဋ္ဌာန်းလိုက်မည်ဆိုပါက မြန်မာနိုင်ငံ၏ငွေကြေး ဖောင်းပွမှုနှုန်း ကို ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိတက်သွားမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားကြောင်း ဒေါက် တာညိုညိုသင်းက တင်ပြခဲ့သည်။

ဒီဇင်ဘာ ၃၀ ရက်နေ့က ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော်နာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်လူမှုရေးအဖွဲ့ အစည်းများတွေ့ဆုံရာတွင် ယင်းသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

''လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လူနည်းစုဖြစ်တယ်။ ပြည်သူလူထုက လူများစုဆိုတော့ ရေရှည်ကို စဉ်းစားရမယ်။ အခုလွှတ်တော်ကိုယ်စားလှယ်တွေ လစာမတိုးသေးတာ တောင် ကုန်ဈေးနှုန်းကတက်နေတာ လူထုအတွက် ဒုက္ခရောက်တယ်။ အခု ဥပဒေကို လက်ရှိလွှတ်တော်ကိုယ်စားလှယ်များကို ခံစားခွင့်မပေးဘဲ နောင်လာမယ့် သက်တမ်းမှ လွှတ်တော်ကိုယ်စားလှယ်များကို ခံစားခွင့်ပေး မယ်ဆိုရင် သင့်တော်ကြောင်း ပြည်သူလူထုရဲ့ ကိုယ်စား တင်ပြပါတယ်''ဟု တင်ပြခဲ့သည်။

ယင်းလွှတ်တော်ကိုယ်စားလှယ်များကို ချီးမြှင့်ငွေတိုးမြှင့်သည့် ဥပဒေပြဋ္ဌာန်း လိုက်ခြင်းသည် ပြည်သူများကြားတွင် လှုပ်ခတ်သွားပြီးကုန်ဈေးနှုန်း မတည်ငြိမ်မှုကိုဖြစ်စေခဲ့ကြောင်း၊ ယခုကဲ့သို့ လစာတိုးသည့်နည်းလမ်းဖြင့် မဟုတ်ဘဲ အခြားနည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်း ပြောဆိုသည်။

လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များခံစားခွင့်စရိတ် ချီးမြှင့်ငွေနှင့်ပတ်သက်၍ ဆွေးနွေးစဉ်က တိုင်းရင်းသားကိုယ်စားလှယ်များမှ ၎င်းတို့ဒေသများသို့သွားသည့် အခါ စရိတ်စကများလောက်ငမှုမရှိ သည့်အတွက် ဆွေးနွေးခဲ့သည်များရှိ၍ လွှတ်တော်မှဥပဒေအား အတည်ပြု ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းက ပြောသည်။

ဦးဖြိုးမင်းသိန်းက''လွှတ်တော် မှာဆွေးနွေးစဉ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သအတွက်ဆိုပြီးတစ်ခု၊ နောက်ပြီး တောင်သူလယ်သမား၊ အလုပ်သမား တွေ အတွက်ပါ လစာကိစ္စတွေက တစ်ခုဆွေးနွေးခဲ့တော့ နည်းနည်း ရှုပ်ထွေး ခဲ့တယ်။ နောက်တစ်ချက်က ကျွန်တော်တို့ဥက္ကဋ္ဌကလဲ ဒီလစာကိစ္စတွေနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ လက်ရှိ စီးပွားရေးနဲ့ချိန်ဆပြီး ညှိနှိုင်းလုပ်ဖို့ လွှတ်တော်မှာဆွေးနွေးစဉ်က တင်ပြခဲ့တာတွေရှိခဲ့တယ်။ ကျွန်တော်တို့လဲ ဒီသဘောကတော့ရှိပါတယ်။ ဒီတစ်ခါ လွှတ်တော်စလို့ ဘတ်ဂျက်မှာလဲ ပါလာနိုင်ပါတယ်။ ဒါပေမဲ့ လွှတ် တော်ကဆုံးဖြတ်ပြီးသားကို ဥက္ကဋ္ဌကြီးအနေနဲ့ လွှတ်တော်ကိုကျော်ပြီး လုပ်လို့မရပါဘူး''ဟု ယင်းအမြင်ကို ပြောသည်။

NTDW
‪#‎Democracytoday‬

No comments:

Post a Comment