““၂၀၁၄ ထဲမှာ ကမ္ဘာက အံ့သြရလောက်အောင် အစိုးရအဖွဲ့ကို ထိန်းကျောင်းရေး လွှတ်တော်က လုပ်ပေးနိုင်ခဲ့တယ် . . . အပြန်အလှန် Check and Balance လုပ်တာ ဟန်ရေးပြနေတာ မဟုတ် ဘူး . . .””
ဇန်န၀ါရီ ၁
၂၀၁၄ နှစ်ကုန်၊ ၂၀၁၅ ခုနှစ်သို့ရောက်ရှိသော ယခုကာလ သည် မြန်မာနိုင်ငံ၏ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော် များ ပေါ်ထွန်း၍ လွှတ်တော် လုပ်ငန်းများ ဆောင်ရွက် လာခဲ့သည့်ကာလ ၄ နှစ်နီးပါးလို့ ရောက်ရှိ လာချိန်ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်း လွှတ်တော်၏ဆောင်ရွက်ချက်များ၊ ကျန်သည့် လွှတ်တော် သက်တမ်း ကာလတွင် ဖြစ်ပေါ်လာနိုင်သော လွှတ်တော် နိုင်ငံရေးအခင်းအကျင်းများအပေါ် လွှတ်တော်တွင်းနိုင်ငံရေး၌ နာမည်ရ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ သီပေါမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း၏ သုံးသပ်ချက်များကို မေးမြန်းတင်ပြအပ်ပါသည်။
၂၀၁၄ခုနှစ်အတွင်းမှာ ပြည်သူ့လွှတ် တော်၊အမျိုးသားလွှတ်တော်၊ပြည်ထောင်စုလွှတ်တော် စသည်ဖြင့် ဥပဒေပြု မဏ္ဍိုင် ဖြစ်တဲ့ လွှတ်တော်တွေရဲ့ဆောင် ရွက်ချက် တွေဟာ နိုင်ငံအတွက် ထိရောက်မှုရှိခဲ့၊ မရှိခဲ့ကို ယေဘုယျ ခြုံ ငုံကြည့်ရင် ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်လဲခင်ဗျ။…
ရှိပါတယ်ခင်ဗျ။ ထူးထူးခြားခြား ကမ္ဘာကလည်း အံ့သြရလောက်အောင် ကျွန်တော်တို့ လွှတ်တော်ထဲမှာ ပါဝင် ပတ်သက်ကြည့်ရင် အံ့သြ ရလောက်အောင်ကို အပြောင်းအလဲတွေရှိခဲ့ပါတယ်။၂၀၁၀ ရွေးကောက်ပွဲ ၀င်ကြတဲ့ အခါကျတော့ အားလုံးသိကြတဲ့အတိုင်း ပြည်ခိုင်ဖြိုးပါတီက အများဆုံး အနိုင်ရသွားတယ်။ တိုင်းရင်းသားပါတီ တွေနဲ့ တခြား ဒီမိုကရက်တစ် ပါတီတွေက အနည်းစုပဲရရှိခဲ့တယ်။ ပြည်ခိုင်ဖြိုးပါတီကပဲ အစိုးရအဖွဲ့ကို သမ္မတ တင်မြှောက်ခဲ့တယ်။ သမ္မတဟာလည်း ပြည်သူလူထုက ရွေးကောက်လိုက်တဲ့ သမ္မတဖြစ်တယ်။ လွှတ်တော် မှာ ဖွဲ့စည်းပုံဥပဒေတွေနဲ့အညီ လှုပ်ရှားဆောင် ရွက်တဲ့အခါတော့ ၂၀၁၄ ထဲမှာ ကမ္ဘာက အံ့သြရလောက်အောင် အစိုးရအဖွဲ့ကို ထိန်းကျောင်းရေး လွှတ်တော်က လုပ်ပေးနိုင်ခဲ့တယ်။တကယ့်ကို ကောင်းတဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။
ပြည်သူလူထုတွေကတော့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေပေါ်မှာ အားမရမှုတွေက တော်တော်လေး ကို ရှိနေ တယ်။ ဥပမာ လွှတ်တော် မြေယာစုံစမ်းရေး ကော်မရှင်ရဲ့ဆောင်ရွက်မှုမျိုးတွေပေါ့။ ဒါနဲ့ပတ်သက်လို့လည်း ပြော ကြားပေးပါဦး။
မြေယာပြဿနာတွေ ဖော်ထုတ်နိုင်တာကတော့ အဓိကကတော့ မဏ္ဍိုင်ကြီး ၃ ရပ်ပေါ့။ အဲဒီဟာတွေက ပိုင်းပိုင်း ခြား ခြားကျင့်သုံးပြီးတော့ အာဏာရှင်စနစ်ဆိုတဲ့ အာဏာ ၃ရပ်ကို တပေါင်းတည်း ကျင့်သုံးတဲ့ အနေအထား ကနေပြီးတော့ ကွဲထွက်ပြီး ကျင့်သုံးလိုက်နိုင်တာကိုက အခြေခံအားဖြင့်တော့ ကြီးမားတဲ့အောင် မြင် မှုဖြစ်တယ်။ အခိုင်အမာတွေ လုပ်တဲ့ ကိစ္စတွေမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကိစ္စတွေ၊ ဆင်းရဲမှုတိုက် ဖျက်ရေး ကိစ္စ ထိထိရောက်ရောက် မအောင်မြင်တာ၊ မြေယာပြဿနာလိုမျိုး အစိုးရလက်ထက်က မှားယွင်းခဲ့တဲ့ မြေယာသိမ်း ဆည်းမှုတွေလည်း လွှတ်တော်ကကြပ်မတ်ပေးဖို့ ကြိုးစားတာ အောင်မြင်တာ၊ မအောင်မြင်တာ ကတော့ အောက်က ယန္တရားကြီးတစ်ခုဖြစ်တဲ့ နဂိုက အဖျက်တွေနဲ့လည်း ဆိုင်တာပေါ့။ လွှတ်တော်အနေနဲ့ မြေယာ ပြဿနာ ကိုဖော်ထုတ်ပြီးတော့ မတရားအသိမ်းခံ ထားရတာနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေး ရေးကော်မရှင် ဖွဲ့တယ်။ ဒါကို စုံစမ်းမယ်၊ ဖော်ထုတ်မယ်လုပ်နိုင်တာကိုက ဒီမိုကရေ စီ ပြုပြင်ပြောင်း လဲရေးကို သွားချင်တယ်ဆိုတဲ့ ခေါင်းဆောင်တွေက တကယ်သွား လိုစိတ်ပြင်းပြတယ်ဆိုတာကို ဖော်ပြနေ တယ်။ အဲဒါတွေကို ကော်မရှင် ဖွဲ့ပြီး သုံးသပ်တဲ့အခါမှာ မြေမရတဲ့ကိစ္စတွေ၊ မတရားအသိမ်းခံထားရတဲ့ ကိစ္စတွေ အကုန်လုံး တွေ့နေရပါ တယ်။ အရင်တုန်းကဆိုရင် ဒါတွေက လုံးဝကို မစဉ်းစားရဲလောက် အောင် မတရားမှုတွေကို ခေါင်းငုံ့ခံရတာ တွေကို ဖော်ထုတ်ခွင့်ရတယ်။ ဒါတွေကို အမှန်အကန်ဖြစ်အောင် ပြန်လုပ်တဲ့အခါ ကျတော့ အုပ်ချုပ်ရေးယန္တရား ကပဲတာဝန်ရှိတာ။ လွှတ်တော်ပိုင်းအနေနဲ့ ကတော့ အပြန်အလှန်သတ် မှတ်တာ ဖြစ်တယ်။ ဥပဒေပိုင်းကကျ တော့ ဒါကိုအမှန်အကန် ဖြစ်အောင် မဆောင်ရွက်နိုင်ဘူးပေါ့နော်။ ဒါကြောင့် လွှတ်တော်က ဒီဟာတွေနဲ့ပတ် သက်လို့ ပြန်ထောက်ပြတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း သူတို့အထက်ပိုင်းက ဘယ်လောက်ပဲ ပြုပြင်ပြောင်း လဲလိုတဲ့စိတ်ရှိပါစေ။ အောက်မှာက လိုက်ပါပြီးတော့ ပြောင်းလဲမှုမရှိရင် ကိုယ်ကျိုးစီးပွားတွေနဲ့ ညှိနေတဲ့အခါ ကျတော့ အောက်ခြေမှာက ဖြေရှင်းချက်တွေက တက်မလာဘူး။ အုပ် ချုပ်ရေးပိုင်းကလည်း ဒါနဲ့ပတ်သက်ပြီး အခက်အခဲကြုံနေရတယ်။ နောက်ဆုံး သမ္မတကနေပြီးတော့ ဟုတ်တယ်။ ကျွန် တော်တို့အုပ်ချုပ်ရေးပိုင်း က မြေယာစီမံခန့်ခွဲမှု ကော်မတီဆိုတာ အဆင့်ဆင့်ရှိပါတယ်။ မြို့နယ်၊ ခရိုင်၊ ပြည်နယ်ပေါ့။ တိုင်းဒေသ ကြီးနဲ့ အဲဒီလိုရှိတာပေါ့။ အောက်ခြေ မှာ မြေယာနဲ့ပတ်သက်လို့ မှန်ကန်တဲ့ ဆုံးဖြတ် ချက်တွေရဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပူးပေါင်းဆောင်ရွက်ပါလို့ တိုက်တွန်းချင်ပါတယ်။ သမ္မတက လွှတ်တော်ကို အဲဒီ လိုပို့တာ။ ကိုယ်စား လှယ်တွေအနေနဲ့ကလည်း လွှတ်တော်ရဲ့ ရပ်တည်ချက်အတိုင်း လက်ရှိဥပဒေနဲ့ လည်း ညီညွတ်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို အောက်ခြေမှာ ပါဝင်ဆောင်ရွက် ဖို့လိုပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တွေတော့ ပါဝင်ဖို့ပြုလိုက်ပြီ။ လွှတ်တော် ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ အောက်ခြေမှာ လည်း ပါဝင်ပြီးတော့ ဆုံး ဖြတ်ကြတဲ့အခါမှာ သက်ဆိုင်ရာမြေပိုင်ရှင် တွေ မနစ်နာစေဖို့ ဥပဒေနဲ့အညီ အဲဒါကို ထပ်ပြီးတော့ လုပ်ဖို့လိုတယ်။ အခုကတော့ အောင်မြင်မှု နည်းနေသေးတယ်။ ဒါကတော့ ပူးပေါင်းဆောင်ရွက်မှု ပါဝင်မှုအား နည်းသေးတယ်လို့ မြင်ပါတယ်။
ဒီနှစ်ပိုင်းမှာ လွှတ်တော်အနေနဲ့ အစိုးရအပေါ်မှာ check and balance လုပ်လာမှုကတော့ အားကောင်းတာ တွေ့နေရပါတယ် ခင်ဗျ။ ပြင်ပနိုင်ငံရေး သုံးသပ်သူတွေကတော့ လွှတ်တော်နဲ့အစိုးရ ကြားထဲပွတ်တိုက်မှုကို သိပ်ပြီးတော့ ယုံကြည်စိတ်ချမှုမရှိ တမင်တကာ အကွက် ဆင်ပြီးတော့များ ဆောင်ရွက်နေကြလား ဆိုတာလည်း ရှိပါတယ်ခင်ဗျ။
အပြင်မှာကျတော့ အဲဒီလိုမြင်ကြ တယ်။ သမ္မတနဲ့ ဦးရွှေမန်းတို့ လွှတ်တော်ကော်မတီကိစ္စနဲ့ ပတ်သက်ပြီးေ တာ့ ပြည်ထောင်စု အဖွဲ့အစည်းဟုတ်၊ မဟုတ်ဆိုတာ စပြီးစကားများတယ်ဆိုတာကို ဟန်ဆောင်နေတာပဲလို့ မြင်နေ ကြတာ ပေါ့နော်။ ကျွန်တော်ကတော့ ကိုယ်တိုင် ပတ်သက်နေပြီးတော့ လေးလေးစား စား လေ့လာပြီးေ တာ့ ဆွေးနွေးခဲ့တဲ့ လူဆိုတော့ သိနေတယ်။ ဒါက ဟန်ဆောင်ပြီးဖြစ်တာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ မူလထင်ထား ခဲ့တာတွေက နည်းနည်းလေးပြင်းထန် တဲ့အခါကျတော့ ကျွန်တော်တို့လိုအပ်တာ ထက်တောင်မှ လုပ်နိုင်မှု ပိုများနေသလို ကျွန်တော်စိတ်ထဲမှာ ခံစားမိတယ်။ ဥပမာ ခုံရုံးကို ကျွန်တော်တို့ စွပ်စွဲပြစ်တင်ပြီးတော့ ဖြုတ်ချ လိုက်ပြီးတဲ့နောက်ပိုင်းမှာ ခုံရုံးဥပဒေကို ပြင်လိုက်တဲ့ ကိစ္စတွေပေါ့။ အဲဒါမျိုးဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက် စကားလုံးအတိအကျ အတိုင်း ပြန်ပြီးတော့ ပြဋ္ဌာန်းထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေပေါ့။ သမ္မတက ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီပါဘူး လို့ထောက်ပြတဲ့အခါ လွှတ်တော်က အဲလို လုပ်လိုက်တာ။ နည်းနည်း လွန်ကဲသွားတဲ့ သဘောမျိုးဖြစ်လာတယ်။ တပ်မတော်သားတွေက အခုနောက်ဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့အခါမှာ အဲဒါတွေကို ထောက်ပြတယ်။ နည်းနည်းလွန်သွားရင် လွှတ်တော် က အာဏာရှင်စနစ် ကျင့်သုံးပြီးတော့ ကိုယ့်လွှတ်တော် ကိုယ်စားလှယ်တွေ အပေါ်မှာ ဒီမိုကရေစီသဘော ထားအရ ရပ်တည်မဲပေးပိုင်ခွင့်တွေ မပေးဘဲနဲ့ လွှတ်တော်ကို ကိုင်အသုံးချပြီး လွှတ် တော်အာဏာရှင်စနစ် ကျင့်သုံး နေတယ်ဆို လို့ရှိရင် တစ်ဖက်က မဏ္ဍိုင်အနေနဲ့ လွန်ကဲလာတယ် လို့ထင်တဲ့အခါမှာ check and balance အနေနဲ့ ခံယူလို့ရှိရင် ကာ/လုံရဲ့ အကြံပေးမှုအရ လွှတ်တော်ကို ဖျက်သိမ်း မယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေပေါ့ဗျာ။ အဲဒါတွေ တွေ့လိုက်ခြင်းအားဖြင့် သူတို့အပြန်အလှန် check and balance လုပ်တာ ဟန်ရေးပြနေတာ မဟုတ် ဘူးဆိုတာကို ကျွန်တော်တို့ချပြလို့ရသွားတယ်။
ဆရာအခုနကပြောသလို ပွတ်တိုက်မှုက ပိုလွန်ကဲတဲ့ပုံစံမျိုးတောင် တွေ့ရတယ် ဆိုတာက ဘယ်လိုကြောင့်များ လွန်ကဲမှုဖြစ်ရတာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဆိုင်ရာကိစ္စ အပါအ၀င်ပေါ့လေ။ လုပ်ငန်းစဉ်ကို ကျော်လွန် တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆောင်ရွက်မှုကို ကျော်လွန်တဲ့ ပြင်းထန်တဲ့ ပွတ်တိုက်မှုတွေက လွှတ်တော်နဲ့အစိုးရ ကြားမှာ ဖြစ်ပေါ်လာတာက ပုဂိ္ဂုလ်ရေးအား ပြိုင်မှုကြောင့်လို့များ ဆရာ့အနေနဲ့ထင်ပါ သလားခင်ဗျ။
ဒါလည်း တစ်ကြောင်းပါမှာ ပေါ့လေ။ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ အပြောင်း အလဲမှာ ဦးဆောင်နေတဲ့ ပုဂိ္ဂုလ်တွေက နိုင်ငံရေး လုပ်ဆောင်နေသူတွေကို နားလည် သဘော ပေါက်မှုအားနည်းတာက အဓိကလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ရဲ့ အကျင့်မှာက အာဏာရှင်ဆိုတာ မရှိတော့ဘူး။ အာဏာရှင်ဆိုတာ မရှိတော့တဲ့အတွက် ကြောင့်မို့လို့ ကိုယ်ကလည်း ကိုယ်တာဝန် ယူနေရတဲ့ မဏ္ဍိုင်တွေမှာ အာဏာရှင်ဆန်တဲ့၊ ကိုယ်လုပ်ချင်တာကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ Mind-set ကိုလည်း ပြင်ဖို့လို လိမ့်မယ်။ စနစ်ကို သေချာနားလည်ဖို့ လိုတယ်။ စနစ်ဟာ ဒီမိုကရေစီစနစ်ဟာ သူ့စနစ်အတိုင်း သွားနေ တာ ဖြစ်တယ်။ ကိုယ့်စိတ်ဆန္ဒနဲ့သွားနေတာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အခုလို ပွတ်တိုက်မှုတွေဖြစ်တယ်ဆိုတာက
ဆက်လက်ဖော်ပြပါမည်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/

No comments:
Post a Comment