(၆၇)နှစ်မြောက် လွတ်လပ်ရေး နေ့နှင့် ဗိုလ်ရှုသဘင်အခမ်းအနားတွင် တပ်မတော်(ကြည်း၊ရေ၊လေ)မှ အလံ ကိုင်တပ်ဖွဲ့များ၊ စစ်တီးဝိုင်းများနှင့် စစ်ရေးပြတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့အလံကိုင်တပ်ဖွဲ့နှင့်
စစ်ရေးပြတပ်ဖွဲ့ များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဌာန၊ အကောက်အခွန်ဦးစီးဌာန၊ မြန် မာနိုင်ငံကင်းထောက် လူငယ်များ၊ မြန်မာ နိုင်ငံကြက်ခြေ နီ တပ်ဖွဲ့များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့၊ နေပြည်တော်ကောင်စီနှင့် ပြည် နယ်၊ တိုင်းဒေသကြီးကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့များ စုစုပေါင်းအင် အား ခုနစ်ထောင်ကျော်တက်ရောက် အလေးပြုခြင်း များ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရှိရသည်။
''ဒီနေ့က လေ့ကျင့်တာသုံးကြိမ် မြောက် လေ့ကျင့်တာပါ။ တိုင်းရင်း သူ၊ တိုင်းရင်းသားများက ရိုးရာဝတ်စုံ တွေနဲ့ လေ့ကျင့်ခဲ့ပါ တယ် ။ နေရာ ချ ထားမှုတွေ ဘယ်လိုအခြေအနေရှိနေ ပြီလဲဆိုတာ သိချင်လို့ပါ။ အရင်နေ့ တွေကတော့ တပ်မတော်သားတွေနဲ့ ဌာနဆိုင် ရာတွေ က ယူနီဖောင်းတွေ နဲ့ပါ။ တိုင်းရင်းသူ၊ တိုင်းရင်းသားဝတ် စုံတွေက ဒီနေ့မှ လေ့ကျင့်ပေးတာပါ'' ဟု လေ့ကျင့်ရေးတာ ဝန်ရှိသူတစ် ဦးက ပြောကြားသည်။
ကြိုတင်လေ့ကျင့်မှုများ ပြုလုပ် ခဲ့ရာတွင် တပ်မတော်(လေ)မှ ရဟတ် ယာဉ်များဖြင့် နိုင်ငံတော်အလံအား ချိတ်ဆွဲအလေးပြု ပျံသန်းခြင်း၊ ဂျက် လေယာဉ်များပျံသန်းခြင်း နှင့် အခြား လေယာဉ်များဖြင့် စစ်ရေးသရုပ်ပြမှု များပြုလုပ်ခဲ့ပြီး တပ်မတော်(ကြည်း)မှလည်း စစ်ယာဉ် အစီး ၇၀ ကျော် ဖြင့် စစ်ရေးသရုပ်ပြခြင်း၊ အမြောက် တပ်မှ အမြောက် ၂၁ ချက်ပစ်လွှတ် ခြင်းများကိုလည်း ကြိုတင်လေ့ကျင့်မှု အနေဖြင့် ထပ်မံပြုလုပ်ခဲ့သည်။
''အဝေးကလာရတယ်ဆိုပေ မယ့်လဲ ပျော်ရွှင်ဖို့ကောင်းပါတယ်။ လေ့ကျင့်ရတာ ပင်ပန်းပေမယ့်လဲ အများနဲ့လုပ်ရတာဖြစ်တဲ့အတွက် ထိုင်ညည်းနေလို့မရဘူး။ ဒီလိုအခမ်း အနားဆိုတာ တက်ချင်တဲ့သူတိုင်း တက်လို့မရပါဘူး။ တက်ရောက်ခွင့်ရ တာကိုပဲ ကျေနပ် မိသလို ပြန်လည် ကျင်းပနိုင်တာကိုလဲ ဂုဏ်ယူမိပါ တယ်''ဟု ကချင်တိုင်းရင်းသားတစ်ဦး ကဆိုသည်။ ဗိုလ်ရှုသဘင် အခမ်းအနား ကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမ ဆုံးအကြိမ် ပြန်လည်ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။
MP-TLWC
Photo Caption :: ဗိုလ်ရှုသဘင်အခမ်းအနားအတွက် ဝတ်စုံပြည့် ကြိုတင်လေ့ကျင့်နေစဉ်။ ဓာတ်ပုံ-မောင်ပိုင်
http://www.dailydemocracytoday.com/2014-03-04-06-55-39/item/561-2014-12-30-04-51-28

No comments:
Post a Comment