မန္တလေး၊ ဒီဇင်ဘာ ၃၀
၂၀၁၅ ခုနှစ်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားသည့် နှစ်တစ်ရာပြည့်အထိမ်းအ မှတ်ဂုဏ်ပြုသည့် အနေဖြင့် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်အချို့တို့သည်
မန္တလေးမှ ဗိုလ်ချုပ်မွေးဖွားရာ မကွေးတိုင်း၊ နတ်မောက်မြို့သို့
လမ်းလျှောက် ဂုဏ်ပြုချီတက်ပွဲ ပြုသွားမည်ဖြစ်သည်။ အဆိုပါ ဗိုလ်ချုပ်မွေး နေ့နှစ်
တစ်ရာပြည့်ပွဲ ဂုဏ်ပြုလမ်းလျှောက်မည့် အစီအစဉ်နှင့် ပတ်သက်၍လည်း
ဒီဇင်ဘာ၃၀ရက်က မန္တလေး မြို့၊ ၈၄လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ ၃၄လမ်းနှင့် ၃၅လမ်းကြားရှိ ဗိုလ်ချုပ်ရာပြည့် ကော်မတီရုံးခန်း မ၌ ပြုလုပ်ကျင်းပ ခဲ့သေးသည်။
““ကျွန်တော်တို့အနေနဲ့ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲအတွက်
ဘာအကြံဉာဏ်ရသလဲဆိုတော့ ကျွန်တော်တို့အဖေ ဗိုလ်ချုပ်ကို ရင်ထဲ၊ အသည်းထဲကနေ
သတိရလွန်းလို့ ဗိုလ်ချုပ်လိုချင်ခဲ့တဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်
စု ဖြစ်ပေါ်လာရေးအတွက်၂၀၀၈ အခြေခံဥပ ဒေကို ပြင်မှဖြစ်မှာပါ၊ စစ်မှန်တဲ့
ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ် လာရေးအတွက်ကို ဆန္ဒဖော်ထုတ် တောင်းဆိုရင်း
လမ်းလျှောက်ချီတက်မှာပါ၊ ကျွန်တော်တို့ဗိုလ်ချုပ် လိုအခု
ခေတ်ဗိုလ်ချုပ်တွေကို ဘယ်သူ့မှဗိုလ်ချုပ်လို့ မခေါ်နိုင်ဘူး။
…ကျွန်တော်တို့ဗိုလ်ချုပ်ကို
အဖေလိုမှတ်တယ်၊ အဘ လိုမှတ်တယ်။ ဒီခေတ်ဗိုလ်ချုပ်တွေကို အဖေလို့လည်း
မခေါ်နိုင်ဘူး၊ အဘလို့လည်း မခေါ်နိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့
ပုသိမ်ကြီးမြို့နယ် NLD အဖွဲ့ဝင်နှစ်ဦးကနေ နတ်မောက်မြို့
ကိုချီတက်လမ်းလျှောက်ပြီးဂုဏ်ပြု မှာပါ””ဟု မန္တလေး ပုသိမ်ကြီးမြို့နယ် NLD အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်မြင့် က မြန်မာသံတော်ဆင့် သို့ ပြော သည်။
လမ်းလျှောက် ဂုဏ်ပြုမည့်သူနှစ်ဦးမှာ ပုသိမ်ကြီးမြို့နယ် NLD မှ
ဦးသန်းရွှေနှင့် ကိုဆန်းချစ်နော် တို့ဖြစ်ပြီး ဇန်န၀ါရီ (၅)ရက်နေ့တွင်
မန္တလေးမြို့မှ နတ်မောက်မြို့အထိ ၁၀ ရက်ကြာမြင့်မည် ဖြစ်သည်။
““ကျွန်တော် လမ်းလျှောက်ရခြင်း ရည်ရွယ်ချက်ကတော့ နောင်လာမယ့် မျိုးဆက်သစ်
လူငယ်တွေရော၊ အခု လူငယ်တွေရော ဖအေအစစ်ဆိုတာ ဘယ်သူလဲ၊ ဖအေ အစစ်ကိုသိပြီး
ပထွေးကို ဖအေမ ခေါ်မိစေဖို့အတွက် မီးမောင်းထိုးပြလိုတဲ့ ရည်ရွယ်ချက်နဲ့
ဗိုလ်ချုပ်ကို ဂါရ၀ပြုလမ်းလျှောက်ရခြင်းဖြစ် ပါ တယ်””ဟုဂုဏ်ပြု လမ်း လျှောက်မည့် ကိုဆန်းချစ်နော်က ပြောသည်။
ယင်း လမ်းလျှောက်ချီတက် ဂုဏ်ပြုမှုကိုဗိုလ်ချုပ်အား ချစ်မြတ်နိုးသူတိုင်း
လိုက်ပါနိုင်ရန်အတွက် ခန့်မှန်းအင် အား(၅၀၀)သတ်မှတ်ထားပြီး
သက်ဆိုင်ရာဒေသအသီးသီးရှိ အာဏာပိုင်များသို့ တရားဝင်စာတင်ထားပြီးဖြစ် သည်။
ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌
ရှေ့နေဖြစ်သူအဖဦးဖာ၊ အမိ ဒေါ်စု တို့က ၁၉၁၅ခုနှစ်၊ ဖေဖော်ဝါ ရီလ
(၁၃)ရက်နေ့တွင် မွေးဖွားခဲ့သည်။
အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment