ကလေး၊ ဒီဇင်ဘာ ၂၉-စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ရှိ ကလေး တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ် တို့မှ ကျောင်း သား၊ ကျောင်းသူများက တက္ကသိုလ်ကျောင်းသား သမဂ္ဂ(က လေးမြို့) ကို ယခုနှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်းတော့ မည်ဖြစ်ကြောင်း ကလေးတက္ကသိုလ်မှ ကျောင်းသား သမဂ္ဂဖြစ်မြောက်ရေးဆောင် ရွက် နေသော ကျောင်းသားတစ်ဦးက ပြောသည်။
ယခု ကလေးဒေသကျောင်း သားသမဂ္ဂဖြစ်မြောက်ရေးကို ကလေး မြို့ ငြိမ်း/ပွင့်အဖွဲ့မှလည်းကောင်း၊ ရှစ်လေးလုံးအင်အားစုမှ လည်း ကောင်း ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
''ကလေးမြို့တက္ကသိုလ်ကျောင်း သားတွေရဲ့အခွင့်အရေး ကို ပြောဆို နိုင်မယ့် ကျောင်းသားသမဂ္ဂဖြစ်မြောက် ရေးကို ကျွန်တော်တို့ ရှစ်လေး လုံးအင် အားစု၊ ငြိမ်း/ပွင့်အဖွဲ့တွေကရောဝိုင်းဝန်းကူညီမှာဖြစ်ပါတယ်၊ က လေးတွေလုပ်ငန်းမနိုင်မနင်းမှုတွေ ရှိရင် ကျွန်တော် တို့အဖွဲ့တွေက လက် တွဲခေါ်မှာဖြစ်ပါတယ်''ဟု ကလေး မြို့ ငြိမ်း/ပွင့်အဖွဲ့မှ ကိုဘကြူးက ပြောသည်။
ကလေးမြို့တက္ကသိုလ်ကျောင်း သားများနှင့်ရှစ်လေးလုံးအဖွဲ့များ၊ ငြိမ်း/ပွင့်အဖွဲ့များ ယခုဒီဇင်ဘာလ အတွင်း မကြာခဏတွေ့ဆုံမှုရှိပြီး တက္ကသိုလ်များသမဂ္ဂဖွဲ့စည်းနိုင်ရေး အတွက် ကြိုးစားခဲ့ကြရာ ယခုလာ မည့် ၂၀၁၅နှစ်ဆန်းပိုင်းတွင် တက္က သိုလ်များသမဂ္ဂကို စတင်ဖွဲ့စည်းနိုင် တော့မည်ဖြစ်သည်။
''ကလေးတက္ကသိုလ်များကျောင်း သားသမဂ္ဂကို ၂၀၁၄နှစ်ဆန်းပိုင်း တွင် ယူစင်တာ၌ တွေ့ဆုံဆွေးနွေးဖွဲ့ စည်းမှုများရှိခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် လှုပ်ရှားသက်ဝင် မှု နည်းပါးကြောင်းသိရပြီး ယခုပြန် လည်ဖွဲ့စည်းမည့် ကျောင်းသားသ မဂ္ဂကိုလည်းအချိန် ယူ၍ အခိုင်အမာ ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
MOS
#Democracytoday
No comments:
Post a Comment