Thursday, January 1, 2015

အခြေခံလူတန်းစားများအား အလယ်အလတ်တန်းစားများ၏ ဝင်ငွေများ ရရှိလာအောင် နိုင်ငံတော်မှ အကောင်အထည်ဖော်နိုင်မှသာ မသင်မနေရ အခမဲ့ ပညာရေး ကို အထောက်အကူပြုမည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃၁-အခြေခံလူ တန်းစားများအား အလယ်အလတ် တန်းစားများ၏ ဝင်ငွေများရရှိလာ အောင် နိုင်ငံတော်မှ အကောင်အ ထည်ဖော် နိုင်မှသာ မသင်မနေရ အ ခမဲ့ပညာရေးကို အထောက် အကူ ပြု မည်ဖြစ်ကြောင်း အမျိုးသားအ ဆင့် အကြံပေးပညာ ရှင် ဒေါက် တာ မြင့်သိန်းက ပြောကြားလိုက်သည်။

''အလယ်အလတ်တန်းစား ဝင် ငွေတွေဖြစ်လာအောင် လုပ်ဖို့လိုနေ တယ်။ လုပ်ဖို့လဲ အစိုးရကရည်မှန်း ထားမှာပါ။ ဆရာ့အမြင်ပြောရရင် ဒီကိစ္စကို အင်ပြည့်အားပြည့် အကောင် အထည်ဖော်မှ မသင်မနေရကိုပါ အ ထောက် အကူပြုမယ်လို့ ဆရာတော့ ခံယူတယ်။ ဆင်းရဲနေတဲ့မိဘက သား သမီး ကိုကျောင်းမလွှတ်လို့
ဒဏ်ရိုက် မယ်ဆိုပြီး ချက်ချင်းလုပ်လို့မရဘူး။သူတို့ကို ဆင်းရဲ တွင်းကလွတ်အောင် လဲ လုပ်ပေးရမယ်။ ဒီလိုကိစ္စတွေကို ဥပဒေမှာ ထည့်ဖို့ ဆရာတို့ အကုန်စဉ်း စားနေပါတယ်'' ဟု ဒေါက်တာမြင့် သိန်းက ဆက်လက်ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနမှ မသင် မနေရ မူလတန်းပညာရေးဥပဒေ ကို ၁၉၄ဝပြည့်နှစ်ခန့်ကတည်းက ပြဋ္ဌာန်းခဲ့သော်လည်း ကျင့်သုံးနိုင်ခြင်း မရှိသေးသည်မှာ ယနေ့အချိန်ထိပင် ဖြစ်သည့်အတွက် ယခုရေးဆွဲလျက် ရှိ သော မသင်မနေရ မူလတန်းပညာ ရေး ဥပဒေမူကြမ်းကိုပြဋ္ဌာန်းကာ ကျင့်သုံးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''လွန်ခဲ့တဲ့ နှစ် ၇ဝလောက်က တည်းက ဒီကိစ္စကိုလုပ်ဖို့ မြန်မာနိုင်ငံ က ကြိုးစားခဲ့တယ်။ လက်ရှိမှာ နိုင်ငံ တော်အစိုးရက အခမဲ့ပညာရေး ဖြစ်အောင်တော့ လုပ်ပေးနေတယ်။ မသင်မနေရကိုလဲ လုပ်ဖို့စီစဉ်တာ ပေါ့။ အိမ်နီးချင်းနိုင်ငံတွေမှာ အထက် တန်း မသင်မနေရအထိ ပြီးနေပြီ။တချို့နိုင်ငံတွေဆိုရင် အဆင့်မြင့်ပညာ ရေးအထိပါ လုပ်ဖို့စီစဉ်နေကြပြီ။ ဒါ ကြောင့် နိုင်ငံတကာရဲ့ အခြေအနေ ရော ကိုယ့်နိုင်ငံအခြေအနေနဲ့ကြည့် ပြီး ဥပဒေကို စမ်းသပ်မြို့နယ်တွေနဲ့ စအကောင်အထည်ဖော်ဖို့ လိုပါ တယ်။ ကိုယ့်နိုင်ငံအခြေအနေနဲ့ မ လုပ်သင့်သေးဘူးဆိုပြီးပြောရုံနဲ့ မလုံ လောက်ဘူး။ ဒီကိစ္စကို အကောင်အ ထည်ဖော်ဖို့ အချိန်တန်နေပါပြီ'' ဟု ယင်းက ဆက်လက်ပြောကြားသည်။
မသင်မနေရ ပညာရေးဥပဒေ တွင် မိဘများအား အရေးယူဆောင် ရွက်မည့် ပြဋ္ဌာန်းချက်များကို ထည့် သွင်းမည်ဖြစ်သော်လည်း နောက်ဆုံး အခြေ အနေများတွင်သာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း၊ ဆက်လက်ပြီး ယင်းဥပဒေ တွင် ကျောင်းသားတစ်ဦး ကျောင်း မတက် နိုင်ပါ က ကျောင်းစီမံခန့်ခွဲရေး ကော်မတီများကိုစုံစမ်းစေပြီး ကူညီ ဖြေရှင်းပေးရမည့် နည်းလမ်းများကို ရှာဖွေစေခြင်းများကိုပါ ပြဋ္ဌာန်းနိုင် စေရန် အကြံပြုထားကြောင်း သိရ သည်။

လက်ရှိတွင် အခမဲ့မသင်မနေ ရပညာရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရန် အတွက် ဆွေးနွေး ပွဲ များကို ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမတွင် ဒီဇင် ဘာ ၃ဝရက်နှင့် ၃၁ရက်တို့၌ ကျင်းပ ခဲ့သည်။

ATK
#Democracytoday

Photo Caption ::http://www.dailydemocracytoday.com/2014-03-04-06-50-07/item/564-2015-01-01-04-48-02




 

No comments:

Post a Comment