![]() |
(ဓာတ်ပုံ-ကျော်ဇင်သန်း) |
MPTနှင့်ပူးပေါင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသည့် MECTEL သည် CDMA 800mhz ဖုန်းအသုံးပြုသူများအတွက် ဖုန်းခေါ်ဆိုခလျှော့ချပေးနိုင်ရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်းသတင်းရရှိသည်။
‘‘ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုအသုံးပြုခနဲ့ ဖုန်းခေါ်ဆိုခတွေကို ဘယ်လိုပုံစံနဲ့လျှော့ချပေးသွားမယ်ဆိုတာ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ အဲဒါတွေပြီးသွားရင် အသုံးပြုသူတွေသိအောင်ထုတ်ပြန်ပေးသွားပါမယ်’’ဟု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MECTEL) မှ တာဝန်ခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက MPT က မိတ်ဆက်လိုက်သည့် ဝန်ဆောင်မှုအသစ်တွင် CDMA ဖုန်းများ မပါဝင်သည့်အတွက် MECTEL မှ ၎င်းတို့၏ CDMA 800mhz ဖုန်းအသုံးပြုသူများအတွက် ဝန်ဆောင်မှုအသုံးပြုခများလျှော့ချရန်စီစဉ်နေခြင်းဖြစ်သည်။
MECTEL သည် ၎င်းတို့၏မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် ဇန်နဝါရီ ၁၅ ရက်မှစ၍ ယခင် SMS တစ်စောင်လျှင်၂၅ ကျပ်မှ ၁၅ ကျပ်သို့လျှော့ချပေးခြင်း၊ အင်တာနက် အသုံးပြုရန် တစ်သောင်းကျပ်ပေး၍ လျှောက်ထားစရာမလိုတော့ခြင်းနှင့် ယခင်ကတ်ပျောက်၊ ကတ်ပျက်များကိုပြန်လျှောက်ရာတွင် ၂၀,၀၀၀ ကျပ်ကောက်ခံနေရာမှ ၁၅၀၀ ကျပ်သို့ပြောင်းလဲပေးလိုက်ပြီဖြစ်သည်။
အထက်ပါဝန်ဆောင်မှုအချို့ကို အသုံးပြုခလျှော့ချပေးလိုက်ခြင်းမှာ ကနဦးအနေဖြင့် ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်ပြီး ဖုန်းခေါ်ဆိုခနှင့် အင်တာနက်အသုံးပြုခများကဲ့သို့ ဝန်ဆောင်မှုများကိုလည်း လျှော့ချပေးနိုင်ရန်ဆွေးနွေးနေကြောင်း MECTEL မှ တာဝန်ခံတစ်ဦးကပြောသည်။
Credit - 7DAY DAILY
No comments:
Post a Comment