ရန်ကုန် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
စာချုပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်ရန် အစိုးရက
ကြိုးပမ်းနေချိန်နှင့် တိုက်ဆိုင်စွာပင် ကချင်ပြည်နယ်ဝန်ကြီး၏
လုံခြုံရေးရဲများ ဖမ်းဆီးခံရခြင်း၊၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ
ဖြစ်ပွားနေခြင်းသည် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)သည်
ငြိမ်းချမ်းရေး ပျက်ပြားအောင် တမင်လုပ်ဆောင်နေခြင်းဟု သမ္မတ၏
ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က
ပြောဆိုလိုက်သည်။
![]() |
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) |
၎င်းက ''တိုက်ပွဲပြန်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာလို့ ပဲမြင်ပါတယ်။ တိုက်ပွဲတွေ စဖြစ်တာနဲ့ ဖားကန့်၊ လုံးခင်းဒေသမှာ မှိုင်းခွဲမှုတွေ၊ ရဲစခန်းကို တိုက်ခိုက်ခဲ့မှုတွေ တစ်ပြိုင်တည်း ဖြစ်ခဲ့တာတွေ ကြည့်ရင် ကြိုတင်ပြင်ဆင်ထားတယ်လို့ ယူဆနိုင်စရာအခြေအနေကို တွေ့ရမှာပါ''ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီ ၁၉ ရက်က ရေးသားခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီ ၁၄ ရက်က ကချင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ လမ်းကြောင်းတွင် လိုက်ပါသွားသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နောက်တစ်ရက် အကြာတွင် ကေအိုင်အေတပ်နှင့် အစိုးရ တပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကို ရည်ညွှန်းပြီး ဦးရဲထွဋ်က အထက်ပါအတိုင်း ရေးသားခဲ့ခြင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment