Saturday, January 24, 2015

ဓာတ်ပုံသက်သေ ပန်းချီပန်းပုရုပ်တုတွေနဲ့ ဂုဏ်ပြုကြပါလေ (ဆောင်းပါး)

– ဆောင်းဝင်းလတ်

ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ ဂုဏ်ပြုပန်းပု ရုပ်တုကြီးတွေဟာ စစ်ရေးပြ ကွင်းကြီးရဲ့ လူမြင်ကွင်း သတ်သတ် မှတ်မှတ် တစ်နေရာရာ၊ သို့တည်းမဟုတ် စစ်ရေးပြ ကွင်းကြီးရဲ့ပတ်လည်မှာ ခန့်ခန့်ညားညား ထုလုပ်ထား ရှိသင့်ပြီ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ ခုနှစ်အတွက် ဦးဦးဖျားဖျား စစ်ရေးပြအခမ်းအနားကြီး တစ်ခုကတော့ “ဗိုလ်ရှုသဘင်” “ဗိုလ်ရှုခံ”ဆိုတဲ့ အကြောင်း ပြချက်တစ်ခုကို မူတည်လို့ ပြည်သူလူထု ပိုက်ဆံသန်းပေါင်း“၆”ထောင်ကျော်
အကုန် အကျခံရင်းပြီး ဆုံးသွားခဲ့ပါပြီ။ အဓိကအကဲ ခတ်မိကြတာကတော့ ““စစ်လက်နက် စစ်ယန္တရား””ပြပွဲကြီးလို့လည်း ယူဆနိုင်တဲ့ အဲဒီဗိုလ်ရှုသဘင် ဆင်ယင်ကျင်းပရာမှာ မကြာခင်မတ်လ““၂၇””ရက်နေ့မှာ ကျင်းပ ဦးမယ့် စစ်ရေးပြပွဲကြီးလိုပဲ ဒီနှစ်ကစလို့ မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ်နှစ်တိုင်း တရား ၀င်စစ်ရေးပြအခမ်းအနား၊ တစ်နှစ်ကို “၂” ကြိမ်ကျင်းပ သွားတော့မယ်ဆိုတဲ့ အဓိပ္ပာယ် အသွင်သဏ္ဌာန်ကို အကဲခတ်မိလိုက်ကြ ခြင်းပဲဖြစ်ပါတယ်။ စစ်သွေးတကြွကြွနဲ့ စစ်ရေးပြကြတာကတော့ သက်ဆိုင်ရာအခမ်း အနားကျင်းပရေး တာဝန်ရှိသူတွေရဲ့ ဦးဆောင်မှုအရိပ် အာဝါသ အောက်က ““ပြယုဂ်””တစ်ခုသက်သက်ပါပဲ။…

ဒါပေမဲ့ ဘယ်လိုစစ်ရေးပြ အခမ်းအနားကြီးမျိုးပဲ ကျင်းပသည်ဖြစ် ပါစေ၊ ပိုက်ဆံတွေအများကြီး ကုန်ကျပြီး ကုန်ရ ကျိုးနပ်ဖို့အတွက် အပြင် အဆင်လေးတွေ၊ အထိမ်းအမှတ် လေး တွေ၊ သမိုင်းကြောင်းဖော်ထုတ်မှုလေးတွေ အပြင် ဂုဏ်ပြုထိုက် ဂုဏ်ပြုအပ်သူတွေကိုလည်း နောင်လာ နောက် သား မြန်မာ့ကြည်း၊ ရေ၊ လေ စစ်သည် စစ်သမီးများ သိကြရလေ အောင်ဖော်ဆောင်ဖို့ လိုအပ်နေသေးတယ် လို့ ပြည်သူလူထုတစ်ယောက်အနေနဲ့ မြင် မိပါတယ်။ တကယ်တော့ ပြည်သူလူထု ဆိုတာကလည်း ရန်ကုန်မြို့ တော်ကြီးနဲ့ မန္တလေးရွှေမြို့တော်ကြီး ““၂””မြို့ကို သာ ရှေးအခါကတည်းက အထက်မြန်မာပြည် ရဲ့မြို့တော်ကြီး နဲ့ အောက်မြန်မာပြည်ရဲ့ မြို့တော်ကြီးဆိုပြီး ခံစားမှုရှိထားခဲ့ကြတာ ကြာလှပါပြီ။

ဒါပေမဲ့ ပြည်သူလူထုကြီးတစ် ရပ်လုံးရဲ့ သဘောတူညီမှုဆန္ဒကို လုံးဝမရယူဘဲ န၀တနဲ့ နအဖ စစ်အာဏာရှင်များ ကြီးစိုးခဲ့ကြတဲ့လက်ထက်မှာ ပြည်သူ့ ဘဏ္ဍာတွေကို ရေလိုသုံးစွဲရင်း ကွင်းပြောင်ပြောင် လွင်တီးခေါင်အရပ်မှာ ““နေပြည်တော်”” ဆိုတာကြီး ကို ဖန်တီးတည်ဆောက်ခဲ့ကြ ပြန် တယ်။ နိုင်ငံတော်အခမ်းအနားကြီးတွေ ကိုလည်း နေပြည်တော်မှာပဲ ကျင်းပဖို့ ““အရွေ့သဘော”” ဆောင်လာခဲ့ကြတယ်။ ဒါကြောင့်လည်း ပထမစစ်ရေးပြ အခမ်း အနားလို့ဆိုရမယ့် “တပ်မ တော်နေ့”ကျင်းပရာမှာ ဟိုတုန်းခါကလို ရန်ကုန်မြို့မှာရှိတဲ့ ဦးဝိစာရလမ်းက “တော်လှန်ရေးပန်းခြံ” ရှုခင်းကို ပြည်ဖုံးကားချပြီး “နေပြည်တော် စစ်ရေး ပြကွင်းကြီး”ဆီရွေ့အောင် ရွှေ့ ကျင်းပခဲ့ကြတယ်။ ထိုနည်းတူစွာပဲ ဟိုတုန်းက ရန်ကုန်ပြည် လမ်းမကြီးမှာတခမ်းတနား ကျင်းပခဲ့ကြ ဖူးပြီး နှစ်ပေါင်းများစွာ တိမ်မြုပ်ပျော

က်ကွယ် ခဲ့ရတဲ့ ““ဗိုလ်ရှုသဘင် အခမ်းအနား””ဆိုတာ နေပြည်တော်မှာ ဘွားခနဲပြန်ပေါ်လာပြန်တယ်။ ဘာပဲဖြစ် ဖြစ်ဒီ အခမ်းအနားကြီး““၂””ခုလုံးမှာ လက် ရှိမြန်မာအုပ်ချုပ်သူအဖွဲ့အစည်းက ပြချင် ကြတာကတော့ ““ဒီမှာ ဒါတွေ ရှိတယ်”” ဆိုတဲ့သဘောနဲ့ စစ်တပ်ရဲ့ လူအင်အား၊ လက်နက်အင်အား၊ စစ်ယန္တရားအင်အားတွေကို တစ်စိတ် တစ်ဒေသအားဖြင့် ထုတ်ပြလိုက်တဲ့ သဘောပါပဲ။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ဘယ်နေရာဘယ်ဒေသ မှာပဲဖြစ်ပါစေ။ ပြည်သူလူထုဘက်က စိတ်ဝင်စားသည်ပဲ ဖြစ်ဖြစ်၊ စိတ်မ၀င်စားသည်ပဲဖြစ်ဖြစ် လုပ်ချင်ကြ တာကို ဖြစ်အောင် လုပ်ပြီး ပြချင်ကြတာကို ဖြစ်အောင်ပြကြတဲ့ စစ်အုပ်စုရဲ့ သဘောသဘာဝ ကိုလည်း ပြည်သူ လူထုက အတွေ့ အကြုံ အများကြီးရခဲ့ပြီးပြီမို့ ““တို့ ပိုက်ဆံတွေတော့ ကုန်ပြန်ပါပြီကွာ””လို့ပဲ ရင်ထဲက ခံစားနေကြရတာလွဲလို့ သိပ်ပြီး ဒီလိုပွဲလမ်းသဘင် အခမ်းအနားကြီးတွေပေါ်မှာ အာရုံခံစားချင်စိတ် မရှိကြတော့ သလောက်ပါပဲ။

ပိုက် ဆံတွေကတော့ ကုန်ပြီးရင်း ကုန်နေရင်းပါပဲ။ ကုန်နေမှတော့ မကုန်ပါရစေနဲ့ ပြောလို့လည်းရမှ မရတာ ကိုး။ ပိုက်ဆံတွေ ကုန်သလောက်ကုန်ရ ကျိုးနပ်လောက်တဲ့ မြင်ကွင်းပြကွင်းလေး တွေကလည်း ချို့ယွင်း လစ်ဟာ နေသေးတာကို သတိထားလိုက်မိတယ်။ ဥပမာ ပြောရရင် ဟိုရှေးယခင်က မြန်မာ့သူရဲ ကောင်း စစ်သည်တော် ကြီး တွေလို့ ဆိုရမယ့် ဘုရင့်နောင်၊ အလောင်းဘုရား၊ ကျန် စစ်သား … စသဖြင့်ပေါ့လေ။ သူတို့တစ် တွေရဲ့ကြီး မားတဲ့ ရုပ်တုကြီးတွေကို နှောင်းလူတွေ ဇာတိမာန်တက်ကြွစေဖို့ ပန်းပု လက်ရာကောင်းတွေနဲ့ တည်ဖွဲ့ပြသ ထား တာတော့ဟုတ်ပါရဲ့။

ဒါပေမဲ့ ဒီမြန်မာစစ်သည်တော် ဟောင်းကြီးတွေ ဆိုတာကသိပ္ပံ ခေတ်အရ သူတို့ရဲ့ ရုပ်ပုံ လွှာအစစ်ကို ဓာတ်ပုံနဲ့ပြစရာကြည့်စရာ မရှိခဲ့ဘူး။ ဒီမြန်မာ ရှေးဟောင်းစစ်သည်တော်ကြီးတွေ ပေါ် ပေါက် ခဲ့တုန်းက မြန်မာပြည် မှာဓာတ်ပုံရိုက် ကူးရေးအတတ်ပညာ၊ နည်းပညာပိုင်းမပေါ် ပေါက်သေးတဲ့ ကာလ။ ဒီတော့ နှစ်ပေါင်း များစွာကြာလာတဲ့အခါမှာ သမိုင်းကြောင်း အရ ရာဇ၀င်စာအုပ်တွေအရ၊ ဘယ်ခေတ် ဘယ်ကာလမှာ ဘယ်လို ထွန်းပြောင်တဲ့ မြန်မာစစ်ခေါင်းဆောင် စစ်သူရဲကောင်း ကြီးတွေ ပေါ်ပေါက်ခဲ့ကြဖူးတယ် ဆိုတာ လောက်ပဲ သိကြရ တာကိုး။ သူတို့ရဲ့ ရုပ်ပုံလွှာကိုတော့ ပန်းချီဆရာ၊ ပန်းပုဆရာတွေ ကမှန်းဆပြီး ယောင်ထုံး ကြီးတွေ၊ ခေါင်း ပေါင်းကြီးတွေ၊ မေးရိုးကားကား၊ မျက်လုံး တောက်တောက်၊ မျက်ခုံးထူထူ၊ အရပ်အ မောင်း ဗလ ကောင်းကောင်း၊ ဓား၊ လှံ၊ လက်နက်၊မြင်းကြီးတွေနဲ့ပေါ့၊ ဆင်ကြီးတွေ နဲ့ပေါ့။ ဒီလောက် ပဲ ရေးဆွဲထု လုပ်နိုင်ကြ တယ်။ ကောင်းပါတယ်။

သူတို့ကို ဂုဏ်ပြု ရည်ညွှန်းပြီး ဒီလိုပန်းချီကားကြီးတွေကို စစ်သမိုင်းပြတိုက် လိုနေရာ မျိုးမှာ ချိတ်ဆွဲ ပြသထားတာလည်း ရှိသင့်ပါတယ်။ ထို နည်းတူစွာပဲ စစ်ရေးပြအခမ်း အနားကျင်းပ တော့မယ် စစ်ရေးပြကွင်းကြီးရဲ့ ပတ်လည်မှာ သူတို့ထဲကတချို့ရဲ့ ရုပ်တုပန်းပုလက်ရာ ကြီးတွေကို တခမ်းတနားပြသ ထားတာလည်း တကယ်ရှိသင့်ရှိ ထိုက်ပါပေတယ်။ ဒါပေမဲ့အမျိုးသားခေါင်းဆောင်ကြီး၊မြန်မာ့ လွတ်လပ်ရေးရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့တဲ့ မြန်မာ့ တပ်မတော်ကြီးရဲ့ ပထမဆုံး သွေးသောက် ရဲဘော်ကြီးများဖြစ်ကြတဲ့ ဗိုလ်ချုပ်အပါအ၀င် ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ ဓာတ်ပုံ၊ တစ်ပုံချင်းစီကို မူတည်ပြီး ဂုဏ်ပြုပန်းပု ရုပ်တုကြီးတွေဟာ စစ်ရေးပြကွင်းကြီးရဲ့ အ၀င်ဝ သို့မဟုတ် စစ်ရေးပြကွင်းကြီးရဲ့ အတွင်းပိုင်း၊ လူမြင်ကွင်း သတ်သတ်မှတ်မှတ် တစ်နေရာရာ၊ သို့တည်းမဟုတ် စစ်ရေးပြကွင်းကြီးရဲ့ပတ်လည်မှာ ခန့်ခန့်ညား ညား ထုလုပ်ထားရှိသင့်ပြီလို့ ပြည်သူလူ ထုတစ်ယောက်အနေနဲ့ ထင်မြင်ယူဆမိ ကြောင်းပါ။

ဗိုလ်ချုပ်အောင် ဆန်း အပါအ၀င် ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ သမိုင်းဝင်ဓာတ်ပုံတွေကို အလွန်လက်ရာမြောက်လှတဲ့ ပန်းပု အနုပညာရှင်ကြီးများကသာ ရုပ်တုတစ်ခုချင်းစီ ထုလုပ်လိုက်မယ်ဆိုရင် တကယ့်ကို သက်ဝင်ပီပြင် နေ မှာ သေချာ လှပါတယ်။ ပန်းပုရုပ်တုကြီး တစ်ခုချင်းစီရဲ့ အောက်မှာလည်း ကျောက်ဖြူကျောက် သားနဲ့ သူတို့ရဲ့ ကိုယ်ရေး အချက်အလက်အကျဉ်းကို အက္ခရာစာလုံးတွေထွင်းပြီး ဖော်ပြထားလိုက်မယ် ဆိုရင် နောင် လာ နောက်သားအား လုံးအတွက် ဇာတိမာန်တက်ကြွ ဗဟုသုတတွေလည်း ရနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးအတွေးရပြီး ဒီလို ပုဂ်္ဂိုလ် ကြီးတွေရဲ့ ရုပ်တုကြီးတွေနဲ့ ဂုဏ်ပြု ဖော်ထုတ်ပေး လိုက်မယ်ဆိုရင် မြန်မာ့ တပ်မတော်ရဲ့၊ မြန်မာ့လွတ်လပ် ရေးတပ်မတော်ရဲ့၊ မြန်မာ့မျိုးချစ်တပ်မတော်ရဲ့၊ မြန်မာ့ကာကွယ်ရေးတပ်မတော်ရဲ့ဆိုတဲ့ မီဒီယာ ပေါင်းစုံထဲမှာ ကြားနေ၊ မြင်နေရသမျှ စကားလုံးလှလှတွေဟာ ပိုပြီး အဓိပ္ပာယ် သက်ဝင် လာမှာဖြစ်ကြောင်းပါဗျာ။


photo-wikipedia.org

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


 

No comments:

Post a Comment