Tuesday, January 20, 2015

ရှမ်းမြောက် ပန်ဆိုင်းတွင် ကချင်ဆရာမနှစ်ဦး အဓမ္မကျင့်ခံရပြီး သေဆုံး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် အသက် ၂၀ နှစ်အရွယ် ဝန်းကျင်ရှိ ကချင်ကျောင်းဆရာမ နှစ်ဦး ဇန်နဝါရီလ ၁၉ ရက်ညက အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့သည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) နှင့် ကောင်ခါးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က မဇ္ဈိမကို ပြောသည်။

“ဆရာဝန်ဆေးစစ်ချက် ယူနေတယ်။ သူတို့တွေက ကျွန်တော်တို့ ကေဘီစီက လွှတ်လိုက်တဲ့ ဆရာမတွေပါ။ မနေ့က ၁၂ နာရီလောက်

မှာ ဖြစ်တယ်ထင်တယ်။ ကျောင်းဝင်းထဲက ဆရာမတွေ နေဖို့ ဆောက်ထားတဲ့ အိမ်မှာပဲ သေတာ။ ဘယ်လို ဆက်လုပ်မယ်ဆိုတာ
ကေဘီစီ အထွေထွေအတွင်းရေးမှူးနဲ့ မိသားစုက မနက်ဖြန် ရောက်လာပြီး လူထုနဲ့ သဂြိုလ်မယ်” ဟု မူဆယ်မြို့နယ် KBC မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာဇော်လာက ဇန်နဝါရီ ၂၀ ရက်က မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၁၉ ရက်က ထိုဆရာမနှစ်ဦးသည် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ထုတ်းလ၏ နေအိမ်တွင် ပြုလုပ်သည့် မွေးနေ့ပွဲသို့
သွားရောက်ပြီး ည ၁၀ ကျော်တွင် အိမ်ပြန်သွားခဲ့သည်ဟု ဦးဇင်ထုတ်းလက ပြောသည်။ ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီ
ကျောင်းတက်ချိန်၌ ကျောင်းဆရာမ များ မရောက်လာသဖြင့် ကျောင်းဝင်းရှိ ကောင်းခါး နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်နန်ဆိုင်းက သွားရောက်ခေါ်ခဲ့ရမှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆရာမနှစ်ဦးကို မူဆယ်ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးခဲ့ပြီး ကောင်းခါးရဲစခန်းတွင် သွားရောက် အမှုဖွင့် တိုင်ကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

မူဆယ်ခရိုင် ပန်ဆိုင်းကြူကုတ် ရဲစခန်းမှူး ဇော်မင်းထွန်းက အဆိုပါ ဆရာမနှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မဇ္ဈိမကို ပြောသည်။


Credit - Mizzima News

No comments:

Post a Comment