ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ပြည့် မွေးနေ့ ကျင်းပနိုင်ရန်အတွက်
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဇန်နဝါရီ ၁၉ရက် မှ ၂၃ရက်အ ထိ
ငါးရက်တိုင် စည်းရုံးလှုံ့ဆော်ကာ ရန်ပုံငွေ ရှာသွားမည်ဟု ရန်ပုံငွေ
ရှာဖွေရေး အဖွဲ့ဝင်များက ဆိုသည်။

ပုံစာ-
ကံမမြို့တွင် ဗိုလ်ချုပ်နှစ် ၁၀၀ပြည့် မွေးနေ့အတွက် ရန်ပုံငွေ ကောက်ခံပွဲ
ထွက်လာသည့် စည်းရုံးရေးကားကို ဇန်နဝါရီ ၁၉ရက်က တွေ့ရစဉ်။
(ဓာတ်ပုံ-ရေခဲ၊ပြည်)
“နောက်လာမယ့် လူငယ်တွေ ဗိုလ်ချုပ်ရဲ့ ကျေးဇူးတွေကို အောက်မေ့ သတိရပြီးတော့ လွတ်လပ်ရေးကို ထိန်းသိမ်း သွားကြဖို့ လိုပါတယ်။” ဟု ကံမမြို့နယ်ဗိုလ် ချုပ်ရာပြည့် ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုဇော်ဝင်း ကပြောသည်။
ရန်ပုံငွေအတွက် လှုံ့ဆောင်ပွဲ ပထမရက် ဇန်န၀ါရီလ ၁၉ ရက် နံနက် ၉ နာရီ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြို့ခံ အရပ်ဘက် လူမှုအဖွဲ့ အင်အား ၁၀၀ ခန့်က ကံမမြို့ပေါ်ရပ်ကွက် ၄ ခု နှင့်ကျေးရွာအချို့တို့တွင် လှုံ့ဆော်ရေး ကားများဖြင့် လှည့်လည်ကာ ဗိုလ်ချုပ် သီချင်းများ သီဆိုဖျော်ဖြေ ခဲ့ပြီး လက်ကမ်း စာစောင်ဝေ ငှခြင်း အလှူခံခြင်း များပြုလုပ်ခဲ့သည်။
ဖျော်ဖြေ ပွဲမှ ရရှိ လာသည့် ရန်ပုံငွေ များကို ရာပြည့် ပွဲတွင် အသုံး ပြုသွား မည်ဖြစ်ပြီး နတ်မောက် မြို့ရာပြည့်ပွဲ သို့လည်း သွားရောက် ပူးပေါင်းရန် စီစဉ် ထားကြောင်း ကံမမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်အောင် ကပြောသည်။
Credit - Mizzima News
No comments:
Post a Comment