၆
ပွင့်ဆိုင်တွေ့ဆုံပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တွေ အနေနဲ့
မိမိတို့ ဆွေးနွေးလိုတဲ့ အကြောင်း အရာတွေကို အကြံပြုတင်ပြကြဖို့ အမျိုးသား
လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေကို ဒီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ကြဖို့ လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အခုလို တိုက် တွန်းပြောကြားခဲ့ပါတယ်။
"ပြည်ထောင်စုလွှတ်တော်နာယက ကနိုင်ငံတော် သမ္မတမှပေးပို့လာတဲ့ သဝဏ်လွှာ
နဲ့စပ်လျဉ်းပြီး မိမိ ထံသို့ ယင်းကိစ္စနဲ့ ပတ်သက်ပြီး သဘောထား နဲ့
တွေ့ဆုံဆွေးနွေးပွဲအား ဆောင်ရွက်လိုသည်ကိုလဲ အလျင်အမြန်ပြန်ကြားပေးစေလိုပါကြောင်း သဝဏ်လွှာပေးပို့ လာပါတယ်၊ မိမိအနေဖြင့်တွေ့ဆုံဆွေးနွေး
ပွဲအား အမျိုးသားလွှတ်တော် ဥက္ကဌအနေနဲ့ တက်ရောက်သွားမှာဖြစ်ပါတယ်၊
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် တွေ့ဆုံ ဆွေးနွေး ပွဲတွင် အကြံပြုလိုသော
အကြောင်းအရာအချက်အလက်များကို မိမိထံသို့ ၂၃ ရက် ၁လ ၂၀၁၅ တွင်အရောက် စာဖြင့်ရေးသားပေးပို့ရန်ဖိတ်ခေါ် အပ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် များထံမှ ရရှိထားတဲ့အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပြီး ၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဆွေးနွေး သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြအပ်ပါတယ် "
နိုင်ငံတော်သမ္မတက ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့တဲ့
သ၀ဏ်လွှာမှာ ခြောက်ပွင့် ဆိုင်တွေ့ဆုံပွဲ ကို သူ့အနေနဲ့ ကြိုဆိုပေမဲ့
ပိုမိုကျယ်ပြန့် တဲ့ ဆွေးနွေးပွဲမျိုးဖြစ်ဖို့ တိုက်တွန်းထားပါတယ်။
ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊
လွှတ်တော် ဥက္ကဌ ၂ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်
ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ပါဝင် တဲ့
ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ ကျင်းပပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
Credit - RFA Burmese
No comments:
Post a Comment