Saturday, January 24, 2015

နိုင်ငံရေးခေါင်းဆောင်ကောင်းဆိုတာ ဘယ်လိုလဲ (ဆောင်းပါး)

 တံစဉ်သိန်း (တောင်ကြီး)

နိုင်ငံရေး အလုပ်ဆိုတာ လက်ဝဲ၊ လက်ယာ၊ ဘယ်လိုနိုင်ငံရေးပဲဖြစ်ဖြစ် နိုင်ငံရေးသမားကောင်း က လုပ်မှသာ ဖြစ်နိုင်တယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲဒါကို ဓာတ်ခွဲစမ်းသပ်ပြီး တင်ပြပါမယ်။ ကျွန်တော်က အိနိ္ဒယဒီမိုကရေစီ အစိုးရကို ကြိုက်ပါတယ်။ ဘာ ကြောင့်လဲ … အဲဒါကို ခုပြောပါမယ်။ ယင်းနိုင်ငံကြီးဟာ လူဦးရေ သန်းတစ်ထောင်ခန့်ရှိပါတယ်။
မဟတ္တမဂနီ်္ဒနဲ့ ဂျဝါဟာ လာနေရူးတို့က ဦးဆောင်တဲ့ ကွန်ဂရက်ပါတီကြီး ရှိတယ်။ အခြားပါတီငယ်များနဲ့ ကွန်မြူနစ် ပါတီက ၃ ပါတီရှိတယ်။ (အခုတော့ ဘယ်လိုလဲ။ ကျွန်တော်မသိပါ) နိုင်ငံကြီးက ကျယ်ဝန်းသလောက် လူမျိုးပေါင်းစုံနဲ့ ဘာသာစကားက ထောင်ကျော်ရှိတယ်။ ဇာတ်မြင့်၊ ဇာတ်နိမ့်၊ ဟိန္ဒူ၊ အစ္စလာမ်၊ ဆစ်ဘာသာ-တမီးလ်ဘာသာ စသည်တွေ ရှိတယ်။ ထိုမျှကွဲပြားမှုတွေ ရှိပေမယ့် လူထု၊ ဒီမိုကရေစီအစိုးရကို စစ်ဗိုလ်ချုပ်တွေက အာဏာ သိမ်းခဲ့တာ မရှိခဲ့ပါ။ (သူတို့ဘာသာ သူတို့ အရေးကြီး ၃ပါး မရှိပါ) ၅ နှစ်တစ်ကြိမ်၊ ဆန္ဒပေးပွဲလည်း ပြီးရော အနိုင်ရပါတီက အစိုးရဖွဲ့လိုက်တယ်။ ဒီမှာလို ဘယ်လောက်ပဲနိုင်နေနေ၊ အာဏာ မအပ်ဘူး။ လွှတ်တော် မခေါ် ရ။ အစိုးရမဖွဲ့ရ၊ ဖွဲ့စည်းပုံမရေးဆွဲရလို့ တားမြစ်ထား ခြင်းမရှိ။…

သူတို့ဆီမှာက ရိုးသားမှုရှိ၊ ကျောင်းမှန်းကန်မှန်း သိတတ်လို့ ကျွန်တော်တို့က တအားကြိုက်တာပါ။ ၀န်ကြီးချုပ် နေရူးကလည်း ခေါင်းဆောင်ကောင်း ပီသပါတယ်။ လာဘ်စားဖို့ ဝေးရော။ ကိုယ်ရေးကိုယ်တာ ချမ်းသာအောင် မလုပ်။ ကိုယ်ပိုင်ဥစ္စာ မစု ဆောင်းပါ။ သူ့ဖခင်ရှေ့နေကြီး တရားဝင် ပိုင်ဆိုင်ထား တဲ့ မြေဧကထောင်ပေါင်းများ စွာကို (အနည်းငယ်သာချန်ထားပြီး) လူထုများသို့ အလကားဝေငှပေးဖြစ်လိုက်တယ်။ သူ့မှာ လယ်တော အိမ် မရှိ။ သားစဉ်မြေး မြစ်တို့ ချမ်းသာအောင် ဘာမှမလုပ်ခဲ့ပါ။

ထို့ပြင် အမြဲတမ်းခေါင်းဆောင်ကောင်း တွေရှိနေအောင် လည်း ဆောင်ရွက်ခဲ့သေး တယ်။ ပြီးတော့ အိနိ္ဒယ၊ ကွန်မြူနစ်တွေ ကလည်း သခင်စိုးတို့၊ သခင်သန်းထွန်းတို့ လိုပြည်တွင်းစစ်ကြီးဖြစ်အောင် မလုပ်ပါ။ အိနိ္ဒယ ကွန်မြူနစ်တွေကလည်း ဥပဒေ အတွင်းမှာပဲ နိုင်ငံရေးအရ ယှဉ်ပြိုင်မယ် ပြောတဲ့အတိုင်းပင် လုပ်ကြတယ်။

ခေါင်းဆောင်ကောင်းကြီး နေရူးက ဦးနုလိုဘာသာရေးသမားမဟုတ်ပါ။ ပရိတ် ကြီး ၁၁ သုတ်ကိုမရွတ်ပါ။ ဦးနု က၀န်ကြီး ချုပ်လည်းဖြစ်ရာ ဆဋ္ဌသင်္ဂါယနာတင်ဘ၀ ရှင်(၀ါးခယ်မ)မင်းသားကြီး ဖြစ်ချင်သေး တယ်။ ခေါင်း ဆောင်ကောင်း နေရူးက နိုင်ငံရေးအရ အမြော်အမြင်ရှိတယ်။ ဒီတော့ စစ်တပ်က အာဏာသိမ်းတာ မျိုး မဖြစ် အောင် ဆွေးနွေးပြောပြလျက် ပါးနပ်လိမ္မာစွာ စစ်တပ်ကို အသိပညာပေးထားခဲ့ သည်။ နိုင်ငံရေးအလုပ် ဆိုတာ လက်ဝဲ၊ လက်ယာ၊ ဘယ်လိုနိုင်ငံရေးပဲဖြစ်ဖြစ် နိုင်ငံရေးသမားကောင်း က လုပ်မှသာ ဖြစ်နိုင်တယ်။ (နိုင်ငံရေး ဗီဇ) ၀ါသနာရှိတဲ့ နိုင်ငံရေး ဦးနှောက်(မွေးရာပါ) ကောင်းမှ၊ ပြည့်စုံမှ သာလျှင်အောင်မြင်နိုင်ပါ တယ်။ နိုဘယ်ဆု တွေ၊ Ph.D ဒေါက်တာဘွဲ့တွေ ဘယ်လောက် ပဲရရ နိုင်ငံရေးဗီဇပါမှသာ နိုင်ငံရေးလုပ်ရ မှာပါ။ အဲဒါကိုပညာရှိ ကြီး တွေ၊ ပညာတတ် ကြီးတွေ၊ စစ်ဘက်ကပုဂိ္ဂုလ်ကြီးတွေ အလေးအနက်နားလည်ဖို့ လိုပါတယ်။

ဥပမာ- သူ ဘာကြောင့် ဆိုင်းဆရာ ဖြစ်လာလဲ၊ သူငယ်စဉ်ကတိုင်း ဆိုင်းသံ ကြားမနေနိုင်။ မိဘက ဘယ် လောက် ရိုက်နေနေ။ ဆိုင်းသံကြားထွက်ပြေး နားထောင်၊ ကြာတော့ ၀င်တီး၊ နောက်တော့ ဆိုင်း ဆရာ ဖြစ်က ရော။

စကားအဖြစ် စာရေးဆရာ၊ နိုင်ငံရေးသမား ဦးသိန်းဖေမြင့်၊ မြသန်းတင့်၊ တက်္ကသိုလ်ဘုန်းနိုင်၊ ဦးဖေမောင်တင်၊ ဦးနု၊ သခင်စိုး၊ သခင်သန်းထွန်းတို့တစ်တွေ ဆိုင်းပညာသင်ကြတယ်၊ ဆိုပါတော့။ ဆိုင်းဆရာဖြစ်နိုင်မလား၊ မဖြစ်နိုင်ပါ။ ကျွန်တော် ငယ်စဉ်ကရွာမှာ ကက်ဆွဲ တတ်သူတွေ ကက်ဝိုင်းတွေရှိနေတော့ ရွာမှာ ကက်မဆွဲ တတ်ရင် လူရာမ၀င်ဖြစ်နေလို့ ကိုင်း… ကက်ဆွဲတတ်အောင် သင်မှပဲဆိုပြီး ညတိုင်းသင်ပါတယ်။ တခြား လူတွေက ၁၀ ရက်လောက်ဆို တော်တော် တတ်ပြီ။ သို့သော် ကျွန်တော်ကား လုံးဝ မတတ်ပါ။ ဘယ်တတ် မလဲ။ ကက်ဝိုင်းက ထလိုက်တာနဲ့ ကက်စကား မသိတော့ပါ။ ချက်ချင်းကို မေ့ကုန်ပြီ။ ဘယ်တတ်ပါ့မလဲ၊ ကျွန် တော်ဟာ စာအုပ်သမားပါ။ ဖတ်စရာ စာရှိနေရင် ထမင်းမစား ညမအိပ်။ တစ်ရက်ကို နာရီ ၂၀ လောက် ဖတ်ပါ တယ်။ မဖတ်ရသေးတဲ့ စာအုပ်ရှိနေရင် စာအုပ်ကို တခြားအိမ်သွားထားမှ ထမင်းစားလို့ရပါ တယ်။

ပြောစရာက ၀ါသနာပါရုံနဲ့တော့ မရ။ ဦးနှောက်က အလေးအနက်လုပ်ပေးနိုင်တဲ့။ စေ့စပ်သေချာတဲ့ ဦးနှောက် ဖွဲ့စည်းပုံပြည့်စုံ ရပါမယ်။ အဲဒါမှသာ တတ်သိနားလည်မှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ခေတ် အခြေအနေက လည်း BC ၁၀ ရာစုလောက်က ဆိုရင် အမှန်ကို မသိနိုင်ပါ။

အိနိ္ဒယကွန်ဂရက်ပါတီကြီး ၂ ခြမ်းကွဲပြီ။ ယင်းပါတီကြီးတွင် ဆိုရှယ်ဒီမိုကရက်ကို လိုလားသူနဲ့ အချို့က အရင်း ရှင် ဒီမိုကရေစီကိုသာ ကြိုက်သူများ ရှိနေတာ ကြာပြီ။ ဒါပေမဲ့ နေရူးရှိစဉ်ကတော့ ပညာ သြဇာအာဏာ လူထုရှိ မှု ကြောင့် ပြဿနာ ရှိရင် ပြေလည်မှုရှိသွားပါတယ်။ ၀န်ကြီး ချုပ်နေရူးကွယ်လွန်သွားသောအခါ ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ပြင်းထန် လာတယ်။ ၀န်ကြီးချုပ် အင်ဒီရာဂနီ်္ဒကလည်း သူ့ဖခင်နေရူး၏ လမ်းစဉ် အတိုင်းသာ လုပ်ချင်တယ်။ ဘဏ္ဍာရေးဝန်ကြီး မိုရာဂျီဒေးဆိုင်းက ဆိုရှယ်ကို မလိုလား၍ သဘောထားကွဲ လွဲမှု ပြင်းထန်လာတယ်။ သူတို့အချင်းချင်း စေ့စပ်လို့မရ။ နောက်ဆုံး ကွန်ဂရက်ပါတီကြီး ၂ ခြမ်းကွဲပါလေ တော့ သည်။

အဲဒီလိုကွဲလွဲကြတာဟာ သူတို့ကိုယ် ကျိုးမပါပါ။ နိုင်ငံတော်စီးပွားရေးအမြင် မတူလို့သာ လမ်းခွဲကြတာ ဖြစ်ပါ တယ်။ အဲဒီလို ပါတီကြီး ၂ ခြမ်းကွဲသွားပေမယ့် အိနိ္ဒယ ကြည်းရေလေတပ်မတော်မှ ဗိုလ်ချုပ်ကြီးတွေက ဘာ စကားမှ မပြောပါ။ သူ တို့အချင်းချင်း ပြေလည်သွားမှာပါ။ သို့မဟုတ် လူထုမဲဆန္ဒရှင်တွေက အဆုံး အဖြတ်ပေး မှာပါ””။ ဗိုလ်ချုပ်ကြီးတွေက နိုင်ငံရေးသမားဆိုတာကို နားလည်ကြ တယ်။ ဒီမှာ ဦးနေ၀င်းကြီးကတော့ (ငါတို့ တပ်က လူကြီးတွေဟာ အရပ်သားနိုင်ငံရေး သမားတွေထက် ပိုပြီးတတ်တယ် တော်တယ်) လို့ ပြောဖူးပါတယ်။

ကွန်ဂရက်ပါတီကြီး ကွဲပြီးနောက် ပထမအကြိမ် ရွေးကောက်ပွဲကျင်းပရာမှာ မိုရာဂျီဒေးဆိုင်းက အနိုင်ရ၀န်ကြီး ချုပ်ဖြစ် လာပါတယ်။ နောက်အင်ဒီရာဂနီ်္ဒ အပေါ် မခိုင်လုံတဲ့ စွဲချက်တွေနဲ့ တရားရုံးစွဲချက် တင်၊ အင်ဒီရာဂနီ်္ဒက လည်း တရားရုံးတော်သို့ စွဲချက်တင်ထားတဲ့ အချက်အလက်တွေကို စနစ်တကျ လျှောက်လဲချက်ပေးခဲ့တယ်။ တရားရုံးကလည်း ဥပဒေအရ ဆန်းစစ်ပြီး တရားဥပဒေအရဘာအပြစ်မှမရှိလို့ အမိန့် ချလိုက်ပါတယ်။

ဒီတော့ ၀န်ကြီးချုပ် ဒေးဆိုင်းအစိုးရ နာမည်ပျက်ပါလေရော။ ဒီလူကြီးဟာတစ် ဖက်သားကို မတရားစွပ်စွဲ၊ မရိုး သားသော လူကြီးဆိုတာ လူထုက သိကုန်ကြတယ်။

အဲ့ နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင်မူ ဒေးဆိုင်း၏ပါတီကြီး မရှုမလှအရှက် တကွဲရှုံးနိမ့်သွားပါတယ်။ သို့နှင့် ပင် ဆန္ဒမဲ အနိုင်ရတဲ့ အမျိုးသမီး အင်ဒီရာဂနီ်္ဒပင် ၀န်ကြီးချုပ်ဖြစ်လာပါတယ်။ အဲဒီကစပြီး ဒေးဆိုင်း၏ နိုင်ငံရေး ဟာ ခေါင်းမထူနိုင်တော့ပါ။ ဒေးဆိုင်း ကွယ်လွန်သွားသည်အထိ သူ့ပါတီ လူထုထောက်ခံမှုမရှိတော့ လို့ကွယ် ပျောက် သွားပါတော့တယ်။ အိနိ္ဒယ ဗိုလ်ချုပ်ကြီးတွေ ပြောသလိုပင် လူထုက ဆုံးဖြတ်လိုက်တာပါ။

ဒါပေမဲ့ ဒေးဆိုင်း ကွယ်လွန်သော အခါ အစိုးရက သဘောထားကြီး စွာဖြင့် နိုင်ငံတော်ဈာပန အဖြစ် ဆောင် ရွက် ပေးခဲ့ သေးသည်။ အိနိ္ဒယနဲ့ ထိုင်းဗိုလ်ချုပ်ကြီးတွေဟာ အမြင်မတူကြပါ။ ထိုင်းဗိုလ်ချုပ်ကြီးတွေက အစိုးရ၊ ၀န်ကြီးချုပ်၊ ယင်လပ်ရှင်နာဝပ်ကို အာဏာသိမ်းလိုက်ပြန်ပြီ။ ဒါပေမဲ့ စစ်အစိုးရကို လူထုက မလိုလား သော် လည်း ထိုင်းစီးပွားရေးကတော့ ကျဆင်းမသွားပါ။ အာဏာကိုချုပ်ကိုင်ထားမှုမရှိဘဲအရပ် သားနိုင်ငံရေးသမား ထံ အာဏာကိုပြန်အပ် လိုက်ပါတယ်။ တော်ပါသေးရဲ့ ဦးနေ၀င်း ကြီးလို ဆိုရှယ်လစ်အရေခြုံပြီးတော့ သောက် ရမ်း လုပ်လို့ ထိုင်းဗိုလ်ချုပ်ကြီး တွေဟာမဆိုးလှပါလို့ယူဆပါတယ်။ ဒေါင်းယောင်ဆောင်နေတဲ့ ကျီးကန်းလို ဒေါင်းလည်း မဖြစ်၊ ကျီးကန်းမွေးလည်း မရှိ၊ LDC နိုင်ငံဖြစ်မသွားပါ။

ပြောရဦးမယ်။ ဥရောပနိုင်ငံတွေမှာလည်း တစ်ပါတီဆိုရှယ်လစ် လုပ်ခဲ့ကြတယ်။ စက်မှုလက်မှု လယ်ယာ သမ၀ါ ယမတွေ တော်တော်များများ တိုးတက်ခဲ့ပါတယ်။ ခုပြောတဲ့ ၀ါဆော စစ်အုပ်စုဝင် ဆိုဗီယက်အစိုးရ၏ မဟာမိတ် နိုင်ငံတွေကလည်း အစဉ်အလာရှိသော နိုင်ငံရေးသမားတွေဖြစ် လို့ မြန်မာ့ဆိုရှယ်လစ်လို LDC နိုင်ငံမဖြစ်ခဲ့ပါ။ ခုပြောတဲ့ တစ်ပါတီ ဆိုရှယ်လစ်တွေက နိုင်ငံရေးသမားတွေမို့ပါ။ ဒီနိုင်ငံမှာလုပ်တဲ့သူတွေက ဘာနိုင်ငံရေး သမားမှ မဟုတ်ပါ။ အာဏာရထားလို့ ဆိုရှယ်လစ်ကို တစ်ချက်လွှတ်အမိန့်ပေးပြီး လုပ်ကြတာပါ။ ဒါကြောင့် လည်း ကမ္ဘာ့အလယ်မှာ အရှက်တကွဲ LDC နိုင်ငံဖြစ် ရတာဟာ ရှက်တတ်ရင် တကယ့်ကိုရှက် ဖွယ်လိလိ အံ့သြ စရာ၊ ရွံစရာ၊ ကြောက် စရာကြီးပါလားခင်ဗျား။ လိုရင်းကတော့ နိုင်ငံရေးသမားဆိုတာက ကိုယ်ကျိုးစီးပွား မရှာ ပါ။ မစုဆောင်းပါ။ ဥပမာ- ဗိုလ်ချုပ်အောင်ဆန်း ကိုယ်ပိုင်စီးပွားမရှာပါ။ သခင် လေးမောင်၊ သခင်လွင်၊ သခင်ချစ် မောင် တို့တစ်တွေလည်း ကိုယ်ပိုင်စီးပွားရှာ စု ဆောင်းခြင်းမပြုကြပါ။ အဲဒါမှသာလျှင် နိုင်ငံ သမားကောင်းဖြစ် ပါတယ်။ အချို့သော နိုင်ငံရေးသမားဆိုရင် နိုင်ငံရေး လုပ်စရာ မရှိ။ တစ်ပါတီစနစ်ကြောင့် အသက်ကြီး လာ တော့ စားစရာမရှိ၊ သင့်ရာ ဘုန်းကြီး ကျောင်းသွားပြီးတော့ စားသောက်နေကြ ရပါတယ်။

နိုင်ငံရေးသမား ကောင်းတစ်ယောက်က သူ့သူငယ်ချင်းကို ““အေးကွာ စား နေရေးကတော့ အဆင်ပြေပါတယ်။ အဲ အဲ မိန်းမ မရှိတာကတော့ မဟန်ပါဘူးကွာ။ ဒီအခါ သူ့သူငယ်ချင်းက ““အင်း သူ တောင်းစား ထမင်းဝတော့ ဘာဖြစ်လာ တယ်ဆိုလား… အင်း … မင်းတို့သခင် နိုင်ငံရေး သမားလည်း အဲဒီလိုပဲ ဖြစ်နေသကိုးကွ။ အင်း …မင်းလည်း အသက်ကြီးပါပြီကွာ…ဒါတွေကို ဟား…ဟား။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

 

 

No comments:

Post a Comment