လက်ရှိအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံသည် စာပေ လွတ်လပ်ခွင့် မြင့်မားသော နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိနေပြီး စာပေယဉ်ကျေးမှု ထွန်းကားမှု မရှိလျှင်ငြိမ်းချမ်းရေး မရ ရှိနိုင်ကြောင်း နိုဘယ်-မြန်မာ စာပေပွဲတော်သို့ ပေးပို့သော သမ္မတ ဦးသိန်းစိန်၏ သ၀ဏ်လွှာတွင် ပါရှိသည်။
စာအုပ်ထုတ်ဝေခွင့်များမှစ၍ စာစောင်၊ စာအုပ်၊ ဂျာနယ်များမှာ စကားလုံးတစ်လုံးချင်း၊ ၀ါကျတစ်ကြောင်းကိုပင် ကန့်သတ်ချုပ်ချယ် ပိတ်ပင်ခဲ့သည့် စစ်အစိုးရ၏ ဆယ်စုနှစ်များစွာသော ချုပ်ချယ်
ကန့်သတ်မှုများစွာ အောက်တွင် မြန်မာ့စာပေ ဖွံ့ဖြိုးမှုကို များစွာ ထိခိုက်ခဲ့သည်သာမက လက်ရှိအစိုးရ လက်ထက်တွင်လည်း သတင်းမီဒီယာများကို ဖိအားပေး တရားစွဲဆိုမှုများ ရှိနေချိန်တွင် သမ္မတ ဦးသိန်းစိန်က နိုဘယ်-မြန်မာ စာပေပွဲတော်တွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ စာပေယဉ်ကျေးမှု ထွန်းကားမှုမှာ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် အပေါ်တွင် မူတည် သည့်အတွက် မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် မည်မျှ အတိုင်းအတာအထိ လွတ်လပ်စွာရေးသား ဖော်ထုတ်ခွင့် ရရှိသည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်နေဆဲ ဖြစ်ကြောင်း PEN Myanmar ဥက္ကဋ္ဌ စာရေးဆရာမ မသီတာ(စမ်းချောင်း) က ဇန်န၀ါရီလ ၂၁ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
““လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်နဲ့ ပတ်သက်ပြီး မြင့်မားတဲ့ နိုင်ငံဆိုတာ ဘာပေတံနဲ့ တိုင်းတာလဲ၊ စာပေစိစစ်ရေး မရှိရုံနဲ့တော့ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် ရပြီလို့ပြောလို့ မရဘူးလေ။ ၀ါဒဖြန့်ချိနေတာ တွေကအခုထိ ရှိသေးတယ်။ စာပေယဉ်ကျေးမှု ထွန်းကားလာရင် ငြိမ်းချမ်းလာမယ်ဆိုတဲ့ အယူအဆကတော့ ငြင်းစရာ မရှိပါဘူး။ စာပေယဉ်ကျေးမှုကို ဘယ်လိုနည်းနဲ့ ထွန်းကားအောင်၊ ဘယ်လိုမျိုး လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့် ကာကွယ်စောင့်ရှောက်မလဲ ဆိုတာကို မူတည်ပြီးပဲ စာပေယဉ်ကျေးမှု ထွန်းကားမှာလေ။ ပြန်သုံးသပ်ဖို့တော့ လိုတာပေါ့။ နိုင်ငံသား တစ်ယောက်ချင်းစီရဲ့ လွတ်လပ်စွာ ရေးသားဖော် ထုတ်ခွင့်တွေကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်နိုင်တဲ့
““စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော်လည်း စာပေယဉ်ကျေးမှု ထွန်းကားခြင်း မရှိလျှင် ဦးနှောက်ရှိပြီး နှလုံးသား မရှိသော လူ့အဖွဲ့အစည်း ပေါ်ပေါက် လာပါလိမ့်မည်၊ နှလုံးသားကင်းမဲ့သော လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းရေး ကို ရှာမတွေ့နိုင်””ဟု သမ္မတဦးသိန်းစိန်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးချိန်မှစပြီး မြန်မာနိုင်ငံ၏ စာပေလွပ်လပ်ခွင့်များမှာ လုံးဝဆုံးရှုံးခဲ့ရသည်။
လက်ရှိ အစိုးရအဖွဲ့ဝင်များ စစ်ရာထူးကြီးများဖြင့် အုပ်ချုပ်ခဲ့စဉ်က စာပေဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဖိနှိပ်မှုများ ရှိခဲ့ကြောင်းကို ဦးမင်းကိုနိုင်က““ကျွန်တော
လက်ရှိအချိန်တွင် စာပေစိစစ်ရေး မရှိသည်ကို ကျေနပ်သော်လည်း တစ်ဦးချင်းစီ၏ မိမိယုံကြည်ရာကို ရေးရဲ၊ ငြင်းဆန်ရဲသော စာပေလွတ်လပ်ခွင့်ပိုင်းတွင်
““စာပေနဲ့နိုင်ငံရေး၊ စာပေနဲ့ ငြိမ်းချမ်းရေးလို့ ပြောတဲ့ အခါ နိုင်ငံရေးရဲ့ အောက်မှာ ငြိမ်းချမ်းရေး ဆိုတာ ရှိတဲ့အတွက် နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံချက် ဆိုတဲ့ဟာမျိုးက ၇ ရက်လောက် တက်ရတဲ့ မှိုစိုက်ပျိုးရေးလို သင်တန်းမျိုးမှာတောင် လိုတဲ့အတွက် လူတွေရဲ့ စိတ်မှာ ငြိမ်းချမ်းရေးဆိုတာ နိုင်ငံရေးလို့ ထင်ပြီး နိုင်ငံရေး ကင်းရှင်းချင်ရင် ငြိမ်းချမ်းရေး မလုပ်ဖို့လို ဖြစ်နေတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စာနဲ့ရေးဖွဲ့ စပ်ဆိုနေရုံနဲ့ မလုံလောက်ပါဘူး””ဟု ၎င်းကပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာပို့စ်၊ Eleven နှင့် မြန်မာသံတော်ဆင့် ဂျာနယ်တို့မှာ တရားစွဲဆိုမှုများကို ရင်ဆိုင် နေရဆဲဖြစ်ပြီး ယူနတီဂျာနယ်နှင့် မွန်းတည့်နေဂျာနယ်တို့မှ သတင်းထောက်များ၊ အယ်ဒီတာများ မှာ နှစ်ရှည် ထောင်ဒဏ်များကျခံ ခဲ့ရသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/

No comments:
Post a Comment