Wednesday, January 21, 2015

ဒေါ်ခင်ဝင်းသေဆုံးမှုအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပါဝင် ပတ်သက်ခဲ့သူများအား အရေးယူပေးရန် ဦးတိုက်လျှောက်ထားမှုကို ဆားလင်းကြီးမြို့နယ်တရားရုံးက လက်မခံ

 ရန်ကုန်၊ ဇန်နဝါရီ ၂၀- လက်ပံ တောင်းတောင် အဓိကရုဏ်းအတွင်း တောင် သူဒေါ်ခင်ဝင်း သေဆုံးမှုအား ဆားလင်းကြီးမြို့နယ်တရားရုံးသို့ ဇန်နဝါရီ ၁၉ ရက်တွင် ဦးတိုက်လျှောက် ထားခဲ့ရာ တရားရုံးက လက်မခံခဲ့ကြောင်း တရားလိုဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှ သိရသည်။

ဒေါ်ခင်ဝင်းသေဆုံးမှုနှင့်ပတ် သက်၍ လုံခြုံရေးတာဝန်အား ကွပ်ကဲခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအပါ အဝင် မြန်မာ့စီးပွားရေးဦးပိုင်လီမိ တက်၊ ဝမ်ပေါင်ကုမ္ပဏီနှင့်
မြို့နယ်အဆင့်၊ ခရိုင်အဆင့် ရဲမှူးများအား ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သော်လည်း ဆိုင်း ငံ့ထားသည့်အတွက် ဆားလင်းကြီး မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက် ထားခြင်းဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ''နယ်စပ်ရေးရာဝန်ကြီးအပါအဝင် ဦးပိုင်၊ ဝမ်ပေါင်၊ မြို့နယ်၊ ခရိုင်ရဲမှူးတွေကိုအမှုဖွင့်တာပါ။ သူတို့တွေက ကြီးကြပ်ကွပ်ကဲပြီး အမိန့်ပေးတဲ့အုပ်စုဖြစ်တဲ့အတွက် သူတို့မှာ အဓိက တာဝန်ရှိတယ်''ဟု အမှုဖွင့်ရသည့်အကြောင်းအရင်းနှင့် ပတ်သက်ပြီး ပြောသည်။

ဆားလင်းကြီးမြို့နယ် တရား ရုံးသို့ဦးတိုက်လျှောက်ထားခဲ့သော်လည်း ရဲစခန်းမှအမှုဖွင့်ဆောင်ရွက် ခြင်းမှာ ပြီးပြတ်မှုမရှိသေးခြင်း၊ ပြည်သူ့ဝန် ထမ်းဖြစ်သည့်အတွက် ခွင့်ပြု ချက်မရှိခြင်းဟု မှတ်ချက်ပြုကာ ဦး တိုက်လျှောက်လွှာအားပြန်လည်ပေး အပ်ခဲ့ကြောင်း သိရသည်။

ဦးတိုက်လျှောက်ထားခြင်းအား ငြင်းပယ်လိုက်သည့်အတွက် အထက် တရားရုံးအဆင့်ဆင့်သို့ တက်သွားမည်ဖြစ်ပြီး စာချွန်တော်တက်ခြင်း သို့မဟုတ် ခရိုင်တရားရုံးသို့ဦးတိုက်လျှောက် ထားခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေဦးသိန်း အောင်က''အဆင့်မြင့်ရုံးတက်ပြီး အောက်ခြေမှာ မမှန်မကန်ဖြစ်နေ တာ၊ တရားဥပဒေစိုးမိုးမှုအခြေအ နေတွေကို တင်ပြနိုင်အောင်အထက် တရားရုံးဆက်တက်သွားမယ်။ ရဲစခန်းမှာ အမှုဖွင့်တော့လဲ ဆိုင်းငံ့ထား တယ်။ တရားရုံးကလဲ ရဲစခန်းက မပြီးပြတ်သေးလို့ဆိုပြီး လက်မခံဘူး။ အပေါ်ရုံးက ဘယ်လိုဆက်ပြီး ဆုံး ဖြတ်မယ်ဆိုတာ ကြည့်ရမှာပေါ့''ဟု ပြောသည်။

ဒေါ်ခင်ဝင်းသေဆုံးမှုနှင့်ပတ် သက်ပြီး ဒေါ်ခင်ဝင်း၏ယောင်းမဖြစ် သူဒေါ်ခင်မာအေးမှ တရားလိုပြုလုပ် ကာ ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် ဇန်နဝါရီ ၃ ရက်က အမှုဖွင့်ခဲ့ရာ အမှုကိုလက်ခံခဲ့သော်လည်း ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ (ပနံပါတ်) တပ်ပေး ခဲ့ခြင်းမရှိဘဲ အမှုကိုယာယီရပ်ဆိုင်း ထားကြောင်း ရဲစခန်းမှ ဇန်နဝါရီ ၁၂ ရက်တွင် အကြောင်းပြန်ကြားခဲ့ ကြောင်း သိရသည်။

HM
#‎Democracytoday‬

No comments:

Post a Comment