Tuesday, January 20, 2015

တပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်နေသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြီးဆုံးသည်အထိ ပါဝင်ဆောင်ရွက်သွားမည်ဟု KIO နည်းပညာအကြံပေးပြောကြား

 ရန်ကုန်၊ ဇန်နဝါရီ ၁၉- ကချင်လွတ် မြောက်ရေး တပ်မတော် (KIA) နှင့် တပ်မတော်တို့အကြား လက်ရှိအချိန် တွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြီးဆုံးသည်အထိပါဝင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းယင်းအဖွဲ့၏ နည်းပညာအကြံပေး အဖွဲ့ဝင်ဦး ဒေါင်ခါးကပြောသည်။

ဇန်နဝါရီ ၁၄ ရက်က ကချင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးက မန်းဒူးနော်နှင့် အဖွဲ့ ဖားကန့်ဒေသတွင် တာဝန်ထမ်း ဆောင်နေစဉ် ကေအိုင်အေ လက်အောက်ခံအဖွဲ့များက
တားဆီးစစ် ဆေးခဲ့ကာ ယင်းနှင့်အတူပါလာသော လုံခြုံရေးရဲဝန်ထမ်းသုံးဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ရာမှ အစပြုကာ ဇန်နဝါရီ ၁၅ရက်တွင် နှစ်ဖက် တိုက် ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။

''လက်ရှိသွားနေတဲ့ငြိမ်းချမ်း ရေးကိုလဲ အဆုံးထိအောင်သွားမယ်။ ဒီလမ်းကြောင်းကို ဘယ်တော့မှ ပျက်စီး ခံမှာမဟုတ်ဘူး။ ဒါပေမဲ့ ထိုးစစ်ဆင် လာတဲ့အပေါ်မှာလဲ အတတ်နိုင်ဆုံး လုပ်နေရတယ်။ ဒီနှစ်ခုက တစ်ပြိုင် တည်းဖြစ်နေတယ်''ဟု ယင်းကဆိုသည်။

လက်ရှိ ဆောင်ရွက်နေသည့် အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် ခိုင်မာရေး အတွက်လည်း အခြားတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များနည်းတူ ကချင်လွတ်မြောက်ရေး အဖွဲ့က ထိပ်ဆုံးမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိသွားနေသည့် အပစ်အခတ်ရပ်စဲရေးလမ်းကြောင်းကို ပျက်စီးခံမည် မဟုတ်ကြောင်း KIO နည်းပညာ အကြံပေးအဖွဲ့ဝင် ဦးဒေါင်ခါးက ပြောသည်။

ယင်းနေ့(ဇန်နဝါရီ ၁၅ရက်)တွင် လုံးခင်းမြို့နယ်အောင်ဘာလေ ကျေးရွာတွင် အခြေစိုက် ထား သော KIO တပ်စခန်း(၆)ကိုလည်း တပ်မ တော်က သိမ်းလိုက်ကြောင်း သိရပြီး KIO အဖွဲ့အနေဖြင့် ယင်းတို့တပ်ရင်း (၆)စခန်းကို ပြန်လည်ရယူလိုသည့်အတွက် ယခုကဲ့သို့ တန်ပြန်တိုက်ပွဲများ ဆင်နွှဲနေခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးစာ ချုပ်ကို ဖေဖော်ဝါရီ ၁၂ရက် (ပြည်ထောင်စုနေ့) တွင် ရေးထိုးလိုကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းက ပြုလုပ်သည့် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့၏ နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် လုပ်ငန်းအကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ပြောဆိုထား သကဲ့သို့ သမ္မတကလည်း ယင်းနေ့တွင်ရေးထိုးကြရန်ဗိုလ်ရှုခံ အခမ်းအနားသို့ တက်ရောက်လာ သော တိုင်းရင်းသားအဖွဲ့များကိုတိုက်တွန်းထားသည်။

သို့သော်လည်း ယခုကဲ့သို့ တိုက် ပွဲများ ပြန်လည်ဖြစ်ပွားနေပါက ယင်းမျှော် မှန်းချက်သည် မဖြစ်နိုင်တော့ ကြောင်းလည်း တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များက သုံးသပ်ကြသည်။

နိုင်ငံလုံးအဆင့်အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ သတ္တမအကြိမ် မြောက်ပြုလုပ် မည့် ဆွေးနွေးပွဲကို ယခု လ တတိယပတ်တွင် ပြန်လည်စတင် ရန် ပြောကြားထားသော်လည်း ယခု ဇန်နဝါရီ ၁၉ရက်အထိ နှစ်ဖက်ချိန်းဆိုမှုများ မပြုလုပ်ရသေးကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

NTDW
#‎Democracytoday‬

No comments:

Post a Comment