Tuesday, January 20, 2015

မျိုးစောင့်ဥပဒေကြမ်းနှစ်ခုအား အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်း

 ရန်ကုန်၊ ဇန်နဝါရီ ၁၉- မျိုးစောင့် ဥပဒေဟု လူသိများသောဥပဒေကြမ်း လေးခု အနက် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းနှစ်ခု အား ဇန်နဝါရီ ၁၉ရက်ကကျင်းပသော အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်း ခဲ့သည်။

ဇန်နဝါရီ၁၉ရက်က စတင် ကျင်းပသော အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးပထမနေ့တွင်အထက်ပါဥပဒေ ကြမ်းနှစ်ခုကို ပြည်ထောင် စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်ဦးထွန်း ထွန်းဦးက အဆိုတင်သွင်းခဲ့ခြင်းဖြစ် သည်။

''ဥပဒေကြမ်းရေးဆွဲရေး ကော် မရှင်အနေနဲ့ ဥပဒေကြမ်းကို ရေးဆွဲရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆန့် ကျင်မှုမရှိဖို့၊ တည်ဆဲဥပဒေများနဲ့ ညီစေဖို့၊ နိုင်ငံတော်နဲ့ပြည်သူအတွက် အကျိုးရှိပြီး ကျင့်သုံးနိုင်စေဖို့အများ ပြည်သူနဲ့ နိုင်ငံတကာလက်ခံနိုင်စေ ဖို့ မည်သည့်ဘာသာကိုမျှ ထိခိုက် နစ်နာမှုမရှိစေဘဲ မျှတသောဥပဒေ ဖြစ်ဖို့အတွက်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင် ရွက်ခဲ့ပါတယ်''ဟုကိုးကွယ်ရာဘာသာကူးပြောင်း ခြင်းဆိုင်ရာ ဥပဒေကြမ်းအား အဆို တင်သွင်းစဉ် ပြောကြားခဲ့သည်။

ကိုးကွယ်ရာဘာသာကူးပြောင်း ခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပဲခူး တိုင်းဒေသကြီး မဲဆန္ဒနယ်မှလွှတ် တော်ကိုယ်စားလှယ်ဦးအောင်ချိုဦး ကထောက်ခံဆွေးနွေးခဲ့ပြီးလူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်း မာရေးစောင့်ရှောက်မှုဥပဒေကြမ်း ကို ပဲခူးတိုင်းဒေသကြီးအမှတ်(၈)မှ ဒေါက်တာ ခင်မောင်ဌေးက ထောက် ခံဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက်ယင်းဥပဒေများနှင့် ပတ်သက်၍ လွှတ်တော်တွင်ဆက် လက်ဆွေးနွေးရန် သင့်မသင့်မဲခွဲ ဆုံးဖြတ်ရာတွင် ကိုးကွယ်ရာ ဘာ သာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ကြမ်းတွင်သဘောတုသူ ၈ရဦးနှင့် သဘောမတူသူ ခြောက်ဦးရှိခဲ့ကြောင်း၊ လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းတွင်သဘောမတူသူ မရှိခဲ့ကြောင်း သိရသည်။

ထို့ပြင်ယင်းဥပဒေကြမ်းများ နှင့်ပတ်သက်သည့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏အစီ ရင်ခံစာများကို လွှတ်တော်ကိုယ်စားလှယ်များက ဖတ်ကြား တင်သွင်းခဲ့ကြ ပြီးဥပဒေကြမ်းများနှင့်ပတ်သက်၍ဆွေးနွေးလိုသည့် ကိုယ်စားလှယ် များအနေဖြင့် ယခုလ ၂၁ရက် နောက်ဆုံးထား၍ စာရင်းပေး သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

မျိုးစောင့်ဥပဒေဟုလူသိများ သော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာကျန်း မာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအထူး ထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်း၊ တစ်လင်တစ်မယားစနစ်ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေကြမ်းများကို နိုင်ငံ ပိုင်သတင်းစာများတွင် ဒီဇင်ဘာ ၁ရက်မှ စတင်၍အများပြည်သူ အကြံ ပြုနိုင်ရန်ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းများနှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေး ဆောင် ရွက်သည့်အဖွဲ့အစည်းများမှ ဝေဖန်အကြံပြုချက်များရှိခဲ့သည်။

ထို့ပြင်မျိုးစောင့်ဥပဒေများ ဖြစ်ပေါ်လာရေးအတွက် သမ္မတဦးသိန်းစိန်ထံ တိုက်တွန်းတောင်းဆိုခဲ့ သော အမျိုးဘာသာသာသနာထိန်း သိမ်း စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ကလည်း အဆိုပါ ဥပဒေများကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန် ဆန္ဒပြ တောင်းဆိုမှုများပြုလုပ်ထားသည်။

ယင်းဥပဒေများနှင့်ပတ်သက် ၍အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး အဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာ တော်ကြီးက နိုင်ငံတော်သမ္မတထံ တိုက်တွန်း တောင်း ဆိုပြီးနောက်တွင် ဥပဒေကြမ်းများရေးဆွဲရန် သမ္မတမှ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

SYMZ, MO
#‎Democracytoday‬

No comments:

Post a Comment