Friday, January 23, 2015

ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုနှင့် အသုံးဝင်မှုကိုကြည့်၍ ဖျက်သိမ်း၊ ပေါင်းစည်းသင့်သည့် ၀န်ကြီးဌာနများတွင် သမ၊ စက်မှု၊ နေပြည်တော်ကောင်စီနှင့် သမ္မတရုံးပါထည့်သွင်းသင့်ဟုဆို

 ရန်ကုန်၊ ဇန်န၀ါရီ ၂၁

အစိုးရသစ်လက်ထက်တွင်း ၀န်ကြီးဌာနများ၏ ပြည်သူ့ဘဏ္ဍာ ငွေသုံးစွဲနေမှုနှင့် အသုံးဝင်မှု အပေါ်လိုက်၍ ဖျက် သိမ်းသင့်၊ ပေါင်း စည်းဖွဲ့စည်းသင့်သည့် ၀န်ကြီးဌာနများတွင် သမ၀ါယမ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သမ္မတရုံး ၀န်ကြီးဌာန ပါပါဝင်ကြောင်း လွှတ်တော်အမတ်များက သုံးသပ်လျက် ရှိသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မကုန်မီ ပြည်ထောင်စု ၀န်ကြီးဌာနများ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲဖွဲ့ စည်းမှုပြုလုပ် သွားမည်ဖြစ်ပြီး၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် စတင်သည်နှင့် လူသစ်စိတ်သစ်၊ ဖွဲ့စည်းပုံအသစ် နှင့် ပြည်သူများ လိုလား နှစ်သက်သည့်
အုပ်ချုပ်မှုယန္တရား ဖြစ်စေရန် ပြောင်းလဲသွားမည်ဟု သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီလ ၁၉ရက် ကနေပြည်တော်သမ္မတ အိမ်တော်သဘင်ဆောင်တွင် ပြုလုပ်သည့် အဆင့်မြင့်အရာရှိများ အထူးမွမ်း မံသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့မှုအပေါ် ယခုကဲ့သို့ သုံး သပ်နေကြခြင်း ဖြစ်သည်။…

““ဒါကလည်း ရွေးကောက်ပွဲနား နီးလာတဲ့အခါကျတော့ အစိုး ရအနေနဲ့ ပြုပြင်ပြောင်းလဲစရာ တွေကို ပြတ်ပြတ် သားသား လုပ်တယ်ဆိုတာကို သက်သေပြချင်လို့ ကြိုးပမ်းမှုတစ်ရပ်ပဲလို့ မြင်ပါတယ်။ သမ၀ါယမ၀န်ကြီးဌာန ဆိုရင်တော့ သိပ်အဆင်မပြေဘူးလေ။ ကြည့်ရတာ အဆင်မပြေ ဘူးပေါ့။ ပြည်သူ လူထုအတွက် သမ၀ါယမ ဆိုတာက မထွန်းကားခဲ့တာ၊ မအောင်မြင်ခဲ့ တာကြာပြီလေ။ ဒါပေမဲ့ဘာကြောင့် သမ၀ါယမ၀န်ကြီးဌာန ဆက် ထား ပြီးတော့ နိုင်ငံခြားချေးငွေတွေ ယူ နေလဲပေါ့။အဲဒီချေးငွေတွေနဲ့ လယ် သမားတွေ၊ လိုအပ်တဲ့ချေးငွေတွေ ချေး တယ်ပေါ့။ ချေးတယ်ဆိုပြီးတော့ ဒီလုပ်ငန်းတွေ ပြပြီးတော့ သေချာစိစစ်တဲ့အခါကျတော့လည်း တကယ့် ကိုလည်း ထိထိရောက် ရောက်ထင်ရှားတဲ့ ရလဒ်တွေမတွေ့ ရဘူးပေါ့။ ငွေရတဲ့လူတွေကအကြွေး သံသရာနစ် တာပဲ အဖက်တင်တယ်။ ဒီသမ၀ါယမ၀န်ကြီးဌာနက တော့မရှိသင့်ဘူးလို့ ထင်ပါတယ်။

နောက်တစ်ခါ စက်မှုဝန် ကြီးဌာနတွေ။ စက်မှုဝန်ကြီးဌာနတွေကလည်း အရှုံးပေါ်နေတဲ့လုပ် ငန်း တွေ အများကြီးရှိတယ်။ ဒီဝန်ကြီး ဌာန တွေကလည်း တခြားဝန်ကြီး ဌာနတွေနဲ့ပေါင်းပြီးတော့ လုပ်သင့်တဲ့ ဌာနတွေပေါ့နော်။ စက်မှုဝန်ကြီး ဌာနရဲ့ ရပ်တည်ခဲ့တဲ့သမိုင်းမှာ ပြောင်ပြောင်မြောက်မြောက် တိုင်းပြည်ရဲ့ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဘာတွေများ လုပ်နိုင်ခဲ့သလဲ။ ဒီဝန်ကြီးဌာနကလည်း အင်မတန်ကို ဘယ်လိုပြောမလဲ။ ရလဒ်မရှိ ဘူးဆိုရင်တော့ ပေါင်းသင့် တဲ့ ၀န် ကြီးဌာနလို့ ထင်ပါတယ်။ ရုံးမှာလည်းပဲ သမ္မတရုံးဝန်ကြီးတွေ ဒီလောက်များနေတာလည်းပေါ့။ ဒါလည်း ပြန်လည် စဉ်းစားရမယ်။ သမ္မတရုံးရဲ့ အသုံးစရိတ်ကလည်း မနည်း ဘူးလေ။ နောက်တစ်ခါ နေပြည်တော် ကောင်စီ။ နေပြည် တော်ကောင်စီရဲ့ အသုံးစရိတ်တွေကို ကြည့်လိုက်မယ်ဆိုရင် နေပြည် တော်မှာဘယ် လောက်ထိ အခြေခံ ပြည်သူလူထုရဲ့ အကျိုးရှိတဲ့အလုပ်တွေကို လုပ်နိုင်သလဲပေါ့။ သုံးနေတဲ့ ဘဏ္ဍာငွေနဲ့ ဆန်းစစ်မယ်။ ကြည့်စရာတွေတော့ အများကြီးရှိ တယ်။ ပြည်သူ့ ဘဏ္ဍာ ငွေလျော့ချ မယ့်စနစ်ကိုတော့ ကြိုဆိုပါတယ်။ နောက်ကျနေတာကိုတော့ အားမရဘူးပေါ့”” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု အဆင့်ဝန်ကြီးဌာန ၃၆ ခုရှိပြီး ၀န်ကြီး၊ ဒုဝန်ကြီးများစွာ ခန့်အပ် ထားသည်။ ထို့ပြင် သမ္မတရုံး ၀န်ကြီးဌာန တစ်ခုတည်း၌ပင်ဝန် ကီး ၆ ဦး ခန့်အပ်ထားသည်။ လွှတ်တော်အမတ်များက ပယ်ဖျက်သင့်ပြီ ဆိုသည့် သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီးအဖြစ်ခန့်အပ် ခံထားရသူမှာ ယခင်စစ်အစိုးရ လက်ထက် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းဖြစ်ပြီး၎င်းင်း ၀န်ကြီးဌာနမှတစ်ဆင့် တရုတ် နိုင်ငံ မှ ချေးငွေ ဒေါ်လာသန်း ၁၀၀ ချေးငှား ထားသည်။

ယခုကဲ့သို့ ၀န်ကြီးဌာနများအား ဖျက်သိမ်းသင့်သည်များ ဖျက်သိမ်း၍ ပေါင်းစည်း သင့်သည့် ၀န်ကြီးဌာနများ ကို ပေါင်းစည်းရန် စီစဉ်ရခြင်းမှာ ဗဟိုအစိုးရမှ မူဝါဒများ ပြုပြင်ပြောင်း လဲမှု ပြုလုပ်နေသော်လည်း အောက်ခြေ အဆင့်တွင် မူ ပြောင်းလဲမှု မရှိခြင်းကြောင့် ဖြစ်ကြောင်းလည်း သမ္မတရုံးညွှန် ကြားရေး မှူးချုပ် ဦးဇော်ဌေးက ယခုကဲ့သို့ ရှင်းပြသည်။

““ကျွန်တော်တို့က ပြုပြင်ပြောင်းလဲရေးပေါ့နော်။ Reform လုပ်တဲ့အချိန်မှာ အရင်တုန်းက ကျွန်တော်တို့က Top Down။ ပေါ်လစီကို အပေါ်က ချတယ်။ အဲဒါ ကို ညွှန်ကြားချက်နဲ့ အောက်က အကောင်အထည် ဖော်တယ်ပေါ့။ သို့သော် အခုကျတော့ ဘာဖြစ်လာသလဲဆိုတော့ ပြည်သူလူထု ဗဟိုပြုပေါ့နော်။ ပြည်သူ လူထုဗဟိုပြု ပြောင်း လိုက်တယ်။ ပြောင်းလိုက်တဲ့ အခါကျတော့ အောက်က တက်ပေါ့။ ပြည်သူလူထု ဘာတွေ အခက်အခဲတွေ ကြုံ နေလဲ၊ ပြည်သူလူထု ဘာတွေလိုအပ်နေလဲ၊ ထပ်ဖြည့် ပြီးလုပ်ပေးပေါ့နော်။ ပြည်သူလူထု ဒုက္ခရောက်ရင် မလုပ် နဲ့။ ပြည်သူ လူထု ကောင်းကျိုးဖြစ်မယ်ဆိုရင် လုပ်။ဒီလိုသွားတဲ့အချိန်မှာ အောက်မှာက အစိုးရယန္တရား ပေါ့နော်။ အဆင့်ဆင့်သော ပင်နီယံတွေဘာတွေ တစ်ခုခုဟိုဝှာ ဖြစ်လိုက်လို့ရှိ ရင်ဖြစ်မလာဘူးပေါ့နော်။ အပေါ် ကပြောင်း တယ်။ အောက်က မပြောင်းဘူး။ အပေါ်က ပြောင်းတယ်၊ အလယ်ကကျန်ခဲ့တယ်၊ ဒါမျိုးတွေ ပေါ့နော်။ အခက် အခဲတွေ ပြန်သုံးသပ်တဲ့အခါမှာ မူဝါဒတော့ပြောင်းပြီး စနစ်က ပြောင်းဖို့လိုတယ်ပေါ့။

တချို့ ကျွန်တော်တို့ ပြောင်းတယ်။ လူတွေ Change ကြည့်တယ်။ ဒါပေမဲ့ ခဏပဲ ပြောင်းတယ်။ အဲဒီတော့ ပြုပြင်ပြောင်းလဲရေး ပေါ့ နော်။ ၀န်ကြီးဌာနတွေကို reform လုပ်လို့ ပြောတဲ့အချိန်မှာ သူတို့ဟာ သူတို့ ပြန်မလုပ်တာတွေရှိတယ်။ ပြောင်း လဲပြီးတော့ဖွဲ့စည်းလိုက်တဲ့ ဟာက ပြည်သူလူထုကို ကောင်းကျိုးဖြစ် သလား၊ မဖြစ်သလား၊ ဒါတွေပြန် ကြည့် တာပေါ့။ ကြည့်ပြီးတော့မှ သမ္မတကြီးက အဲဒီလိုပြော တယ်။ ပေါင်း မယ်၊ ပြောင်းသင့်တာ ပြောင်းမယ်။ ၀န်ကြီး ဌာနတွေ ပေါင်း တာ၊ ပြောင်းတာ၊ ဖြုတ်ပစ်တာ၊ ဒါကို ပြော တာပါ””ဟု ဦးဇော်ဌေးက ဆို သည်။ ယခုကဲ့သို့ ၀န်ကြီးဌာနများ ဖျက်သိမ်းခြင်းနှင့် ပူးပေါင်းသင့် သည်များကို ပူးပေါင်းမည့်အပေါ် ကြိုဆိုသော်လည်း မည်မျှအထိ လုပ်ဆောင်နိုင်သည် ကသာလျှင် အရေးကြီးဆုံးဖြစ်ကြောင်း လည်း သုံးသပ်မှုများ ရှိသည်။

““အခုဆိုရင် ၀န်ကြီးဌာနအားလုံးက အခုပေါင်း ၃၀ကျော် ရှိနေ တာလေ။ ၀န်ကြီးပေါင်းကတကယ် ကိုပဲ ၆၀ နဲ့ ၉၀ နီးပါးလောက်ကို ရှိနေတယ်။ တကယ်တမ်းဆိုရင်တော့ သူများတိုင်းပြည်တွေမှာ အာဆယံနိုင်ငံ အတွင်းမှာဆိုရင် ကျွန်မတို့ တိုင်းပြည်က၀န်ကြီးဌာန အများဆုံး ဖြစ်နေတယ်။ ပေါင်း သင့်တယ်ဆိုတာကိုတော့ ထောက်ခံတယ်။ ၀န်ကြီးဌာနပိုင်းကတော့ လိုအပ်တယ်လို့ထင်ပါတယ်။ တချို့ တိုင်းပြည်တွေမှာမရှိတဲ့ဝန်ကြီး ဌာနမျိုး ကျွန်မတို့မှာ ရှိတယ်။ ဒါပေမဲ့ လည်းပေါင်းလို့ရတဲ့ ဟာတွေအထူးသဖြင့် ကုန်သွယ်စီးပွားတို့ ဘာတို့ ဆို လို့ရှိရင်လည်း ဘယ်ဟာအရေး မကြီးဆိုတာကိုတော့ မသုံးသပ်ချင်ဘူး။ ၀န်ကြီးဌာနအကုန်လုံးကတော့ အရေး ကြီးတဲ့ ၀န်ကြီးတွေ။ ဒါပေမဲ့လည်း အစတုန်းကဆိုရင် လည်းပေါင်းထားတာ။ ဆိုရှယ်လစ် ခေတ်တုန်းကဆိုရင် လည်း ၀န်ကြီးဌာနတွေကို တတ်နိုင်သမျှ ကျုံ့အောင်လုပ် ထားပြီးတော့ ပေါင်းပြီး တော့ ဆောင်ရွက်ပေးထား တာ ရှိတယ်။ ၀န်ကြီးဌာနများခြင်း၊ နည်းခြင်းထက် ပြောချင်တာက ၀န်ကြီးဌာနပေါင်းတာ၊ မပေါင်း တာထက် ၀န်ကြီးဌာန ပေါင်းရင်ကော ဘဏ္ဍာငွေသက် သာသွားမှာလား။ နောက်တစ်ခုက ၀န်ကြီးဦးရေ လျော့သွားမှာ လား။ ကျွန်မတို့ ကိုယ်တိုင်ကိုကအစိုးရရုံးတွေ၊ ၀န်ကြီးဌာနတွေသွားလို့ရှိရင် ထောက်ခံစာ အဆင့်ဆင့်တွေ ယူရ တာ၊ ကြိုးနီစနစ်တွေနဲ့ အပေါ်ကနေ အောက်ကို လုပ်နေတာတွေက တအား ကြာလွန်းတယ်။ အခုလို ပေါင်း ခြင်းအားဖြင့်ကော ပိုပြီးကြာသွားမှာလား။ ပိုပြီးတော့ လွယ်ကူ မြန်ဆန်သက်သာသွားမှာ လားဆိုတဲ့ဟာ မျိုးက အရေးအကြီးဆုံးပါပဲ”” ဟု ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက သုံးသပ်သည်။

MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment