Sunday, January 18, 2015

KIA က ဖမ်းဆီးသွားသည့် ကချင်ပြည်နယ်ဝန်ကြီး၏ ရဲတပ်ဖွဲ့ဝင် သုံးဦးအား တိုက်ပွဲများဖြစ်ပွားနေ၍ ဆက်လက်ဖမ်းဆီးထားမည်

ကေအိုင်အေတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၄ ရက်က ဖမ်းဆီးထိန်း သိမ်းထားသည့် ကချင်ပြည်နယ် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး၏ အနီး ကပ်လုံခြုံရေးအဖြစ် လိုက်ပါခဲ့သည့် ရဲတပ်ဖွဲ့ဝင်သုံးဦးအား ဇန်နဝါရီ ၁၅ ရက်နံနက်တွင် ပြန်လွှတ်ပေးရန် သဘောတူညီချက်ရရှိပြီးဖြစ်သော်လည်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရွှေ့ဆိုင် ;ထားသည့်အခြေအနေရှိနေ သည်ဟု မြစ်ကြီးနား PCG မှ ဦးလား မိုင်ဂွန်ဂျာက The Ladies သို့ပြော သည်။


ကချင်ပြည်နယ် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး၏ ဇန်နဝါရီ ၁၄ ရက် က မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းကြောင်းအား စစ်ဆေးကြည့်ရှု သည့် ခရီးစဉ်တွင် ပြည်နယ်ဝန်ကြီး အား ကေအိုင်အေအဖွဲ့က ထိန်းသိမ်း ပြီး အနီးကပ်လုံခြုံရေးလိုက်ပါသွား သည့် ရဲတပ်ဖွဲ့ဝင်သုံးဦးအား ဆက် လက်ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ် သည်ဟု ၎င်းကဆိုသည်။

ကေအိုင်အေဘက်မှ တာဝန်ရှိသူ များက ရဲတပ်ဖွဲ့ဝင်သုံးဦးအား အမြန် ဆုံး ပြန်လည် လွှဲပြောင်းပေးနိုင်ရေး အတွက် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ ပဋိပက္ခဖြေရှင်းရေး ညှိ နှိုင်းရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ ဦးနော်ဒီနှင့် မြစ်ကြီးနားမြို့ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့မှ ဦးလမိုင်ခွန်ဂျာတို့ထံ ဆက်သွယ် ဆောင်ရွက်ထားပြီး၊ ကေအိုင်အေအ ဖွဲ့အား နယ်မြေခံတပ်မတော် စစ် ကြောင်းက လိုက်လံရှင်းလင်းလျက် ရှိသည်ဟု တပ်မတော်ဘက်က သ တင်းထုတ်ပြန်သည်။

‘ဒီကိစ္စကို ကေအိုင်အေအထက် အရာရှိတွေဆီ အကြောင်းကြားတော့ အောက်ခြေကလူတွေ လုပ်တာဖြစ် နေတယ်။ သူတို့သေချာစိစစ်ပြီး ဒီနေ့ (ဇန်နဝါရီ ၁၅ ရက်)မှာ ပြန်လွှတ်ပေး မယ်ပြောပေ မယ့် အခု တပ်မတော်နဲ့ ကေအိုင်အေ ဖားကန့်မှာ တိုက်ပွဲ တွေဖြစ်နေတဲ့ အတွက် ပြန်လွှတ်ပေး ဖို့ကိစ္စကို ရွှေ့ဆိုင်းထားတဲ့ အခြေအ နေဖြစ်နေတယ်’ ဟု ဦးလားမိုင်ဂွန်ဂျာက ဆိုသည်။

ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးကမန်းဒူးနော်နှင့်အဖွဲ့ သည် ယမန်နေ့က မိုးကောင်း-ကာ မိုင်း- ဖားကန့် လမ်းခင်းနေမှု အခြေ အနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဖားကန့်မြို့တွင် ညအိပ်ရပ်နားခဲ့ကာ ဖားကန့်မြို့မှ ဖားကန့် - ဆိပ်မူ-ဝှေခါ -ညောင်ပင်- လုံးတုံး- ဟိုပင်လမ်း ကြောင်းအတိုင်း ဆက်လက်ထွက်ခွာ လာရာ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ် ခန့်တွင် ဖားကန့် မြို့နယ် ဟွေလုံကျေးရွာအနီးသို့ အ ရောက် လက်နက်ကိုယ် စီကိုင်ဆောင် ထားသည့် အင်အား ၂၅ ဦးခန့်ရှိ ကေအိုင်အေ အဖွဲ့တစ်ဖွဲ့က သေနတ် များပစ်ဖောက်၍ လမ်းပိတ်ဆို့ကာ တားဆီးစစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်း ယင်းနောက် ပြည်နယ် ဝန်ကြီးနှင့်အ ဖွဲ့အား လမ်းပေါ်တွင် ထိုင်ခိုင်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ဆက်လက်ထွက်ခွာ ခွင့်ပြုခဲ့သော်လည်း ၎င်းအဖွဲ့နှင့်အတူ လုံခြုံရေးအတွက် လိုက်ပါသွားသည့် ဒုတိယရဲအုပ်မြင့်စိုး ဦးစီးတပ်ဖွဲ့ဝင် သုံးဦးအား လက်နက် ခဲယမ်းများနှင့် အတူ ကေအိုင်အေအ ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်ထားခဲ့သည် ဟု တပ်မတော် ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ဇော်မင်းထွန်း

The Ladies News Journal

 

No comments:

Post a Comment