သီတဂူဆရာတော်ကြီးသည် အ ပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်များ အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ်သာ တာဝန်ထမ်းဆောင်နေပြီး အခြားမည်သည့် ဘာသာရေး အသင်းအဖွဲ့၊
လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်း ဆောင်နေခြင်း မရှိကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ စီမံအုပ်ချုပ် ရေးအဖွဲ့က ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
‘အဲဒီကြေညာချက် ထုတ်တယ် ဆိုတာက ထုတ်တာပဲလေ ဒီဘက် ကို သူ ဒုဥက္ကဋ္ဌ ကနေ ထွက်တယ်ဆိုတဲ့ အကြောင်း စာတင်ထားတာတွေ ဘာတွေရှိမှ မရှိတာ၊ မရှိတဲ့ အတွက်ကြောင့် အရင်ကလည်း ဒုဥက္ကဋ္ဌပဲ အခုလည်း ဒုဥက္ကဌပဲ’ ဟု ဒေါက်တာ ရှင်သောပါက္က က မိန့်ကြားသည်။
သီတဂူဆရာတော် အရှင်ဉာဏိ ဿရသည် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့၏ အဓိပတိ၊ မန္တလေးမလွန်ဆန် လှူအသင်းကြီး ၏ ဩဝါဒါ စရိယ၊ ရန်ကုန်အဘိဓမ္မာ ပြန့်ပွားရေးအ သင်းကြီး၏ ဩဝါဒါစရိ ယမှတစ်ပါး အခြားအသင်းအဖွဲ့များ တွင် တာဝန်ထမ်းဆောင်ခြင်း မရှိ ကြောင်း ထုတ်ပြန် ချက် တွင် ဖော်ပြ ထားသည်။
‘သူက ဒီပထမအကြိမ် အောင်ဆန်းတပ်ဦး တောရကျောင်းရဲ့ ညီ လာခံ၊ ပထမ အကြိမ် ညီလာခံမှာ သူကိုယ်တိုင် ဒုတိယဥက္ကဋ္ဌ ဖြစ်ပါ တယ်ဆိုတာ လက်မှတ် ထိုးပြီးတော့ ဝင်ထားတာ မှန်တယ်။ ၂ နှစ် သက် တမ်းလောက် ရှိပြီ ဆောင် ရွက်ခဲ့တယ်။ ဆောင်ရွက်ခဲ့တာလည်းပဲ အခု တို့ဆီ မှာလည်းပဲ ဒါကို သူ မလုပ်လိုပါဘူး ဆိုတဲ့ အကြောင်းလည်းပဲပြောတာ၊ အကြောင်းမကြားဘူး။ စာတင်တာ လည်း ဘာမှမရှိဘူးပေါ့။ အဲဒီသဘော ပဲတို့က သိတယ်။ သို့သော် သူ့ဟာ သူ ကြေညာတဲ့ အခြေအနေကတော့ အကြောင်းအမျိုးမျိုး ရှိကောင်း ရှိမယ် ပေါ့။ တို့နဲ့လည်း ဘာမှတော့ ပြဿနာတော့ မရှိဘူး။" ဟု အမျိုးဘာသာ သာသနာပြန့်ပွားရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ရွာမပရိယတ္တိ စာသင်တိုက် (အင်းစိန်) ၊ နိုင်ငံတော် ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ တိလောကာ ဘိဝံသ က မိန့်ကြားထား မှုလည်း ရှိနေသည်။
"တစ်ခု ရှိတာက သူဟိုတလောတုန်းက အီရန်နိုင်ငံကို သွားတယ်။ ဟိုမှာ အခြေ အနေတွေက နည်းနည်းလေး သူ့ပတ်ဝန်းကျင် ဂယက်ရိုက်သွားတဲ့ သတင်း တွေ မြောက်မြားစွာရှိတယ်။ ဒါလေး ကို သူ ပါးပါးနပ်နပ် ရှောင်လွှဲ တာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တို့နဲ့တော့ အဆက်အသွယ်တော့ မပြတ် ပါဘူး။ လက်ရှိအခြေအနေအရ သူက ဘယ်ထဲမှ မပါဝင်သေးဘူးဆိုတဲ့ပုံစံနဲ့ အခု ပြောတာလည်း ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ မှန်ပါတယ်’ ဟု အမျိုးဘာသာ သာသနာပြန့်ပွားရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ရွာမပရိယတ္တိ စာသင်တိုက် (အင်းစိန်) ၊ နိုင်ငံတော် ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ တိလောကာ ဘိဝံသ က ဖြေကြားခဲ့သည်။
အမျိုးဘာသာသာသနာ စောင့် ရှောက်ရေးအဖွဲ့တွင် အင်းစိန်ရွာမ ဆရာတော်ကြီး က ဥက္ကဋ္ဌ၊ သီတဂူဆရာ တော်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်၍ အခြားထင်ရှားသည့် ဆရာတော်များလည်း ပါဝင် ဆောင်ရွက်နေကြောင်း သိရသည်။
သီတဂူဆရာတော် အရှင်ဉာဏိ ဿရ ၏ ထုတ်ပြန်ချက်ကို သီတဂူနှင့် ဆက်နွယ်နေသည့် ၀က်ဘ်ဆိုဒ်များ၊ ဘလော့ခ်များ၊ ဆိုရှယ်မီဒီယာပေ့ခ်ျများတွင် ဖော်ပြထားပြီး ဖတ်ရှုကြသည့် ဒါကာအများအပြားကလည်း ကောင်းချီးပေး သာဓုခေါ်လျက်ရှိသည်။
ဇော်မင်းထွန်း
The Ladies News Journal

No comments:
Post a Comment