ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့်ကျောက်စာကို နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် စိုက်ထူခွင့်ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
သီတဂူဆရာတော်ကြီး ဦးဆောင်မှုဖြင့် အဆိုပါကျောက် စာတိုင်ကို ထုဆစ်ခဲ့ပြီး ၎င်း၏ နေ အိမ်တွင် စိုက်ထူခွင့်ရရှိရန် လနှင့် ချီစောင့်ဆိုင်းလျှောက်ထားခဲ့ရာ ယခုမှ တရားဝင်ခွင့်ပြုချက်ရရှိခဲ့ ခြင်းဖြစ်သည်။
‘‘နေအိမ်အနောက်မြောက် ထောင့်မှာ စိုက်ထူခွင့်တရားဝင်ချ ပေးလိုက်ပါပြီ။ စိုက်ထူဖို့အတွက် မြေနေရာရှင်းလင်းမှုတွေ စလုပ် နေတယ်’’ဟု ဗိုလ်ချုပ်အောင် ဆန်းရာပြည့်အခမ်းအနားဖြစ် မြောက်ရေး ကော်မတီအတွင်း ရေးမှူး ဒေါက်တာစိုးမင်းက ပြော သည်။
အဆိုပါကျောက်စာမှာ အမြင့် ၆ ပေ၊ အလျား ၄ ပေ၊ ထု ၃ လက်မရှိပြီး ကုန်ကျငွေမှာ ကျပ်သိန်းတစ်ရာကျော်ရှိသည်ဟု ၎င်းက ပြောသည်။
မန္တလေးမြို့မှ ဒသဝတီ ဦးဝင်းမောင်က ဒီဇိုင်း၊ ပန်းထိမ်နှင့် ကြေးသွန်းပညာရှင်သုံးဦးနှင့်အတူလက်ခအခမဲ့ထုဆစ်ပေးထားခြင်းဖြစ်သည်။
ကျောက်စာတွင် ရေးထိုး မည့်စာများကို သီတဂူဆရာတော် ကြီးက ရေးသားခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်း၏လုပ်ဆောင်ချက် များ၊ ဂုဏ်ကျေးဇူးများကိုပေါ်လွင် စေမည့် အကြောင်းအရာများ ပါဝင်မည်ဖြစ်သည်။
ကနဦးတွင် အဆိုပါ ကျောက်စာကို ပြတိုက်အင်္ဂါရပ်ထိခိုက်နိုင်သည်ဟုဆိုကာ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်အတွင်း စိုက်ထူခွင့်ပေးခြင်းမရှိသောကြောင့် ဦးဆောင်သူများက ပြတိုက်ခြံပြင်ပ၌ စိုက်ထူရန်လျာ ထားသတ်မှတ်ခဲ့ကြသည်။
‘‘ပြတိုက်ပုံရိပ်ကို မထိခိုက် နိုင်လို့ တောင်းဆိုတဲ့အတိုင်း ခွင့် ပြုလိုက်တဲ့သဘောပါ’’ဟု ယဉ် ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းကျောက်စာစိုက်ထူရန် ယခုလ ၂၁ ရက်တွင် ခွင့်ပြုချက် ရရှိရာ မြေနေရာ၌ ပန္နက်ချသွား မည်ဖြစ်ပြီး လကုန်တွင် မန္တလေးမြို့မှ သွားရောက်သယ်ဆောင်မည်ဟု သတင်းရရှိသည်။
ကျောက်စာတိုင်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်တွင် သီတဂူ ဆရာတော်ကြီးဦးဆောင်၍ တက်ရောက်လာမည့် ဗိုလ်ချုပ်အောင်ဆန်းသား၊သမီးနှင့် နိုင်ငံအကြီးအကဲများက စုပေါင်းဖွင့်လှစ်ပေးသွားရန် စီစဉ်ထားသည်ဟု ဒေါက်တာစိုးမင်းက ပြောသည်။
Credit - 7DAY DAILY
No comments:
Post a Comment