Written by
ပေကျင်း
တရုတ်နိုင်ငံတွင် အစိုးရဌာနဆိုင်ရာအရှိများအနေဖြင့် တန်ဖိုးထိန်းသိမ်းမှုအားကောင်းရေးနှင့် အကျင့်ပျက်အဂတိလိုက်စားမှုများကို ရှောင်ကြဉ်နိုင်ရေးတို့အတွက် စာများများဖတ်ဖို့ လိုကြောင်း နိုင်ငံပိုင်သတင်းဌာနက တိုက်တွန်းလိုက်သည်။
ရှန်ကျင်းတာဝန်ရှိသူတစ်ဦး၏ ဖြစ်ရပ်ကို ကိုးကားကာ နိုင်ငံပိုင်သတင်းဌာနက ယခုသီတင်းပတ်အတွင်း ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ယင်းတာဝန်ရှိသူ၏ စာအုပ်စင်တွင် စာအုပ်တစ်အုပ်မှ မရှိဘဲ အရက်ပုလင်းများနှင့် ပန်းချီလက်ရာများဖြင့်သာ အပြည့်ရှိနေခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအရ အရာရှိအရာခံများအနေဖြင့် အထိန်းအကွပ်မဲ့ပြီး အလျှံပယ်ဘဝနေထိုင်မှုပုံစံများကို မလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
ပြီးခဲ့သည့် မတ်လအတွင်းက အရာရှိအရာခံတစ်ဦးဖြစ်သူ ကျိအန်းဆိုသူကို အလွန်အကျွံလာဘ်စားမှု၊ လောင်းကစားနှင့် လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခဲ့ သည်။ ကျိအန်း၏ အိမ်သို့ စစ်ဆေးခဲ့သည့် ထောက်လှမ်းရေးတစ်ဦး၏ ပြောကြားချက်အရ ”တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးအိမ်ကောင်းပါ။ ဒါပေမယ့် အိမ်ကြီးတစ်အိမ်လုံးမှာ စာအုပ်တစ်အုပ်တစ်လေတောင် မတွေ့ရဘူး။” ဟု ပြောခဲ့သည်။
ကျိအန်း၏ စာအုပ်စင်တွင်လည်း တန်ဖိုးကြီးဝီစကီပုလင်းများ၊ ကျောက်မျက်စီခြယ်အလှထည်များ၊ ပန်းချီကားများနှင့် လက်ရေးလှပုံကားများကို သာတွေ့ရကြောင်း ယင်းထောက်လှမ်းရေးအရာရှိက ပြောသည်။
”စာဖတ်ခြင်းကို အရာရှိများအနေနဲ့ လုပ်ကြရမှာဖြစ်တယ်။ အကျင့်စာရိတ္တပိုင်း၊ ကမ္ဘာအမြင်၊ စံတန်ဖိုးတွေနဲ့ အာဏာအပေါ်သဘောပေါက်မှုတို့အတွက် အရာရှိများ အနေနဲ့ စာများများဖတ်ဖို့လိုပါတယ်။”ဟု ဆင်ဟွာမှ အာဘော်ရေးသားသူ မစ္စတာကျန်းယုရှန်းက ဆိုထားပါတယ်။
သမ္မတရှီကျင့်ဖျင်က ၂၀၁၂ခုနှစ်က ရာထူးလက်ခံပြီးနောက်ပိုင်းမှာ တရုတ်နိုင်ငံတွင်း အကျင့်ပျက်ခြစားမှုကို အမြစ်ဖြုတ်သွားရန် သံန္နိဌာန်ချမှတ် လုပ်ဆောင်လျက် ရှိနေသည်။
Ref: BBC
Credit - Mizzima News
No comments:
Post a Comment